Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 24:65

Judson Bible

ကျွန်ုပ်​တို့​ကို ကြို​ဆို​ခြင်း​ငှာ၊ တော၌​လာ​သော​ထို​သူ​ကား၊ အ​ဘယ်​သူ​နည်း​ဟု ကျွန်​ကို​မေး​လေ​သော်၊ ကျွန်​က၊ ထို​သူ​သည် ကျွန်ုပ်​သ​ခင်​ဖြစ်​ပါ၏​ဟု ပြော​ဆို​သော​စ​ကား​ကို​ကြား​လျှင်၊ ရေ​ဗ​က္က​သည်​မျက်​နှာ​ဖုံး​ကို​ယူ၍ ဖုံး​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

စာ​ရာ​ကို​လည်း၊ သင်​နှင့် သင့်​အ​ပေါင်း​အ​ဖော်​တို့​အ​ဖို့၊ မျက်​နှာ​ဖုံး​များ​ကို ဝယ်​စ​ရာ​ဖို့၊ သင်၏​မောင်​အား ငွေ​တစ်​ထောင်​ကို​ငါ​ပေး​ပြီ​ဟု အ​မိန့်​ရှိ​သ​ဖြင့်၊ သူ​သည်​လည်း အ​ရာ​ရာ၌​အ​ဆုံး​အ​မ​ခံ​ရ​၏။

ရေ​ဗ​က္က​သည်​လည်း၊ မျှော်​ကြည့်၍ ဣ​ဇာက်​ကို​မြင်​သော​အ​ခါ၊ ကု​လား​အုတ်​အ​ပေါ်​မှ​ဆင်း​ပြီး​လျှင်၊

ကျွန်​သည်​လည်း၊ မိ​မိ​ပြု​လေ​သ​မျှ​တို့​ကို ဣ​ဇာက်​အား​ကြား​ပြော​ပြီး​မှ၊

မု​ဆိုး​မ​အ​ဝတ်​ကို​ချွတ်၍ မျက်​နှာ​ဖုံး​နှင့် မျက်​နှာ​ကို​ဖုံး​လျက်၊ ကိုယ်​ကို​လည်း​ခြုံ​ရုံ​လျက်၊ တိ​မ​နတ်​မြို့​သို့​သွား​သော​လမ်း​အ​နား၊ ဧ​နိမ်​မြို့​တံ​ခါး​ဝ၌ ထိုင်​နေ​လေ၏။ အ​ကြောင်း​မူ​ကား၊ ရှေ​လ​ကြီး​သော်​လည်း၊ မိ​မိ​နှင့် အိမ်​ထောင်​ဖက်​မ​ပြု​ရ​ဟု သိ​မြင်​သော​ကြောင့်​တည်း။

လွယ်​မှန်၊ အ​တွင်း​အင်္ကျီ၊ ဦး​ရစ်၊ တင်း​တိမ်​တို့​ကို ပယ်​ရှင်း​တော်​မူ​မည်။

ကြိတ်​ဆုံ​ကို​ယူ၍ စ​ပါး​ကို ကြိတ်​လော့။ မျက်​နှာ​ဖုံး​ကို ဖွင့်​လော့။ ရှည်​သော​အင်္ကျီ​ကို ချွတ်​လော့။ ပေါင်​အ​ဝတ်​ကို​ပင့်၍ မြစ်​ကို​ကူး​လော့။

ထို​ကြောင့်၊ ကောင်း​ကင်​တ​မန်​များ​ကို ထောက်၍၊ မိန်း​မ​သည် မိ​မိ​ခေါင်း​ကို ဖုံး​ရ​မည်။

ထို​နည်း​တူ၊ မိန်း​မ​တို့​သည် ကျစ်​သော​ဆံ​ပင်၊ ရွှေ​တန်​ဆာ၊ ကျောက်​ပု​လဲ​အ​ဖိုး​ထိုက်​သော​အ​ဝတ်​နှင့် ကိုယ်​ကို မ​ဆင်​ဘဲ၊ ရှက်​ကြောက်​ခြင်း၊ ဣ​န္ဒြေ​စောင့်​ခြင်း​အား​ဖြင့်၊ လျောက်​ပတ်​သော အ​ဝတ်​နှင့်​လည်း​ကောင်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ