Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 27:43

Judson Bible

ထို​ကြောင့်၊ ငါ့​သား၊ ငါ့​စ​ကား​ကို နား​ထောင်​ပါ။ ငါ့​မောင်​လာ​ဗန်​နေ​ရာ ခါ​ရန်​မြို့​သို့​ထ၍ ပြေး​သွား​ပါ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

တေ​ရ​သည် သား​အာ​ဗြံ​ကို​လည်း​ကောင်း၊ ခါ​ရန်၏​သား​ဖြစ်​သော မြေး​လော​တ​ကို​လည်း​ကောင်း၊ သား​အာ​ဗြံ၏​မ​ယား​ဖြစ်​သော မိ​မိ​ချွေး​မ​စာ​ရဲ​ကို​လည်း​ကောင်း​ခေါ်၍၊ သူ​တို့​သည် ခါ​နာန်​ပြည်​သို့ သွား​ခြင်း​ငှာ၊ ခါ​လ​ဒဲ​ပြည်​သား​တို့​နေ​သော ဥ​ရ​မြို့​မှ​ထွက်​သ​ဖြင့်၊ ခါ​ရန်​မြို့​သို့​ရောက်၍​နေ​ကြ၏။

ရေ​ဗ​က္က၌ လာ​ဗန်​အ​မည်​ရှိ​သော မောင်​တစ်​ယောက်​ရှိ၏။ လာ​ဗန်​သည် ယောက်ျား​ရှိ​ရာ ရေ​တွင်း​သို့​ပြေး၏။

ဣ​ဇာက်​သည်၊ အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ၊ ပါ​ဒ​နာ​ရံ​အ​ရပ်​သူ၊ ရှု​ရိ​အ​မျိုး​ဗေ​သွေ​လ၏​သ​မီး၊ ရှု​ရိ​လူ​လာ​ဗန်၏​နှ​မ​ရေ​ဗ​က္က​နှင့် အိမ်​ထောင်​လေ၏။

အ​မိ​ရေ​ဗ​က္က​က​လည်း၊ ငါ့​သား၊ သင်​ခံ​ရ​သော​ကျိန်​ခြင်း​အ​မင်္ဂ​လာ​သည် ငါ၌​သင့်​ရောက်​ပါ​စေ။ ငါ့​စ​ကား​ကို​နား​ထောင်၍ ဆိတ်​သ​ငယ်​တို့​ကို​သာ​ယူ​ခဲ့​ပါ​ဟု ဆို​သည်​အ​တိုင်း၊

ထို​သို့​သား​ကြီး ဧ​သော​ပြော​သော​စ​ကား​ကို အ​မိ​ရေ​ဗ​က္က​ကြား​လျှင်၊ သား​ငယ်​ယာ​ကုပ်​ကို​ခေါ်၍၊ သင်၏​အစ်​ကို​ဧ​သော​သည် သင့်​ကို​သတ်​သ​ဖြင့်၊ သင့်​အ​မှု၌​စိတ်​ပြေ​လိမ့်​မည်။

သို့​ဖြစ်၍ ငါ့​သား၊ ငါ​မှာ​ထား​သ​မျှ​သော​စ​ကား​ကို နား​ထောင်​ပါ​လော့။

ယာ​ကုပ်​သည် ဗေ​ရ​ရှေ​ဘ​ရွာ​မှ​ထွက်၍၊ ခါ​ရန်​ပြည်​သို့​ခ​ရီး​သွား​စဉ်​တွင်၊

ထို​သို့​ယာ​ကုပ်​နှင့် ဧ​သော၏​အ​မိ၊ ရေ​ဗ​က္က၏​မောင်၊ ရှု​ရိ​လူ​ဗေ​သွေ​လ​သား လာ​ဗန်​နေ​ရာ ပါ​ဒ​နာ​ရံ​ပြည်​သို့ ယာ​ကုပ်​သွား​လေ၏။

ယာ​ကုပ်​သည်​မိ​ဘ​စ​ကား​ကို နား​ထောင်၍၊ ပါ​ဒ​နာ​ရံ​ပြည်​သို့​သွား​ကြောင်း​ကို​လည်း​ကောင်း၊

ထို​နောက် ဘု​ရား​သ​ခင်​က၊ သင်​ထ၍​ဗေ​သ​လ​အ​ရပ်​သို့​သွား​နေ​လော့။ သင်​သည် အစ်​ကို​ဧ​သော​ထံ​မှ​ပြေး​သော​အ​ခါ၊ သင့်​အား​ထင်​ရှား​သော ဘု​ရား​သ​ခင်​အ​ဖို့၊ ထို​အ​ရပ်၌ ယဇ်​ပ​လ္လင်​ကို​တည်​လော့​ဟု၊ ယာ​ကုပ်​အား​မိန့်​တော်​မူ၏။

အ​ဘ​ကို ကျီ​စား​သော​သူ၊ အ​မိ​စ​ကား​ကို နား​မ​ထောင်၊ မ​ထီ​မဲ့​မြင်​ပြု​သော​သူ၏​မျက်​စိ​ကို ချိုင့်၌​ကျင်​လည်​သော ကျီး​အ​တို့​သည် နှိုက်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ သူ​ငယ်​တို့​သည်​လည်း စား​ကြ​လိမ့်​မည်။

စ​ပျစ်​ရည်​ကို မ​သောက်​ရ​ဟု၊ ရေ​ခပ်​သား​ယော​န​ဒပ်​သည် မိ​မိ​သား​တို့၌​ထား​သော ပ​ညတ်​စ​ကား​အ​တိုင်း၊ သူ​တို့​သည်​ကျင့်၍ ယ​နေ့​တိုင်​အောင် စ​ပျစ်​ရည်​ကို မ​သောက်​ဘဲ​နေ​လျက်၊ အ​ဘ၏​ပ​ညတ်​စ​ကား​ကို နား​ထောင်​ကြ၏။ ငါ​သည် စော​စော​ထ၍ သင်​တို့​ကို အ​ထပ်​ထပ်​ပြော​သော်​လည်း၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ။

ပေ​တ​ရု​နှင့် အ​ခြား​သော တ​မန်​တော်​တို့​က​လည်း၊ လူ၏​စ​ကား​ထက် ဘု​ရား​သ​ခင်၏​စ​ကား​တော်ကို နား​ထောင်​သင့်​ပါ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ