ကမ္ဘာဦး 3:21Judson Bibleထာဝရအရှင်ဘုရားသခင်သည်လည်း၊ လူလင်မယားဖို့သားရေဖြင့် ၀တ်လုံကိုလုပ်၍ ဝတ်ခြုံစေတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကြောင့် ငါသည် အလွန်ဝမ်းမြောက်၍၊ ငါ၏ဘုရားသခင်ကြောင့် ငါ့ဝိညာဉ်သည် ရွှင်လန်းမည်။ အကြောင်းမူကား၊ မင်္ဂလာဆောင်လုလင်သည် ပေါင်းသရဖူကို ဆောင်းသကဲ့သို့လည်းကောင်း၊ မင်္ဂလာဆောင်သတို့သမီးသည် တန်ဆာဆင်သကဲ့သို့လည်းကောင်း၊ ကယ်တင်ခြင်းအဝတ်တန်ဆာနှင့် ငါ့ကိုဝတ်ဆင်စေ၍၊ ဖြောင့်မတ်ခြင်းဝတ်လုံနှင့် ခြုံတော်မူပြီ။