ကမ္ဘာဦး 24:51Judson Bibleရေဗက္ကသည် သင့်ရှေ့၌ရှိပါ၏။ ယူသွားပါလော့။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သင်၏သခင်သား၏မယားဖြစ်စေဟု ပြန်ဆို၏။ အခန်းကိုကြည့်ပါ။ |
ဥယျာဉ်တို့ကို စိုက်ပျိုး၍ အသီးကို စားကြလော့။ သင်တို့သည် ထိုပြည်၌ ခေါင်းပါးခြင်းမရှိ၊ တိုးပွားများပြားမည်အကြောင်း၊ မယားနှင့်နေ၍ သားသမီးကိုဖွားမြင်ကြလော့။ သားသမီးတို့ကိုလည်း၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ပေးစား၍၊ တစ်ဖန် သားသမီးကို ဖွားမြင်စေကြလော့။