ယုတ်ရှန်သားကား၊ ရှေဘနှင့်ဒေဒန်တည်း။ ဒေဒန်သားကား၊ အာရှုရိမ်လူ၊ လေတုရှိမ်လူ၊ လုမ်မိမ်လူတည်း။
ထိုမိန်းမသည် ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်၊ ရှုအာတို့ကို ဖွားမြင်လေ၏။
မိဒျန်သားကား၊ ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒ၊ ဧလဒါတည်း။ ထိုသူအပေါင်းတို့ကား ကေတုရအနွယ်ဖြစ်ကြသတည်း။
ဂိလဒ်ပြည်၊ အာရှာအမျိုးသားများ၊ ယေဇရေလမြို့သားများ၊ ဧဖရိမ်ခရိုင်၊ ဗင်္ယာမိန်ခရိုင်အစရှိသော ဣသရေလနိုင်ငံလုံးကို အစိုးရသော ရှင်ဘုရင်အရာ၌ ချီးမြှောက်လေ၏။
ရှေဘပြည်ကို အစိုးရသောမိဖုရားသည် ရှောလမုန်၏ဂုဏ်အသရေနှင့် ထာဝရဘုရား၏နာမတော်သတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿနာအားဖြင့် သူ့ကိုစုံစမ်းခြင်းငှာလာ၏။
တေမန်အမျိုးသား အစုအဝေးတို့သည် ရှာကြ၏။ ရှေဘပြည်မှ ခရီးသွားသောသူ အစုအဝေးတို့သည် မျှော်လင့်လျက် လာကြ၏။
တာရှုမင်းတို့နှင့် ပင်လယ်တစ်ဖက်၌ နေသောမင်းတို့သည် အခွန်သွင်း၍၊ ရှေဘမင်းနှင့် သေဘမင်းတို့သည်လည်း လက်ဆောင်ပဏ္ဏာများကို ဆက်ကြလိမ့်မည်။
အာရပ်ပြည်နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ခရီးသွားသော ဒေဒန်လူစုတို့၊ သင်တို့သည် အာရပ်တောမှာ ညကို လွန်စေရကြမည်။
ကုလားအုတ်များနှင့် မိဒျန်ပြည်၊ ဧဖာပြည်မှဖြစ်သော ကုလားအုတ်မျိုးတို့သည် သင့်ကို နှံ့ပြားကြလိမ့်မည်။ ရှေဘပြည်သား အပေါင်းတို့သည် လာကြလိမ့်မည်။ ရွှေနှင့် လောဗန်ကိုဆောင်ခဲ့၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်တို့ကို ဝမ်းမြောက်စွာ ချီးမွမ်းကြလိမ့်မည်။
ဒေဓန်ပြည်သား၊ တေမပြည်သား၊ ဗုဇပြည်သား၊ ပါးမုန်းကိုရိတ်တတ်သောပြည်သားရှိသမျှ၊
အို ဒေဒန်မြို့သူမြို့သားတို့၊ ဆုတ်၍ ပြေးသွားကြလော့။ နက်နဲသောအရပ်၌ နေကြလော့။ ဧသောတွေ့ရသောဘေး၊ ဆုံးမခြင်းကိုခံရသောအချိန်ကို ငါရောက်စေမည်။
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဧဒုံပြည်ကိုငါတိုက်၍ လူနှင့် တိရစ္ဆာန်တို့ကိုပယ်ဖြတ်မည်။ တေမန်မြို့မှစ၍ လူဆိတ်ညံစေမည်။ ဒေဒန်မြို့တိုင်အောင် ဓားဖြင့်ဆုံးရကြလိမ့်မည်။
ဒေဒန်မြို့သားတို့သည်လည်း သင်နှင့်ကုန်သွယ်ကြ၏။ များစွာသော တစ်ကျွန်းတစ်နိုင်ငံအရပ်သားတို့သည် သင်လုပ်သောဥစ္စာကိုဝယ်၍၊ ဦးချို၊ ဆင်စွယ်၊ သစ်သားနက်ကိုပြန်ပေးကြ၏။
ဒေဒန်မြို့သည် မြင်းစီးသူရဲသုံးစရာ ချောသောအထည်မျိုးကိုရောင်း၍ သင်နှင့်ကုန်သွယ်၏။
ဗာရှန်သပိတ်သစ်သားဖြင့် တက်တို့ကိုလည်းကောင်း၊ ခိတ္တိမ်ကျွန်းတို့မှ ယူခဲ့၍ ဆင်စွယ်နှင့် စီချယ်သော တာရှုရသစ်သားဖြင့် ကန့် တို့ကိုလည်းကောင်း လုပ်ကြပြီ။