သတို့သမီးသည်လည်းပြေး၍ အမိ၏အိမ်၌ ဤအရာများကို ကြားပြောလေ၏။
ရေဗက္က၌ လာဗန်အမည်ရှိသော မောင်တစ်ယောက်ရှိ၏။ လာဗန်သည် ယောက်ျားရှိရာ ရေတွင်းသို့ပြေး၏။
ဦးညွှတ်ချ၍၊ ကျွန်ုပ်သခင်အစ်ကို၏မြေးကို သခင်၏သားဖို့ယူစေခြင်းငှာ၊ မှန်သောလမ်းဖြင့်ပို့ဆောင်တော်မူသော ကျွန်ုပ်သခင်အာဗြဟံ၏ ဘုရားသခင်ထာဝရဘုရားကို ကောင်းချီးပေး၍ ကိုးကွယ်လေ၏။
မောင်နှင့်အမိက၊ မိန်းမကလေးသည်၊ ကျွန်ုပ်တို့ထံမှာ၊ ဆယ်ရက်ခန့်လောက်နေပါစေဦး။ နောက်မှ၊ သူ့ကိုသွားပါစေမည်ဟု ဆိုကြ၏။
ဣဇာက်သည် မိမိအမိစာရာ၏တဲသို့ ရေဗက္ကကိုဆောင်ယူ၍ စုံဖက်လေ၏။ ရေဗက္ကကိုချစ်နှစ်မြို့သဖြင့်၊ အမိသေသောအမှု၌ သက်သာခြင်းသို့ရောက်လေ၏။
မိမိသည် ရာခေလအဘ၏တူ၊ ရေဗက္က၏သားဖြစ်ကြောင်းကို ကြားပြောလျှင်၊ ရာခေလသည်ပြေး၍ မိမိအဘအားပြန်ကြားလေ၏။
လာဗန်သည် ယာကုပ်တဲ၊ လေအာတဲ၊ ကျွန်မနှစ်ယောက်တို့၏တဲသို့ဝင်၍ ရှာသော်လည်း မတွေ့လျှင်၊ လေအာတဲထဲမှထွက်၍၊ ရာခေလတဲသို့ဝင်လေ၏။