ကျွန်သည်လည်း၊ မိမိပြုလေသမျှတို့ကို ဣဇာက်အားကြားပြောပြီးမှ၊
ကျွန်ုပ်တို့ကို ကြိုဆိုခြင်းငှာ၊ တော၌လာသောထိုသူကား၊ အဘယ်သူနည်းဟု ကျွန်ကိုမေးလေသော်၊ ကျွန်က၊ ထိုသူသည် ကျွန်ုပ်သခင်ဖြစ်ပါ၏ဟု ပြောဆိုသောစကားကိုကြားလျှင်၊ ရေဗက္ကသည်မျက်နှာဖုံးကိုယူ၍ ဖုံးလေ၏။
ဣဇာက်သည် မိမိအမိစာရာ၏တဲသို့ ရေဗက္ကကိုဆောင်ယူ၍ စုံဖက်လေ၏။ ရေဗက္ကကိုချစ်နှစ်မြို့သဖြင့်၊ အမိသေသောအမှု၌ သက်သာခြင်းသို့ရောက်လေ၏။
တမန်တော်တို့သည် ယေရှုထံတော်၌ စုဝေး၍၊ မိမိတို့ပြုသမျှ သွန်သင်သမျှတို့ကို ကြားလျှောက်ကြ၏။-