သူသည်မာပါ၏လောဟု တစ်ဖန်မေးပြန်လျှင်၊ မာပါ၏။ သူ၏သမီးရာခေလသည် သိုးများနှင့်တကွလာလိမ့်မည်ဟု ဆိုကြလေ၏။
ယာကုပ်ကလည်း၊ နေ့အချိန် အလွန်များစွာရှိသေး၏။ သိုးတို့ကို စုဝေးရာအချိန်မဟုတ်သေး။ ရေတိုက်ပြီးလျှင်၊ သွား၍ထိန်းကြဦးလော့ဟု ဆိုလေ၏။
အဘကသွားပါ၊ အစ်ကိုတို့သည် ချမ်းသာသလော၊ သိုးဆိတ်တို့လည်း ကောင်းမွန်စွာရှိသလောဟူ၍ ကြည့်ရှုပြီးလျှင်၊ ငါ့အားသတင်းကြားပြောပါဟု မှာလိုက်လျက်၊ ဟေဗြုန်ချိုင့်မှစေလွှတ်သဖြင့်၊ သူသည် ရှေခင်မြို့သို့ရောက်လေ၏။
ယောသပ်သည်နှုတ်ဆက်ပြီးလျှင်၊ သင်တို့အဘတည်းဟူသော သင်တို့အရင်ပြောသော အသက်ကြီးသူသည် ကျန်းမာပါ၏လော။ အသက်ရှင်သေး၏လောဟုမေးလျှင်၊
ယွာဘကလည်း၊ မာ၏လားငါ့ညီဟု အာမသကိုမေး၍ နမ်းဟန်ဆောင်လျက် လက်ယာလက်နှင့် အာမသ၏မုတ်ဆိတ်ကို ကိုင်၏။
မောရှေသည်ယောက္ခမကို ခရီးဦးကြိုပြုခြင်းငှာထွက်၍ ဦးချနမ်းရှုပ်လျက်၊ ကျန်းမာကြောင်းကို တစ်ယောက်နှင့် တစ်ယောက်မေးမြန်းလျက် တဲသို့ဝင်ကြ၏။
ထိုအခါ မိဒျန်ယဇ်ပုရောဟိတ်၏သမီး ညီအစ်မခုနစ်ယောက်တို့သည်၊ မိမိတို့အဘ၏သိုးဆိတ်များကို ရေတိုက်ခြင်းငှာလာ၍ရေခပ်ပြီးလျှင်၊ ရေသောက်ခွက်တို့၌ လောင်းကြ၏။
ဒါဝိဒ်သည် မိမိ၌ပါသောအရာတို့ကို ရိက္ခာစောင့်လက်၌ အပ်ထားပြီးလျှင်၊ တပ်သားစုထဲသို့ပြေး၍ မိမိအစ်ကိုတို့ကို နှုတ်ဆက်၏။
လုလင်တစ်ကျိပ်တို့ကိုခေါ်၍ နာဗလရှိရာ ကရမေလမြို့သို့ သွားကြတော့။