ယာကုပ်သည် ရာခေလကိုချစ်သောကြောင့်၊ လာဗန်အား၊ ဦးမင်းသမီးအငယ်ရာခေလကိုရခြင်းငှာ၊ ခုနစ်နှစ်အစေခံပါမည်ဟုဆိုလျှင်၊
ဣဇာက်သည် မိမိအမိစာရာ၏တဲသို့ ရေဗက္ကကိုဆောင်ယူ၍ စုံဖက်လေ၏။ ရေဗက္ကကိုချစ်နှစ်မြို့သဖြင့်၊ အမိသေသောအမှု၌ သက်သာခြင်းသို့ရောက်လေ၏။
လာဗန်က၊ အခြားသောသူအား ပေးစားသည်ထက်၊ သင့်အားပေးစားသော် သာ၍ကောင်း၏။ ငါနှင့်အတူနေလော့ဟုဆို၏။
ယာကုပ်သည်လည်း၊ ရာခေလကိုရခြင်းငှာ ခုနစ်နှစ်အစေခံလေ၏။ ရာခေလကိုချစ်သောကြောင့်၊ ခုနစ်နှစ်ကို နည်းသောနေ့ရက်ကဲ့သို့ထင်မှတ်သတည်း။
ယာကုပ်သည် ရာခေလနှင့်ဆက်ဆံ၍၊ လေအာကိုချစ်သည်ထက်သာ၍ချစ်၏။ လာဗန်ထံမှာ တစ်ဖန်ခုနစ်နှစ်အစေခံလေ၏။
ကျွန်ုပ်သည်အစေခံ၍ရသော မယားနှင့်သားတို့ကိုဆောင်ယူ၍၊ သွားရသောအခွင့်ကိုပေးပါလော့။ ကျွန်ုပ်အစေခံသည်အကြောင်းကို အဘသိပါသည်ဟု လာဗန်အားဆိုလျှင်၊
ထိုသို့၊ ကျွန်ုပ်သည်အနှစ်နှစ်ဆယ်ပတ်လုံး သင်၏အိမ်၌နေ၍၊ သင်၏သမီးနှစ်ယောက်အတွက်ကြောင့် ဆယ်လေးနှစ်၊ သိုးဆိတ်တို့အတွက်ကြောင့် ခြောက်နှစ်အစေခံရပြီ။ သို့ရာတွင်သင်သည်၊ ကျွန်ုပ်အခကို ဆယ်ကြိမ်လဲပြီတကား။
ကန်တော့ဥစ္စာဖြစ်စေ၊ လက်ဆောင်ပဏ္ဏာဖြစ်စေ၊ နည်းများမဆို၊ တောင်းသည်အတိုင်းပေးပါမည်။ ဤမိန်းမကိုသာ ငါ့အားထိမ်းမြားပေးစားကြပါဟု၊ မိန်းမ၏အဘနှင့် မောင်တို့အားဆိုလေ၏။
ဒါဝိဒ်သည်လည်း သံတမန်တို့ကို ရှောလုသား ဣရှဗောရှက်ထံသို့ စေလွှတ်၍၊ ငါသည် ဖိလိတ္တိလူအရေဖျားတစ်ရာနှင့် ဝယ်ယူသော ငါ့မယားမိခါလကို အပ်လိုက်ရမည်ဟု မှာလိုက်သည်အတိုင်း၊
ယာကုပ်သည် ရှုရိပြည်သို့ ပြေး၏။ ဣသရေလသည် မယားကိုရခြင်းငှာ အစေကျွန်ခံ၍ သိုးစုကို ထိန်းရလေ၏။
ထိုမိန်းမကို ငွေတစ်ဆယ်ငါးကျပ်၊ မုယောဆန်တစ်ဟောမဲခွဲနှင့် ငါရွေးပြီးမှ၊