ကမ္ဘာဦး 26:18Judson Bibleထိုအခါ ဣဇာက်သည်၊ အဘအာဗြဟံကျွန်တို့တူး၍၊ အဘသေသောနောက်၊ ဖိလိတ္တိလူတို့ဖို့သောရေတွင်းတို့ကို တူးဖော်ပြန်၍၊ အထက်က အဘသမုတ်သောအမည်ဖြင့် သမုတ်လေ၏။ အခန်းကိုကြည့်ပါ။ |
တော၌လည်း ရဲတိုက်တို့ကို တည်၏။ ရေတွင်းများကိုလည်း တူး၏။ ချိုင့်ဝှမ်းရာအရပ်နှင့် မြေညီရာအရပ်၌ များစွာသော သိုးနွားတို့ကို ဆည်းပူး၍ တောင်အရပ်၊ မြေကောင်းသောအရပ်၌ လယ်လုပ်သောသူနှင့် စပျစ်ဥယျာဉ် ပြုစုသောသူတို့ကိုလည်း စေစား၏။ ထိုသို့သောအမှုများကို ဝါသနာရှိ၏။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပြည်တော်တွင် ရှိသော ရုပ်တုတို့၏နာမများကို နောက်တစ်ဖန် အဘယ်သူမျှ မမှတ်မိစေခြင်းငှာ၊ ထိုကာလ၌ ငါသုတ်သင်ပယ်ရှင်းမည်။ ပရောဖက်လုပ်သော သူတို့ကိုလည်းကောင်း၊ ညစ်ညူးသော ဝိညာဉ်ကိုလည်းကောင်း ပြည်တော်မှ နှင်ထုတ်မည်။