အာဗြဟံက၊ ထိုပြည်သို့ ငါ့သားကိုခေါ်၍မသွားနှင့်။ သတိပြုလော့။
ကျွန်ကလည်း၊ မိန်းမသည် ဤပြည်သို့ မလိုက်မလာလိုလျှင်၊ ကိုယ်တော်ထွက်လာသောပြည်သို့ ကိုယ်တော်၏သားကို တစ်ဖန်ကျွန်တော်ခေါ်သွားရပါမည်လောဟု မေးလေသော်၊
မိန်းမသည် သင်နှင့်အတူမလိုက်လိုလျှင်၊ သင်သည်၊ ယခုငါပေးသောကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေ။ ငါ့သားကို ထိုပြည်သို့ခေါ်၍ မသွားနှင့်ဟုဆိုပြီးမှ၊
ထိုကြောင့် ခရစ်တော်သည် ငါတို့ကို လွှတ်တော်မူသော လွှတ်ခြင်းအခွင့်၌ တည်နေသဖြင့်၊ ကျွန်ခံရာ ထမ်းပိုးကိုထမ်း၍ ချည်နှောင်ခြင်းကို တစ်ဖန် မခံကြနှင့်။
ငါတို့မူကား၊ ပျက်စီးခြင်းသို့ရောက်အံ့သောငှာ ရွေ့လျော့သောသူ မဟုတ်။ စိတ်ဝိညာဉ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ ယုံကြည်သောသူ ဖြစ်ကြ၏။
သူတစ်ပါးပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့၊ ကတိတော်နှင့် စပ်ဆိုင်သောပြည်၌ ယုံကြည်ခြင်းအားဖြင့် ဧည့်သည်ဖြစ်၍နေ၏။ ထိုကတိတော်ကို အမွေခံရသော အဖော်အဖက်တည်းဟူသော ဣဇာက်၊ ယာကုပ်တို့နှင့်အတူ တဲ၌နေလေ၏။-