ကမ္ဘာဦး 24:45Judson Bibleထိုသို့စိတ်နှလုံး၌ လျှောက်ဆို၍မပြီးမီ၊ ရေဗက္ကသည် ရေဘူးကို ထမ်းလျက်ထွက်လာသဖြင့်၊ ရေတွင်းသို့ဆင်း၍ ရေခပ်သည်ကို ကျွန်ုပ်မြင်လျှင်၊ ရေသောက်ပါရစေဟု သူ့ကိုတောင်းလေသော်၊ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်က၊ အဘယ်သို့ တောင်းလျှောက်ချင်သနည်းဟု မေးတော်မူ၏။ ငါကလည်း အရှင်မင်းကြီး အလိုတော်ရှိ၍ ကျွန်တော်ကို စိတ်နှင့်တွေ့တော်မူလျှင်၊ ကျွန်တော်ဘိုးဘေး သင်္ချိုင်းရှိရာမြို့ကို ကျွန်တော်ပြုစုရမည်အကြောင်း၊ ယုဒပြည်သို့ စေလွှတ်တော်မူပါဟု ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား ဆုတောင်းပြီးမှ လျှောက်လေ၏။
အို ဘုရားရှင်၊ နားထောင်တော်မူပါ။ အို ဘုရားရှင်၊ အပြစ်ကိုလွှတ်တော်မူပါ။ အို ဘုရားရှင်၊ နားထောင်၍ ပြုတော်မူပါ။ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်အတွက် ဖင့်နွှဲတော်မမူပါနှင့်။ ကိုယ်တော်၏မြို့၊ ကိုယ်တော်၏လူစုသည် နာမတော်ဖြင့် သမုတ်ခြင်းရှိပါသည်ဟု ဆုတောင်းပတ္ထနာပြု၏။