သူနှင့် သူ၏အဖော်အပေါင်းတို့သည်၊ စားသောက်၍ ညကိုလွန်စေပြီးမှ၊ နံနက်ယံ၌ထလျက်၊ ကျွန်ုပ်သည်၊ သခင်ထံသို့ပြန်ပါရစေဟု ဆိုလေသော်၊
ထိုသူကလည်း၊ ကျွန်ုပ်ကိုမဆီးတားပါနှင့်။ ထာဝရဘုရားသည်၊ ကျွန်ုပ်ရောက်လာသောအမှုကို ပြုစုတော်မူပြီ။ ကျွန်ုပ်သည် သခင်ထံသို့သွားရသောအခွင့်ကို ပေးပါလော့ဟုဆိုလျှင်၊
သို့ဖြစ်၍၊ မိမိနှမရေဗက္ကနှင့် သူ၏အထိန်းကိုလည်းကောင်း၊ အာဗြဟံကျွန်နှင့် သူ၏လူတို့ကိုလည်းကောင်း လွှတ်လိုက်ကြ၏။
ရာခေလသည် ယောသပ်ကိုဖွားမြင်ပြီးသောနောက်၊ ယာကုပ်က၊ အကျွန်ုပ်သည် ကိုယ်နေရင်းပြည်သို့သွားမည်အကြောင်း အကျွန်ုပ်ကိုလွှတ်ပါလော့။
သင်တို့သည် လမ်း၌ရန်မတွေ့ကြနှင့်ဟုမှာထားလျက် အစ်ကိုတို့ကို လွှတ်လိုက်၍ သူတို့သည်သွားကြ၏။
ထိုအခါ ဇာဒုတ်၏သား အဟိမတ်က၊ ထာဝရဘုရားသည် ရှင်ဘုရင်၏ရန်သူတို့ကို အပြစ်အလျောက် စီရင်တော်မူကြောင်းကို ကျွန်တော်ပြေး၍ သတင်းကြားလျှောက်ပါရစေဟု အခွင့်တောင်းလျှင်၊
ဆောင်ရွက်စရာအမှုကို ကြိုးစား၍ ပြီးစီးစေတတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏အမှုတော်ကို ဆောင်ရွက်ရ၏။
ရှေးကာလသည် ယခုကာလထက် အဘယ်ကြောင့် သာ၍ကောင်းသနည်းဟု မမေးနှင့်။ ထိုသို့မေးလျှင်၊ ပညာတရားအတိုင်း မေးသည်မဟုတ်။