ထိုနောက် အာဗြဟံသည် အသက်ကြီးရင့်၍၊ အိုမင်းခြင်း၊ နေ့ရက်ကာလပြည့်စုံခြင်းနှင့်တကွ၊ အသက်ပေါင်း တစ်ရာခုနစ်ဆယ်ငါးနှစ်ရှိသော်၊
ထိုသို့ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်းလိုက်လေ၏။ အာဗြံသည် ခါရန်မြို့မှထွက်သွားသောအခါ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။
ဣဇာက်အသက်သည် အနှစ်တစ်ရာရှစ်ဆယ်ပြည့်စုံသည်ရှိသော်၊
အသက်ကြီးရင့်ရာ၊ ကာလပြည့်စုံရာ၌အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့်၊ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။ သားဧသောနှင့်ယာကုပ်တို့သည် သင်္ဂြိုဟ်ကြ၏။
ယာကုပ်သည် အဲဂုတ္တုပြည်၌ဆယ်ခုနစ်နှစ်အသက်ရှင်၍ အသက်နှစ်ပေါင်း တစ်ရာလေးဆယ်ခုနစ်နှစ်ရှိသတည်း။
ကျွန်တော်သည်ဧည့်သည်အာဂန္တုဖြစ်၍ လွန်သောအသက်သည် အနှစ်တစ်ရာသုံးဆယ်ရှိပါပြီ။ ကျွန်တော်အသက်ရှင်သောနှစ်ပေါင်းနည်း၍ ဆိုးပါ၏။ ဧည့်သည်အာဂန္တုဖြစ်သော ဘိုးဘေးတို့၏အသက်တန်းကို မမီပါဟု လျှောက်ဆိုပြီးလျှင်၊
ထိုသို့ယောသပ်သည် အသက်တစ်ရာတစ်ဆယ်ရှိသော် အနိစ္စရောက်လေ၏။ အလောင်းကိုကား၊ နံ့သာမျိုးနှင့်ပြင်ဆင်ပြီးလျှင် အဲဂုတ္တုပြည်၌ တလားနှင့်ထားကြလေ၏။ ရှင်မောရှေစီရင်ရေးထားသော ကမ္ဘာဦးကျမ်းပြီး၏။