မိမိအမျိုးအနွယ်အလိုက်၊ ဣရှမေလသားများအမည်ဟူမူကား၊ သားအကြီး နဗာယုတ်။ ထိုနောက်ကေဒါ၊ အာဒဗေလ၊ မိဗသံ၊
ဣရှမေလအမှု၌ကား၊ သင်၏စကားကို ငါနားထောင်၏။ သူ့ကို ငါကောင်းချီးပေး၏။ သူ့အနွယ်ကိုတိုးပွားစေ၍ သူ့ကိုအလွန်များပြားစေမည်။ သူသည် မင်းသားဆယ်နှစ်ပါးတို့၏အဘ ဖြစ်လိမ့်မည်။ ကြီးသောလူမျိုးဖြစ်စေခြင်းငှာလည်း ငါပြုမည်။
မိရှမ၊ ဒုမာ၊ မာစ၊
ဣရှမေလထံသို့သွား၍ အထက်မယားတို့မှတစ်ပါး၊ အာဗြဟံသား ဣရှမေလသမီး၊ နဗာယုတ်နှမ၊ မဟာလတ်နှင့် တစ်ဖန်အိမ်ထောင်ဖက်ပြုပြန်လေ၏။
ဣရှမေလသမီးတည်းဟူသော နဗာယုတ်နှမ ဗာရှမတ်တစ်ယောက်နှင့်လည်းကောင်း၊ အိမ်ထောင်လေ၏။
ငါသည် မေရှက်ပြည်၌ တည်းခို၍၊ ကေဒါတဲ၌နေရသည်အရာမှာ အမင်္ဂလာရှိ၏။
အိုယေရုရှလင်မြို့သမီးတို့၊ ငါသည် ကေဒတဲကဲ့သို့ မည်းသောအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ကုလားကာကဲ့သို့ တင့်တယ်သေး၏။
တောနှင့်တကွ တော၌ရှိသောမြို့ရွာ၊ ကေဒါအရပ်သားတို့သည် ကြွေးကြော်ကြစေ။ ကျောက်၌နေသော သူတို့သည် သီချင်းဆိုကြစေ။ တောင်ထိပ်ပေါ်က ကြွေးကြော်ကြစေ။
ကေဒါပြည်၏ သိုးစုအပေါင်းတို့သည် သင့်ထံမှာ စုဝေးကြလိမ့်မည်။ နဗာယုတ်ပြည်၏ ဆိတ်တို့သည် သင်၏အမှုကို ဆောင်ရွက်၍၊ နှစ်သက်ဖွယ်သောလက္ခဏာနှင့် ငါ၏ယဇ်ပလ္လင်ပေါ်သို့ တက်ကြလိမ့်မည်။ ငါ့ဘုန်း ထင်ရှားရာဗိမာန်ကို ငါသည် သာ၍ဘုန်းပွင့်စေမည်။
ခိတ္တိမ်ကျွန်းတို့သို့ ကူး၍ ကြည့်ရှုကြလော့။ ကေဒါပြည်သို့ လူကိုစေလွှတ်၍၊ ထိုသို့ဖြစ်ဖူးပြီလောဟု စေ့စေ့ကြည့်ရှုဆင်ခြင်ကြလော့။
ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလုပ်ကြံသော ကေဒါပြည်နှင့် ဟာဇော်နိုင်ငံတို့ကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထကြလော့။ ကေဒါပြည်သို့သွား၍၊ အရှေ့မျက်နှာအရပ်သားတို့ကို လုယူကြလော့။
အာရပ်ပြည်နှင့် ကေဒါမင်းအပေါင်းတို့သည် သင်လုပ်သော ဥစ္စာကိုရခြင်းငှာ သိုးသငယ်၊ သိုးထီး၊ ဆိတ်များတို့နှင့် ဖလှယ်၍ ကုန်သွယ်ကြ၏။
သို့ရာတွင် သင်တို့ရှိသမျှသည် လုယူ၍ရသော နားတောင်းတို့ကို ပေးပါမည်အကြောင်း၊ ငါတောင်းချင်သည်ဟူ၍လည်းကောင်း ဆိုလေ၏။ ရန်သူတို့သည် ဣရှမေလအမျိုးဖြစ်၍ ရွှေနားတောင်းကို ဆင်တတ်ကြသတည်း။