တစ်ဖန်ယာကုပ်က၊ နာခေါ်သားလာဗန်ကို သိသလောဟုမေးလျှင်၊ သိ၏ဟုပြန်ဆိုသော်၊
ထိုသို့လျှောက်ဆို၍မပြီးမီ၊ အာဗြဟံအစ်ကိုနာခေါ်မယား၊ မိလခါသား၊ ဗေသွေလ၏သမီးရေဗက္ကသည်၊ ရေဘူးကိုထမ်းလျက် ထွက်လာသည်ကိုမြင်၏။
မိန်းမက၊ ကျွန်ုပ်သည် နာခေါ်၏မယားမိလခါဖွားမြင်သော၊ ဗေသွေလ၏သမီးဖြစ်သည်ဟူ၍လည်းကောင်း၊
ရေဗက္က၌ လာဗန်အမည်ရှိသော မောင်တစ်ယောက်ရှိ၏။ လာဗန်သည် ယောက်ျားရှိရာ ရေတွင်းသို့ပြေး၏။
အာဗြဟံ၏ဘုရားသခင်၊ နာခေါ်၏ဘုရားသခင်၊ သင့်အဘ၏ဘုရားသခင်သည် ငါတို့စပ်ကြား၌ စီရင်တော်မူစေသတည်းဟူ၍လည်းကောင်း၊ ယာကုပ်အားဆို၏။ ယာကုပ်သည်လည်း၊ မိမိအဘကြောက်ရွံ့ရာ ဘုရားကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလေ၏။