ကမ္ဘာဦး 27:12Judson Bibleကျွန်ုပ်အဘသည် ကျွန်ုပ်ကို စမ်းသပ်ကောင်းစမ်းသပ်လိမ့်မည်။ သို့ဖြစ်လျှင် ကျွန်ုပ်ကိုလှည့်စားသောသူဟူ၍ထင်သဖြင့်၊ ကျွန်ုပ်သည် မင်္ဂလာကိုမရဘဲ ကျိန်ခြင်းအမင်္ဂလာကိုသာခံရလိမ့်မည်ဟု အမိကိုဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ဧသောကလည်း၊ သူ့ကို ယာကုပ်ဟူသောအမည်ဖြင့် လျောက်ပတ်စွာမှည့်ပါပြီ မဟုတ်လော။ အကျွန်ုပ်ကို နှစ်ကြိမ်လှည့်စား၍နိုင်ပါပြီ။ သားဦးအရိုက်အရာကို အရင်ယူသွားပါပြီ။ ယခုလည်းတစ်ဖန် အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကို ယူသွားပါပြီဟူ၍လည်းကောင်း၊ အကျွန်ုပ်အဖို့ ကောင်းချီးမင်္ဂလာတစ်ပါးကိုမျှ မခြွင်းပါသလော ဟူ၍လည်းကောင်း ဆိုလေ၏။
သစ္စာကတိထားပြီးမှ မိမိသိုးစု၌ အထီးရှိလျက်ပင်လှည့်စား၍၊ ထာဝရဘုရားအား ချို့တဲ့သော အကောင်ကို ယဇ်ပူဇော်သောသူသည် အမင်္ဂလာရှိစေသတည်း။ ငါသည် ကြီးမြတ်သော ရှင်ဘုရင်ဖြစ်၏။ ငါ၏နာမတော်သည် လူအမျိုးမျိုးတို့တွင် ကြောက်မက်ဖွယ်ဖြစ်ရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။