ရေဗက္က၌ လာဗန်အမည်ရှိသော မောင်တစ်ယောက်ရှိ၏။ လာဗန်သည် ယောက်ျားရှိရာ ရေတွင်းသို့ပြေး၏။
သူသည်နှာဆွဲကိုလည်းကောင်း၊ နှမလက်၌ လက်ကောက်ကိုလည်းကောင်းမြင်၍၊ ထိုယောက်ျားသည်ကျွန်ုပ်ကို ဤသို့ပြောသည်ဟု၊ နှမရေဗက္ကဆိုသောစကားကို ကြားသောအခါ၊ ရေတွင်း၌ ကုလားအုတ်အနားမှာရပ်နေသောယောက်ျားထံသို့ ရောက်သောအခါ၊
မောင်နှင့်အမိက၊ မိန်းမကလေးသည်၊ ကျွန်ုပ်တို့ထံမှာ၊ ဆယ်ရက်ခန့်လောက်နေပါစေဦး။ နောက်မှ၊ သူ့ကိုသွားပါစေမည်ဟု ဆိုကြ၏။
ရေဗက္ကကိုလည်း၊ သင်သည်ကျွန်ုပ်တို့၏နှမဖြစ်၏။ အသောင်းအသိန်းတို့၏အမိ ဖြစ်ပါစေသော။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ တံခါးများကိုအစိုးရပါစေသောဟု ကောင်းချီးပေးကြ၏။
ဣဇာက်သည်၊ အသက်လေးဆယ်ရှိသောအခါ၊ ပါဒနာရံအရပ်သူ၊ ရှုရိအမျိုးဗေသွေလ၏သမီး၊ ရှုရိလူလာဗန်၏နှမရေဗက္ကနှင့် အိမ်ထောင်လေ၏။
ထိုကြောင့်၊ ငါ့သား၊ ငါ့စကားကို နားထောင်ပါ။ ငါ့မောင်လာဗန်နေရာ ခါရန်မြို့သို့ထ၍ ပြေးသွားပါလော့။
အမိ၏အဘ ဗေသွေလအမျိုးသားနေရာ ပါဒနာရံအရပ်သို့ ထ၍သွားလော့။ သင့်ဦးရီးလာဗန်၏သမီးတစ်စုံတစ်ယောက်နှင့် အိမ်ထောင်ဖက်ပြုလော့။
လာဗန်သည် မိမိတူယာကုပ်၏ သတင်းစကားကိုကြားသောအခါ၊ ကြိုဆိုခြင်းငှာ အလျင်အမြန်သွား၍၊ ပိုက်ဖက်နမ်းရှုတ်လျက်၊ မိမိအိမ်သို့ဆောင်သွားလေ၏။ ယာကုပ်သည်လည်း မိမိအမှုအရာရှိသမျှကိုကြားပြောလျှင်၊
တစ်ဖန်ယာကုပ်က၊ နာခေါ်သားလာဗန်ကို သိသလောဟုမေးလျှင်၊ သိ၏ဟုပြန်ဆိုသော်၊