သူသည်သွား၍ ဆိတ်သငယ်တို့ကို အမိထံသို့ ယူခဲ့သဖြင့်၊ အမိသည်လည်း အဘမြိန်ရှက်တတ်သောအမဲဟင်းလျာကို ချက်လေ၏။
ဣဇာက်သည်၊ ဧသောပေးသောအမဲသားကိုစားလေ့ရှိသောကြောင့် သူ့ကိုချစ်၏။ ရေဗက္ကမူကား ယာကုပ်ကိုချစ်၏။
အမိရေဗက္ကကလည်း၊ ငါ့သား၊ သင်ခံရသောကျိန်ခြင်းအမင်္ဂလာသည် ငါ၌သင့်ရောက်ပါစေ။ ငါ့စကားကိုနားထောင်၍ ဆိတ်သငယ်တို့ကိုသာယူခဲ့ပါဟု ဆိုသည်အတိုင်း၊
ထိုအခါရေဗက္ကသည် အိမ်တွင် မိမိလက်၌ရှိသော သားကြီးဧသော၏အဝတ်၊ ကောင်းမွန်သောအဝတ်ကိုယူ၍၊ သားငယ်ယာကုပ်ကိုဝတ်စေလျက်၊
မိမိချက်သောအမဲဟင်းနှင့်မုန့်ကို သားယာကုပ်လက်၌အပ်ပေး၏။
သူသည်လည်း အမဲဟင်းလျာကိုချက်၍ အဘထံသို့ဆောင်ခဲ့ပြီးလျှင်၊ အကျွန်ုပ်အဘ၏ဝိညာဉ်သည်၊ အကျွန်ုပ်ကိုကောင်းချီးပေးမည်အကြောင်း၊ သား၏အမဲသားကိုထ၍စားပါလော့ဟုဆိုလေ၏။
ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကိုချက်၍ ငါ့ထံသို့ယူခဲ့ပါလော့ဟု ပြောဆို၏။
သင်၏အဘက၊ ငါမသေမီ ထာဝရဘုရား၏ရှေ့တော်မှာ သင့်ကို ငါကောင်းချီးပေးမည်အကြောင်း၊ ငါစားစရာဖို့အမဲသားကိုယူခဲ့၍၊ အမဲဟင်းလျာကိုချက်ပါဟု သင်၏အစ်ကိုဧသောအားပြောသည်ကို ငါကြားပြီ။
ယခုဆိတ်စုရှိရာသို့သွား၍၊ ကောင်းသော ဆိတ်သငယ်နှစ်ကောင်ကို ငါ့ထံသို့ယူခဲ့ပါလော့။ သင်၏အဘ မြိန်ရှက်တတ်သော အမဲဟင်းလျာကို ငါချက်မည်။
ဒုစရိုက်ကို ပြုသောသူတို့နှင့်အတူ အကျွန်ုပ်ပါ၍၊ မတရားသောအမှု၊ ဒုစရိုက်အမျိုးမျိုး၌ ကျင်လည်စေခြင်းငှာ၊ အကျွန်ုပ်၏စိတ်နှလုံးကို မကောင်းသောအမှုအရာသို့ သွေးဆောင်တော်မမူပါနှင့်။ ထိုသူတို့၏ခဲဖွယ်စားဖွယ်တို့ကို အကျွန်ုပ်မစားပါစေနှင့်။
သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်၊ ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့် တွေ့ကြုံလိမ့်မည်။-