Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 24:44

Judson Bible

သောက်​ပါ။ သင်၏​ကု​လား​အုတ်​တို့​ဖို့​လည်း ရေ​ခပ်​ပါ​မည်​ဟု ပြန်​ဆို​သော​သ​မီး​က​ညာ​သည်၊ ကိုယ်​တော်​ကျွန်၏​သား​ဖို့၊ ခန့်​ထား​တော်​မူ​သော မိန်း​မ​ဖြစ်​ပါ​စေ​သော​ဟု​လျှောက်​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ထဲ​က​ထုတ်​သော​နံ​ရိုး​ဖြင့် လူ​မိန်း​မ​ကို​ဖန်​ဆင်း၍ လူ​ရှိ​ရာ​သို့​ဆောင်​ခဲ့​တော်​မူ​၏။

အ​ကြင်​သ​တို့​သ​မီး​ကို၊ ကျွန်ုပ်​သောက်​ခြင်း​ငှာ သင်၏​ရေ​ဘူး​ကို​ချ​ပါ​ဟု​ဆို​သော်၊ သောက်​ပါ၊ သင်၏​ကု​လား​အုတ်​တို့​ကို​လည်း​ရေ​တိုက်​ပါ​မည်​ဟု၊ ပြန်​ဆို​သော​သ​တို့​သ​မီး​သည်၊ ကိုယ်​တော်၏​ကျွန်​ဣ​ဇာက်​ဖို့ ခန့်​ထား​တော်​မူ​သော​သူ​ဖြစ်​ပါ​စေ​သော။ ထို​သို့​အား​ဖြင့်၊ အ​ကျွန်ုပ်၏​သ​ခင်၌​ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကို၊ အ​ကျွန်ုပ်​သိ​ရ​ပါ​မည်​ဟု လျှောက်​ဆို၏။

အ​ကျွန်ုပ်​သည် ရေ​တွင်း​နား​မှာ​ရပ်​နေ၍၊ ရေ​ခပ်​ခြင်း​ငှာ​လာ​သော အ​ကြင်​သ​မီး​က​ညာ​ကို၊ ကျွန်ုပ်​သောက်​ဖို့ သင်၏​ရေ​ဘူး၌​ရေ​အ​နည်း​ငယ်​ကို ပေး​ပါ​ဟု​တောင်း​သော်၊

ထို​သို့​စိတ်​နှ​လုံး၌ လျှောက်​ဆို၍​မ​ပြီး​မီ၊ ရေ​ဗ​က္က​သည် ရေ​ဘူး​ကို ထမ်း​လျက်​ထွက်​လာ​သ​ဖြင့်၊ ရေ​တွင်း​သို့​ဆင်း၍ ရေ​ခပ်​သည်​ကို ကျွန်ုပ်​မြင်​လျှင်၊ ရေ​သောက်​ပါ​ရ​စေ​ဟု သူ့​ကို​တောင်း​လေ​သော်၊

စာ​ရေး​တံ​တို့​ကို အိတ်​ထဲ၌​လောင်း​လျက်​ရှိ​ရာ​တွင်၊ ခွဲ​ဝေ​စီ​ရင်​ခြင်း​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ၏။

မ​ယား​ကို​ရ​သော​သူ​သည် ကောင်း​သော​အ​ရာ​ကို​ရ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ခံ​ရ၏။

အိမ်​နှင့်​စည်း​စိမ်​သည် မိ​ဘ​အ​မွေ​ဥ​စ္စာ ဖြစ်၏။ သ​မ္မာ​သ​တိ​ရှိ​သော မ​ယား​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​ရာ​ဖြစ်၏။

စေ​တ​နာ​ရှိ​သော​သူ​မူ​ကား၊ စေ​တ​နာ​နှင့်​ဆိုင်​သော အ​ကြံ​တို့​ကို ကြံ​စည်​တတ်၏။ စေ​တ​နာ​နှင့်​ဆိုင်​သော အ​ရာ​အား​ဖြင့် တည်​ရ​လိမ့်​မည်။

ဘု​ရား​သ​ခင်​အား ရို​သေ​လေး​မြတ်​ခြင်း​ကို ဝန်​ခံ​ပြု​စု​သော မိန်း​မ​ဆင်​သင့်​သည်​အ​တိုင်း ကောင်း​သော အ​ကျင့်​နှင့်​လည်း​ကောင်း၊ ကိုယ်​ကို တန်​ဆာ​ဆင်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-

အ​ချို့​သော​သူ​တို့​သည် ဧည့်​သည်​ဝတ်​ကို ပြု​သည်​တွင်၊ ကောင်း​ကင်​တ​မန်​တို့​ကို အ​မှတ်​တ​မဲ့ ဧည့်​ခံ​ကြ​ပြီ။-

အ​ချုပ်​အ​ခြာ​စ​ကား​ဟူ​မူ​ကား၊ သင်​တို့​အ​ပေါင်း​သည် စိတ်​တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ​လော့။ စိတ်​ကြင်​နာ​ခြင်း၊ ညီ​အစ်​ကို​ချင်း​ကဲ့​သို့ ချစ်​ခြင်း၊ သ​နား​စုံ​မက်​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း ရှိ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ