Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 3:13

Judson Bible

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် အ​ဘယ်​သို့​ပြု​ပြီး​သ​နည်း​ဟု မိန်း​မ​အား​မေး​တော်​မူ​လျှင်၊ မိန်း​မ​က မြွေ​သည် ကျွန်​တော်​မ​ကို​လှည့်​စား၍၊ ကျွန်​တော်​မ​သည်​စား​မိ​ပါ​ပြီ​ဟု လျှောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဖာ​ရော​ဘု​ရင်​သည်​လည်း​အာ​ဗြံ​ကို​ခေါ်၍၊ သင်​သည်​ငါ၌​ပြု​သော​အ​မှု​ကား အ​ဘယ်​သို့​နည်း။ သူ​သည်​သင်၏​မ​ယား​ဖြစ်​ကြောင်း​ကို၊ ငါ​အား​အ​ဘယ်​ကြောင့် မ​ပြော​သ​နည်း။

ယော​သပ်​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ပြီး​သ​နည်း။ ငါ​ကဲ့​သို့​သော​ယောက်ျား​သည် ထူး​ဆန်း​သော​ဉာဏ်​ရှိ​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သ​လော​ဟု ဆို၏။

ယွာ​ဘ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့​ဝင်၍၊ ကိုယ်​တော်​သည် အ​ဘယ်​သို့​ပြု​တော်​မူ​သ​နည်း။ အာ​ဗ​နာ​သည် အ​ထံ​တော်​သို့​လာ​ပြီး​မှ တစ်​ဖန် အ​လွတ်​သွား​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် လွှတ်​လိုက်​တော်​မူ​သ​နည်း။

ပ​ရော​ဖက်​က​လည်း၊ ငါ​သည် သင်​ကဲ့​သို့​ပ​ရော​ဖက်​ဖြစ်၏။ သင်​သည် မုန့်​ကို​စား၍ ရေ​ကို​သောက်​စေ​ခြင်း​ငှာ သင့်​ကို​ငါ့​အိမ်​သို့ ခေါ်​ရ​မည်​အ​ကြောင်း၊ ကောင်း​ကင်​တ​မန်​သည် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​အား​ဖြင့် မှာ​ထား​ပြီ​ဟု မု​သား​သုံး၍​ပြော​ဆို၏။

သား​မိန်း​မ​ကို​ဖွား​မြင်​လျှင်၊ ဥ​တု​ရောက်​သ​ကဲ့​သို့ တစ်​ဆယ်​လေး​ရက်​ပတ်​လုံး မ​စင်​ကြယ်​နေ​ရ​မည်။ စင်​ကြယ်​စေ​ခြင်း​နှင့် ဆိုင်​သော​အ​သွေး​ရှိ၍၊ အ​ရက်​ခြောက်​ဆယ်​ခြောက်​ရက်​ပတ်​လုံး နေ​ရ​မည်။

ထို​သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့၍၊ သင်​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု မေး​ကြ၏။ ယော​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ မိ​မိ​ပြေး​ကြောင်း​ကို ဖော်​ပြ​သော​ကြောင့် သူ​တို့​သိ​ကြ၏။

ပိ​လတ်​မင်း​က၊ ငါ​သည်​ယု​ဒ​လူ​ဖြစ်​သ​လော။ သင်၏​လူ​မျိုး​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် သင့်​ကို​ငါ၌​အပ်​ကြ​ပြီ။ သင်​သည် အ​ဘယ်​သို့​ပြု​မိ​သ​နည်း​ဟု မေး​လျှင်၊-

အ​ပြစ်​တ​ရား​သည် ပ​ညတ်​တ​ရား​အား​ဖြင့် အ​ခွင့်​ရ​လျှင်၊ ငါ့​ကို​လှည့်​ဖြား၍ ထို​တ​ရား​အား​ဖြင့် ငါ့​ကို​သတ်​လေ၏။-

မြွေ​သည် မိ​မိ​ပ​ရိ​ယာယ်​အား​ဖြင့် ဧ​ဝ​ကို​လှည့်​စား​သ​ကဲ့​သို့၊ သင်​တို့​သည် စိတ်​ဆွေး​မြေ့​ယို​ယွင်း၍၊ ခ​ရစ်​တော်​ကို အ​ကြွင်း​မဲ့​ချစ်​သော​စိတ် ပျောက်​မည်​ဟု စိုး​ရိမ်​ခြင်း​ရှိ၏။-

ထို​မှ​တစ်​ပါး၊ အာ​ဒံ​သည် လှည့်​ဖြား​ခြင်း​ကို​မ​ခံ၊ မိန်း​မ​သည် လှည့်​ဖြား​ခြင်း​ကို​ခံ၍ လွန်​ကျူး၏။-

ရှ​မွေ​လ​က၊ သင်​သည် အ​ဘယ်​သို့​ပြု​သ​နည်း​ဟု​မေး​သော်၊ ရှော​လု​က၊ လူ​များ​တို့​သည် အ​ကျွန်ုပ်​ထံ​မှ ထွက်​ပြေး​ကြောင်း၊ ကိုယ်​တော်​သည် ချိန်း​ချက်​သော​အ​ချိန်၌ မ​ရောက်​ကြောင်း၊ ဖိ​လိ​တ္တိ​လူ​တို့​သည် မိတ်​မတ်​မြို့၌ စု​ဝေး​ကြောင်း​များ​ကို သိ​မြင်​သော​အ​ခါ၊

ရှော​လု​က၊ အာ​မ​လက်​ပြည်​မှ ဆောင်​ခဲ့​ပါ​ပြီ။ လူ​များ​တို့​သည် ကိုယ်​တော်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​လို​သော​ငှာ အ​ကောင်း​ဆုံး​သော သိုး​နွား​တို့​ကို နှ​မြော၍၊ ကြွင်း​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ပါ​ပြီ​ဟု ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ