Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 26:28

Judson Bible

ထို​သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်​မှာ​ရှိ​တော်​မူ​ကြောင်း​ကို၊ ငါ​တို့​အ​မှန် သိ​မြင်​သည်​ဖြစ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သင်​သည်၊ ငါ​နေ​သော​ခါ​နာန်​အ​မျိုး​သ​မီး​တို့​တွင်၊ ငါ့​သား​ဖို့ မ​ယား​ကို​မ​ရွေး​မ​ယူ​ဘဲ၊

ငါ့​အ​မျိုး​သား​ချင်း​တို့​ထံ​သို့​ရောက်​သော​အ​ခါ၊ သင်​သည် ငါ​ပေး​သော​ကျိန်​ဆို​ခြင်း​နှင့် ကင်း​လွတ်​စေ။ ထို​သူ​တို့​သည်​မိန်း​မ​ကို​မ​ပေး​သော်​လည်း၊ သင်​သည် ငါ​ပေး​သော​ကျိန်​ဆို​ခြင်း​နှင့် ကင်း​လွတ်​စေ​မည်​ဟု​ပြော၏။

သို့​ဖြစ်၍၊ ယ​ခု​သင်​နှင့် ငါ​စပ်​ကြား၌​သက်​သေ​ဖြစ်​စေ၍၊ ငါ​တို့​နှစ်​ယောက်​သည် ပ​ဋိ​ညာဉ်​ပြု​ကြ​စို့​ဟု ယာ​ကုပ်​အား​ပြန်​ပြော၏။

သူ့​ဘက်၌ ထာ​ဝ​ရ​ဘု​ရား​သည်​ရှိ​တော်​မူ၍၊ သူ​ပြု​လေ​ရာ​ရာ၌ အောင်​စေ​တော်​မူ​ကြောင်း​ကို သ​ခင်​လည်း​သိ​မြင်၏။

ထို​သို့​အိမ်​နှင့်​ဥ​စ္စာ​ရှိ​သ​မျှ​ကို အုပ်​စိုး​စေ​သည်​ကာ​လ​မှ​စ၍ ထာ​ဝ​ရ​ဘု​ရား​သည် ယော​သပ်​အ​တွက် ထို​အဲ​ဂု​တ္တု​သား၏​အိမ်​ကို ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ ပေး​တော်​မူ​သော​ကောင်း​ချီး​မင်္ဂ​လာ​သည် အ​တွင်း၊ ပြင်၊ ဥ​စ္စာ​ရှိ​ရှိ​သ​မျှ​အ​ပေါ်​မှာ​လည်း သက်​ရောက်​လေ၏။

ဒါ​ဝိဒ်၏​သား​တော်​ရှော​လ​မုန်​သည်၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မ​စ​တော်​မူ​ခြင်း၊ အ​လွန်​ချီး​မြှောက်​တော်​မူ​ခြင်း ကျေး​ဇူး​ကြောင့်၊ မိ​မိ​အာ​ဏာ​တော်​တည်​ကြည်​မြဲ​မြံ​သော​အ​ခါ၊

ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​သား အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​ခ​ရိုင်၊ မ​နာ​ရှေ​ခ​ရိုင်၊ ရှိ​မောင်​ခ​ရိုင်​ထဲ​က​ထွက်​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို​လည်း​ကောင်း စု​ဝေး​စေ၏။ အာ​သ​မင်း၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သူ​နှင့်​အ​တူ ရှိ​တော်​မူ​ကြောင်း​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​များ​တို့​သည် သိ​မြင်​လျှင်၊ ထို​မင်း​ဘက်​သို့ ဝင်​စား​ကြ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်၌ ဆည်း​ပူး​သော​ဥ​စ္စာ၊ ကု​ရှ​ပြည်​သား၊ အ​ရပ်​မြင့်​သော သေ​ဘ​အ​မျိုး​သား ပြု​စု​သော​ကုန်​သွယ်​ဥ​စ္စာ​သည် သင့်​ဘက်​သို့​ရောက်၍၊ သင်၏​ဥ​စ္စာ ဖြစ်​ရ​လိမ့်​မည်။ ထို​သူ​တို့​သည် သင့်​နောက်​သို့​လိုက်၍ သံ​ကြိုး​နှင့်​ချည်​နှောင်​လျက် လမ်း၌ လျှောက်​သွား​ကြ​လိမ့်​မည်။ သင့်​ရှေ့​မှာ ပျပ်​ဝပ်၍၊ အ​ကယ်​စင်​စစ် ကိုယ်​တော်၌ ဘု​ရား​သ​ခင်​ရှိ​တော်​မူ၏။ ထို​ဘု​ရား​မှ​တစ်​ပါး အ​ခြား​သာ​ဘု​ရား​သ​ခင် မည်​မျှ​မ​ရှိ​ပါ​ဟူ၍ တောင်း​ပန်​ကြ​လိမ့်​မည်။

သင့်​ကို ညှဉ်း​ဆဲ​သော​သူ​တို့၏​သား​တို့​သည် သင့်​ထံ​သို့​လာ၍ ဦး​ချ​ကြ​လိမ့်​မည်။ သင့်​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ အ​ပေါင်း​တို့​သည် သင်၏​ခြေ​ရင်း၌ ဝပ်​နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​မြို့၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏ ဇိ​အုန်​မြို့​ဟူ၍၊ သင့်​ကို သ​မုတ်​ကြ​လိမ့်​မည်။

သင်​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​ဟူ၍​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏ အ​မှု​တော်​ထမ်း​ဟူ၍​လည်း​ကောင်း သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့၏ စည်း​စိမ်​ကို​စား၍၊ သူ​တို့၏​ဘုန်း​အ​သ​ရေ၌ ဝါ​ကြွား​ဝမ်း​မြောက် ကြ​လိမ့်​မည်။

သူ​တို့​အ​မျိုး​အ​နွယ် သား​စဉ်​မြေး​ဆက်​တို့​သည် တစ်​ပါး​အ​မျိုး​သား နေ​ရာ​အ​ရပ်​ရပ်၌ ကျော်​စော​ကြ​လိမ့်​မည်။ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သော အ​မျိုး​အ​နွယ်​ဖြစ်​ကြ၏​ဟု သူ​တို့​ကို မြင်​သော​သူ​အ​ပေါင်း​တို့​သည် ဝန်​ခံ​ကြ​လိမ့်​မည်။

သို့​ဖြစ်၍ ဤ​အ​ရာ​များ​တို့၌ အ​ဘယ်​သို့ ပြော​စ​ရာ​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌ ရှိ​တော်​မူ​လျှင်၊ အ​ဘယ်​သူ​သည် ငါ​တို့​တစ်​ဖက်၌ နေ​နိုင်​မည်​နည်း။-

ထို​သို့​သူ၏ စိတ်​နှ​လုံး၌ မ​ထင်​ရှား​သော​အ​ရာ​တို့​သည် ထင်​ရှား​ပြန်၍ သူ​သည် ပျပ်​ဝပ်​လျက်၊ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် သင်​တို့​တွင် အ​မှန်​ရှိ​တော်​မူ​သည်​ဟု သက်​သေ​ခံ​လိမ့်​မည်။

သင်​တို့၏​ကျင့်​ကြံ​ပြု​မူ​ခြင်း​သည် ငွေ​ကို​တပ်​မက်​ခြင်း​နှင့် ကင်း​လွတ်၍၊ ကိုယ်၌​ရှိ​သော​ဥ​စ္စာ​နှင့် ရောင့်​ရဲ​ခြင်း​ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သင့်​ကို​မ​စွန့်၊ သင့်​ကို​အ​လျှင်း​ပစ်၍​မ​ထား​ဟု က​တိ​တော်​ရှိ၏။-

လူ​တို့​သည် မိ​မိ​ထက်​ကြီး​မြတ်​သော​သူ​ကို တိုင်​တည်၍ ကျိန်​ဆို​လေ့​ရှိ​ကြ၏။ မြဲ​မြံ​စေ​တတ်​သော အ​ကျိန်​သည် ငြင်း​ခုံ​ခြင်း​ရှိ​သ​မျှ​ကို ဖြေ​တတ်၏။-

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ယော​ရှု​ကို​ခေါ်၍ ငါ​သည် မော​ရှေ​နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ သင်​နှင့်​အ​တူ​ရှိ​သည်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိ​ကြ​မည်​အ​ကြောင်း၊ သူ​တို့​မျက်​မှောက်၌ သင့်​ကို ယ​နေ့​ငါ​ချီး​မြှင့်​စ​ပြု​မည်။

ထို​နောက်​မှ အ​မ္မုန်​အ​မျိုး​သား​နာ​ဟတ်​သည်​လာ၍ ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​အ​နား​မှာ​တပ်​ချ​လျှင်၊ မြို့​သား​အ​ပေါင်း​တို့​က အ​ကျွန်ုပ်​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​တော်​မူ​ပါ။ ကိုယ်​တော်​ထံ၌​ကျွန်​ခံ​ပါ​မည်​ဟု နာ​ဟတ်​မင်း​အား လျှောက်​သော်​လည်း၊

ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​နှင့်​အ​တူ ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​သ​မီး​သည် ချစ်​ကြောင်း​ကို​လည်း​ကောင်း၊ ရှော​လု​သည်​မြင်၍၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ