Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 24:42

Judson Bible

ကျွန်ုပ်​သည်​ယ​နေ့​ရေ​တွင်း​သို့ ရောက်​ပြီး​လျှင်၊ ကျွန်ုပ်​သ​ခင် အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ရောက်​လာ​သော​အ​မှု​ကို ယ​ခု​ပြု​စု​တော်​မူ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

မိန်း​မ​များ​ရေ​ခပ်​သော ညဉ့်​ဦး​ယံ​အ​ချိန်၌၊ မြို့​ပြင်​ရေ​တွင်း​နား​မှာ ကု​လား​အုတ်​တို့​ကို ဝပ်​စေ​ပြီး​လျှင်၊

က​ရု​ဏာ၊ သ​စ္စာ​တော်​ကို အ​ကျွန်ုပ်​သ​ခင်​မှ ရုပ်​သိမ်း​တော်​မ​မူ​သော၊ အ​ကျွန်ုပ်​သ​ခင်​အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ လမ်း​မှာ​သွား​လျက်​ရှိ​သော အ​ကျွန်ုပ်​ကို ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​သ​ခင်၏​ညီ​အစ်​ကို​တို့​အိမ်​သို့ ပို့​ဆောင်​တော်​မူ​ပါ​သည်​တ​ကား​ဟု မြွက်​ဆို၏။

ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော​သူ၊ ကျွန်ုပ်​အိမ်​သို့​ဝင်​ပါ​လော့။ ပြင်၌​အ​ဘယ်​ကြောင့် ရပ်​နေ​သ​နည်း။ အိမ်​ကို​လည်း​ကောင်း၊ ကု​လား​အုတ်​များ​နေ​ရာ​အ​ရပ်​ကို​လည်း​ကောင်း၊ ကျွန်ုပ်​ပြင်​ပါ​ပြီ​ဟု​ဆို​သ​ဖြင့်၊

သူ့​ဘက်၌ ထာ​ဝ​ရ​ဘု​ရား​သည်​ရှိ​တော်​မူ၍၊ သူ​ပြု​လေ​ရာ​ရာ၌ အောင်​စေ​တော်​မူ​ကြောင်း​ကို သ​ခင်​လည်း​သိ​မြင်၏။

ထို​အ​ခါ ဥ​စ္စာ​များ​မှ​စ၍ သူ​ငယ်​များ​နှင့်​တ​ကွ၊ ငါ​တို့​သွား​စ​ရာ မှန်​သော​လမ်း​ကို ဘု​ရား​သ​ခင်၌​ရှာ၍၊ ရှေ့​တော်​မှာ ခြိုး​ခြံ​စွာ​ကျင့်​ခြင်း​ငှာ၊ အ​ဟာ​ဝ​မြစ်​နား​တွင်၊ အ​စာ​ရှောင်​ရာ​အ​ချိန်​ကို ငါ​ကြော်​ငြာ၏။

အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ကျွန်​ပြု​သော ပ​တ္ထ​နာ​စ​ကား​နှင့် နာ​မ​တော်​ကို ရို​သေ​ချင်​သော ကျွန်​တော်​များ​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်​ကို ယ​နေ့ ကောင်​ချီး​ပေး​တော်​မူ​ပါ။ ဤ​လူ​ရှေ့​မှာ မျက်​နှာ​ရ​ပါ​မည်​အ​ကြောင်း ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။ ထို​အ​ခါ ငါ​သည် ရှင်​ဘု​ရင်၏ ဖ​လား​တော်​ကိုင် ဖြစ်​သ​တည်း။

ကိုယ်​အ​မှု​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား၌ အပ်​လော့။ ကိုယ်​တော်​ကို ကိုး​စား​လော့။ သို့​ပြု​လျှင် စီ​ရင်​တော်​မူ​မည်။

အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​သည် အ​ကျွန်ုပ်​အ​ပေါ်​သို့ ရောက်​ပါ​စေ​သော။ အ​ကျွန်ုပ်​တို့​ပြု​သော​အ​မှု​တို့​ကို​လည်း၊ အ​ကျွန်ုပ်​တို့​အ​ဖို့ မြဲ​မြံ​စေ​တော်​မူ​ပါ။

ထို​သူ​တို့​က​လည်း ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့၍၊ ယု​ဒ​လူ​အ​ပေါင်း​တို့​တွင် အ​သ​ရေ​ရှိ​သော သူ​တော်​ကောင်း​တည်း​ဟူ​သော တပ်​မှူး​ကော်​နေ​လိ​သည်၊ ကိုယ်​တော်​ကို မိ​မိ​အိမ်​သို့​ခေါ်​ပင့်၍ ကိုယ်​တော်၏​စ​ကား​ကို နား​ထောင်​ရ​မည်​အ​ကြောင်း၊ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​အား​ဖြင့် ဗျာ​ဒိတ်​တော်​ကို ခံ​ရ​ပါ​သည်​ဟု ပြန်​ပြော​ကြ၏။-

မ​ကြာ​မ​မြင့်​မီ ဘု​ရား​သ​ခင်​အ​လို​တော်​အား​ဖြင့် အ​ဆင်​သင့်၍၊ သင်​တို့​ရှိ​ရာ​သို့ ငါ​လာ​ရ​သော​အ​ခွင့် တစ်​စုံ​တစ်​ခု​ရှိ​ပါ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။-

စိတ်​နှ​လုံး​နှင့် ဆု​တောင်း၍ နှုတ်​ခမ်း​လှုပ်​သော်​လည်း၊ စ​ကား​သံ​မ​ထွက်​သော​ကြောင့်၊ ယစ်​မူး​သည်​ဟု ဧ​လိ​ထင်​လျက်၊

ငယ်​သား​က၊ ဤ​မြို့၌ အ​သ​ရေ​ထင်​ရှား​သော ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​ရှိ၏။ သူ​ပြော​သ​မျှ​သော စ​ကား​သည် ဧ​ကန်​အ​မှန် ပြည့်​စုံ​တတ်၏။ သူ့​ထံ​သို့ သွား​ကြ​စို့။ ငါ​တို့ သွား​ရ​သော​လမ်း​ကို သူ​ပြ​ကောင်း​ပြ​လိမ့်​မည်​ဟု ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ