Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 3:14

Judson Bible

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြွေ​ကို​ခေါ်၍ သင်​သည် ဤ​အ​မှု​ကို​ပြု​သော​ကြောင့်၊ သား​ယဉ်​သား​ရဲ​အ​ပေါင်း​တို့​ထက် ကျိန်​ခြင်း​ကို​ခံ​ရ၏။ သင်​သည် ဝမ်း​ဖြင့်​သွား၍ မြေ​မှုန့်​ကို တစ်​သက်​လုံး​စား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

မြွေ​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော မြေ​တိ​ရ​စ္ဆာန်​တ​ကာ​တို့​ထက် လိ​မ္မာ​သည်​ဖြစ်​၍၊ မိန်း​မ​အား၊ သင်​တို့​သည် ဥ​ယျာဉ်၌​ရှိ​သ​မျှ​သော​အ​ပင်​တို့၏​အ​သီး​ကို​မ​စား​ရ​ဟု ဧ​ကန်​စင်​စစ် ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သ​လော​ဟု မေး၏။

သို့​ဖြစ်၍ သင့်​ညီ၏​အ​သွေး​ကို​ခံ​ယူ​ခြင်း​ငှာ၊ မိ​မိ​ပါး​စပ်​ကို​ဖွင့်​သော မြေ​ကြီး၏​ကျိန်​ခြင်း​ကို သင်​သည်​ခံ​ရ​သော​ကြောင့်၊

အ​ကြင်​သူ​သည် လူ၏​အ​သွေး​ကို​သွန်း၏။ ထို​သူ၏​အ​သွေး​ကို လူ​လက်​ဖြင့်​သွန်း​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ လူ​ကို ဖန်​ဆင်း​တော်​မူ၏။

တော​တွင်း​သား​တို့​သည် ရှေ့​တော်၌ ဦး​ချ၍၊ ရန်​သူ​တို့​သည်​လည်း မြေ​မှုန့်​ကို​လျက်​ကြ​လိမ့်​မည်။

သင်​သည် နှိမ့်​ချ​ခြင်း​ကို​ခံ၍ မြေ​ထဲ​က ပြော​ရ​လိမ့်​မည်။ မြေ​မှုန့်​ထဲ​က ငယ်​သော​အ​သံ​နှင့် မြွက်​ရ​လိမ့်​မည်။ သင်​ပြော​သော​အ​သံ​သည် နတ်​ဝင်​သူ​ပြော​သံ​ကဲ့​သို့ မြေ​ထဲ​က​ထွက်၍၊ သင်​သည် မြေ​မှုန့်​ထဲ​က အ​သံ​သေး​နှင့် တိုး​တိုး မြွက်​ဆို​ရ​လိမ့်​မည်။

တော​ခွေး​နှင့် သိုး​သ​ငယ်​တို့​သည် အ​တူ​ကျက်​စား​ကြ​လိမ့်​မည်။ ခြင်္သေ့​သည် နွား​ကဲ့​သို့ မြက်​ကို​စား​လိမ့်​မည်။ မြွေ​မူ​ကား၊ မြေ​မှုန့်​ကို​သာ စား​ရ​လိမ့်​မည်။ ငါ၏​သန့်​ရှင်း​သော​တောင်​တစ်​ပြင်​လုံး၌ အ​ချင်း​ချင်း ညှဉ်း​ဆဲ​ခြင်း၊ ဖျက်​ဆီး​ခြင်း​ကို မ​ပြု​ရ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​အ​ကြောင်း​ကြောင့်၊ စင်​ကြယ်​သော​သား၊ မ​စင်​ကြယ်​သော​သား၊ စင်​ကြယ်​သော​ငှက်၊ မ​စင်​ကြယ်​သော​ငှက်​တို့​ကို ပိုင်း​ခြား​ရ​မည်။ ငါ​ခွဲ​ထား​သည်​အ​တိုင်း၊ မ​စင်​ကြယ်​သော​သား၊ ငှက်၊ မြေ​ပေါ်​မှာ​တွား​တတ်​သော တိ​ရ​စ္ဆာန်​တစ်​စုံ​တစ်​ခု​အား​ဖြင့် ကိုယ်​ကို​ကိုယ်​ရွံ​ရှာ​ဖွယ်​မ​ဖြစ်​စေ​ရ။

မြွေ​ကဲ့​သို့ မြေ​မှုန့်​ကို​လျက်၍၊ တီ​ကဲ့​သို့​တွင်း​ထဲ​က တုန်​လှုပ်​လျက် ထွက်​ကြ​လိမ့်​မည်။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ သင့်​ကို​လည်း​ကောင်း ကြောက်​ရွံ့​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ