ရေဗက္ကသည် သားယာကုပ်ကိုခေါ်၍၊
ဣဇာက်သည်၊ ဧသောပေးသောအမဲသားကိုစားလေ့ရှိသောကြောင့် သူ့ကိုချစ်၏။ ရေဗက္ကမူကား ယာကုပ်ကိုချစ်၏။
ထိုသို့ ဣဇာက်သည် သားဧသောအားပြောဆိုသောစကားကို၊ ရေဗက္ကကြားသည်ဖြစ်၍၊ ဧသောသည် အမဲသားကိုရအောင် တောသို့အရှာသွားစဉ်တွင်၊
သင်၏အဘက၊ ငါမသေမီ ထာဝရဘုရား၏ရှေ့တော်မှာ သင့်ကို ငါကောင်းချီးပေးမည်အကြောင်း၊ ငါစားစရာဖို့အမဲသားကိုယူခဲ့၍၊ အမဲဟင်းလျာကိုချက်ပါဟု သင်၏အစ်ကိုဧသောအားပြောသည်ကို ငါကြားပြီ။