Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 27:2

Judson Bible

အ​ဘ​က​လည်း၊ ယ​ခု​ငါ​အို​လှ​ပြီ။ အ​ဘယ်​သော​အ​ခါ သေ​ရ​မည်​ကို​ငါ​မ​သိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

မ​သေ​မီ ငါ့​ဝိ​ညာဉ်​သည် သင့်​ကို​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ သင်၏​လက်​နက်​တည်း​ဟူ​သော လေး​နှင့်​မြား​တောင့်​ကို​ဆောင်​ယူ​လျက် တော​သို့​သွား၍၊ ငါ​စား​စ​ရာ​ဖို့ အ​မဲ​ကောင်​ကို​ရ​အောင်​ရှာ​ပြီး​လျှင်၊

ဣ​သ​ရေ​လ​သည်​သေ​ရ​သော​အ​ချိန်​နီး​သော်၊ သား​ယော​သပ်​ကို​ခေါ်၍ ငါ့​ကို​သ​နား​လျှင် သင်၏​လက်​ကို ငါ့​ပေါင်​အောက်၌ ထား​ပါ​လော့။ က​ရု​ဏာ​သ​စ္စာ​နှင့်​အ​ညီ​ငါ၌​ပြု​ပါ။ အဲ​ဂု​တ္တု​ပြည်၌ ငါ့​ကို​မ​သင်္ဂြိုဟ်​ပါ​နှင့်။

ဣ​သ​ရေ​လ​က​လည်း၊ ငါ​သေ​တော့​မည်။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ဘက်၌​ရှိ၍၊ သင်​တို့​ကို ဘိုး​ဘေး​နေ​ရာ​ပြည်​သို့ တစ်​ဖန်​ဆောင်​တော်​မူ​လိမ့်​မည်။

နက်​ဖြန်​နေ့​ကို အ​မှီ​ပြု၍ မ​ဝါ​ကြွား​နှင့်။ တစ်​ရက် အ​တွင်း​တွင် အ​ဘယ်​သို့ ဖြစ်​လိမ့်​မည်​ကို မ​သိ​နိုင်။

ဆောင်​ရွက်​စ​ရာ​အ​မှု​ရှိ​သ​မျှ​ကို ကြိုး​စား​အား​ထုတ်၍ ဆောင်​ရွက်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​ယ​ခု​သွား၍ ရောက်​ရ​လ​တ္တံ့​သော​အ​ရပ်​တည်း​ဟူ​သော မ​ရ​ဏ​နိုင်​ငံ၌ လုပ်​ဆောင်​ခြင်း​မ​ရှိ။ ကြံ​စည်​ခြင်း​မ​ရှိ။ သိ​ပ္ပံ​အ​တတ်​မ​ရှိ။ ပ​ညာ​မ​ရှိ​ပါ​တ​ကား။

ထို​ကာ​လ​အ​ခါ ဟေ​ဇ​ကိ​မင်း​သည် သေ​နာ​စွဲ​သ​ဖြင့်၊ အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် လာ၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​အိမ်​အ​မှု​ကို​စီ​ရင်​လော့။ သင်​သည် အ​သက်​မ​ရှင်၊ သေ​ရ​မည်​ဟု အ​မိန့်​တော်​ကို ပြန်​လေ၏။

အိမ်​ရှင်​သည် ညဉ့်​ဦး​အ​ချိန်၊ သန်း​ခေါင်​အ​ချိန်၊ ကြက်​ဦး​တွန်​ချိန်၊ နံ​နက်​အ​ချိန်​တို့​တွင် အ​ဘယ်​အ​ချိန်၌ လာ​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။-

နက်​ဖြန်​နေ့၌ အ​ဘယ်​သို့​ဖြစ်​မည်​ကို သင်​တို့​မ​သိ​ကြ။ သင်​တို့ အ​သက်​သည် အ​ဘယ်​သို့​သော​အ​ရာ ဖြစ်​သ​နည်း။ ခ​ဏ​ထင်​ရှား​ပြီး​မှ ကွယ်​ပျောက်​တတ်​သော အ​ခိုး​အ​ငွေ့​ဖြစ်၏။-

ဒါ​ဝိဒ်​က​လည်း၊ ကျွန်ုပ်​သည် သင်၏​မိတ်​ဆွေ​ဖြစ်​ကြောင်း​ကို သင်၏​အ​ဘ​သည် အ​မှန်​သိ​သ​ဖြင့်၊ ယော​န​သန်​စိတ်​မ​သာ ရှိ​မည်​စိုး​ရိမ်၍ သူ​သည် ဤ​အ​မှု​ကို မ​သိ​စေ​နှင့်​ဟု ပြော​ဆို​ပါ​ပြီ။ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သင့်​အ​သက်​လည်း ရှင်​သည်​အ​တိုင်း၊ ကျွန်ုပ်​နှင့် သေ​ဘေး​စပ်​ကြား​မှာ အ​သွား​တစ်​လှမ်း​သာ​ရှိ​ပါ​သည်​ဟု အ​ကျိန်​နှင့်​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ