Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 29:16

Judson Bible

ထို​အ​ခါ လာ​ဗန်၌ သ​မီး​နှစ်​ယောက်​ရှိ၏။ အ​ကြီး​ကား၊ လေ​အာ​အ​မည်​ရှိ၏။ အ​ငယ်​ကား၊ ရာ​ခေ​လ​အ​မည်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​သည် တစ်​လ​ခန့်​မျှ​နေ​ပြီး​မှ၊ လာ​ဗန်​က၊ သင်​သည် ငါ့​တူ​ဖြစ်​သော​ကြောင့်၊ အ​ကျိုး​မဲ့​ကျွန်​ခံ​ရ​ပါ​မည်​လော။ ခံ​လို​သော​အ​ခ​ကို ငါ့​အား​ပြော​လော့​ဟု ဆို​လေ​၏။

လေ​အာ​ကား၊ မျက်​စိ​နု​ညံ့၏။ ရာ​ခေ​လ​ကား၊ ပုံ​ပြင်​ယဉ်​ကျေး၍ အ​သွေး​အ​ဆင်း​လည်း​လှ၏။

တစ်​ဖန်​လေ​အာ​သည် ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍၊ ယာ​ကုပ်​အား ဆ​ဌ​မ​သား​ကို​ဖွား​မြင်​လေ​သော်၊

ယာ​ကုပ်​သည် လူ​ကို​စေ​လွှတ်၍၊ ရာ​ခေ​လ​နှင့် လေ​အာ​ကို၊ သိုး​စု​ရှိ​ရာ​တော​သို့​ခေါ်​ပြီး​လျှင်၊

ကျွန်​မ​နှစ်​ယောက်​ကို​ကား၊ သူ​တို့​သား​များ​နှင့်​ရှေ့​က​နေ​စေ၍၊ လေ​အာ​နှင့်​သူ၏​သား​တို့​ကို အ​လယ်၌​လည်း​ကောင်း၊ ရာ​ခေ​လ​နှင့် ယော​သပ်​ကို​နောက်၌​လည်း​ကောင်း ထား​လေ​၏။

ယာ​ကုပ်​သား​တစ်​ကျိပ်​နှစ်​ပါး​ရှိ၏။ လေ​အာ​တွင်​မြင်​သော​သား​ကား၊ ယာ​ကုပ်၏​သား​ဦး ရု​ဗင်၊ အ​စ​ရှိ​သော​ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ဇာ​ဗု​လုန်​တည်း။

ဤ​သူ​တို့​ကား၊ ယာ​ကုပ်​မ​ယား​လေ​အာ​သည် ပါ​ဒ​နာ​ရံ​အ​ရပ်၌ ဖွား​သော သား​တည်း။ သ​မီး​ဒိ​န​နှင့်​တ​ကွ၊ သား​သ​မီး​ပေါင်း​သုံး​ဆယ်​သုံး။

ထို​မြေ​တွင်း၌ အာ​ဗြ​ဟံ​နှင့်​မ​ယား​စာ​ရာ​ကို သင်္ဂြိုဟ်​ကြ​ပြီ။ ဣ​ဇာက်​နှင့် မ​ယား​ရေ​ဗ​က္က​ကို​လည်း​သင်္ဂြိုဟ်​ကြ​ပြီ။ လေ​အာ​ကို​လည်း​ငါ​သင်္ဂြိုဟ်​ပြီ။

တံ​ခါး​ဝ၌​ရှိ​သော အ​သက်​ကြီး​သူ​များ၊ လူ​များ​အ​ပေါင်း​တို့​က​လည်း၊ ငါ​တို့​သည် သက်​သေ​ဖြစ်​ကြ၏။ သင့်​အိမ်​သို့​ရောက်​သော ဤ​မိန်း​မ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို တည်​ထောင်​သော မိန်း​မ​နှစ်​ယောက်၊ ရာ​ခေ​လ​နှင့် လေ​အာ​ကဲ့​သို့ ဖြစ်​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​ပါ​စေ​သော။ သင်​သည်​လည်း ဧ​ဖ​ရတ်​အ​ရပ်၌ အ​စွမ်း​သ​တ္တိ​နှင့်​ပြည့်​စုံ၍ ဗက်​လင်​မြို့၌ အ​သ​ရေ​ကျော်​စော​ခြင်း ရှိ​ပါ​စေ​သော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ