Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 24:15

Judson Bible

ထို​သို့​လျှောက်​ဆို၍​မ​ပြီး​မီ၊ အာ​ဗြ​ဟံ​အစ်​ကို​နာ​ခေါ်​မ​ယား၊ မိ​လ​ခါ​သား၊ ဗေ​သွေ​လ၏​သ​မီး​ရေ​ဗ​က္က​သည်၊ ရေ​ဘူး​ကို​ထမ်း​လျက် ထွက်​လာ​သည်​ကို​မြင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

တေ​ရ၏​သား​စဉ်​မြေး​ဆက်​ဟူ​မူ​ကား၊ တေ​ရ​သည် အာ​ဗြံ၊ နာ​ခေါ်၊ ခါ​ရန်​တို့​ကို​မြင်​လေ၏။

အာ​ဗြံ​နှင့်​နာ​ခေါ်​သည် မ​ယား​ကို​ယူ၍၊ အာ​ဗြံ၏ မ​ယား​ကား၊ စာ​ရဲ​အ​မည်​ရှိ၏။ နာ​ခေါ်၏​မ​ယား​ကား၊ ခါ​ရန်၏​သ​မီး​မိ​လ​ခါ အ​မည်​ရှိ၏။ ခါ​ရန်​သည် မိ​လ​ခါ​နှင့် ဣ​သ​ခ၏​အ​ဘ​ဖြစ်​သ​တည်း။

အာ​ဗြ​ဟံ​သည် နံ​နက်​စော​စော​ထ၍၊ မုန့်​နှင့် ရေ​ဘူး​ကို​ယူ​သ​ဖြင့်၊ ဟာ​ဂ​ရ​ပ​ခုံး၌​တင်​ပြီး​လျှင်၊ သူ​ငယ်​ကို​အပ်၍ ကျွန်​မ​ကို လွှတ်​လိုက်​လေ၏။ သူ​သည်​လည်း​သွား၍၊ ဗေ​ရ​ရှေ​ဘ​တော၌ လှည့်​လည်​လျက်​နေ၏။

အ​ကြင်​သ​တို့​သ​မီး​ကို၊ ကျွန်ုပ်​သောက်​ခြင်း​ငှာ သင်၏​ရေ​ဘူး​ကို​ချ​ပါ​ဟု​ဆို​သော်၊ သောက်​ပါ၊ သင်၏​ကု​လား​အုတ်​တို့​ကို​လည်း​ရေ​တိုက်​ပါ​မည်​ဟု၊ ပြန်​ဆို​သော​သ​တို့​သ​မီး​သည်၊ ကိုယ်​တော်၏​ကျွန်​ဣ​ဇာက်​ဖို့ ခန့်​ထား​တော်​မူ​သော​သူ​ဖြစ်​ပါ​စေ​သော။ ထို​သို့​အား​ဖြင့်၊ အ​ကျွန်ုပ်၏​သ​ခင်၌​ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကို၊ အ​ကျွန်ုပ်​သိ​ရ​ပါ​မည်​ဟု လျှောက်​ဆို၏။

မိန်း​မ​က၊ ကျွန်ုပ်​သည် နာ​ခေါ်၏​မ​ယား​မိ​လ​ခါ​ဖွား​မြင်​သော၊ ဗေ​သွေ​လ၏​သ​မီး​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊

ထို​သို့​စိတ်​နှ​လုံး၌ လျှောက်​ဆို၍​မ​ပြီး​မီ၊ ရေ​ဗ​က္က​သည် ရေ​ဘူး​ကို ထမ်း​လျက်​ထွက်​လာ​သ​ဖြင့်၊ ရေ​တွင်း​သို့​ဆင်း၍ ရေ​ခပ်​သည်​ကို ကျွန်ုပ်​မြင်​လျှင်၊ ရေ​သောက်​ပါ​ရ​စေ​ဟု သူ့​ကို​တောင်း​လေ​သော်၊

ဣ​ဇာက်​သည်၊ အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ၊ ပါ​ဒ​နာ​ရံ​အ​ရပ်​သူ၊ ရှု​ရိ​အ​မျိုး​ဗေ​သွေ​လ၏​သ​မီး၊ ရှု​ရိ​လူ​လာ​ဗန်၏​နှ​မ​ရေ​ဗ​က္က​နှင့် အိမ်​ထောင်​လေ၏။

တစ်​ဖန်​ယာ​ကုပ်​က၊ နာ​ခေါ်​သား​လာ​ဗန်​ကို သိ​သ​လော​ဟု​မေး​လျှင်၊ သိ၏​ဟု​ပြန်​ဆို​သော်၊

ထို​သို့​တစ်​ဦး​နှင့် တစ်​ဦး​နှုတ်​ဆက်​ကြ​စဉ်​တွင်၊ ရာ​ခေ​လ​သည်၊ မိ​မိ​အ​ဘ၏​သိုး​တို့​ကို ထိန်း​ရ​သည်​ဖြစ်၍၊ သိုး​တို့​ကို​ဆောင်​လျက်​လာ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ကြည့်​ရှု​တော်​မူ၏။ သူ​တို့​အော်​ဟစ်​သံ​ကို​လည်း နား​ထောင်​တော်​မူ၏။

ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​ထံ​သို့ လူ​သား​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်​ရ​ကြ​လိမ့်​မည်။

ထို​အ​ခါ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်၏​သ​မီး ညီ​အစ်​မ​ခု​နစ်​ယောက်​တို့​သည်၊ မိ​မိ​တို့​အ​ဘ၏​သိုး​ဆိတ်​များ​ကို ရေ​တိုက်​ခြင်း​ငှာ​လာ၍​ရေ​ခပ်​ပြီး​လျှင်၊ ရေ​သောက်​ခွက်​တို့​၌ လောင်း​ကြ​၏။

အိမ်​သူ​အိမ်​သား ပြု​မူ​သ​မျှ​တို့​ကို ကြည့်​ရှု​တတ်၏။ ပျင်း​ရိ​ခြင်း​အ​စာ​ကို မ​စား​တတ်၊

သို့​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​ခေါ်​သော​အ​ခါ ထူး​တော်​မူ​လိမ့်​မည်။ အော်​ဟစ်​သော​အ​ခါ၊ ငါ​ရှိ​သည်​ဟု မိန့်​တော်​မူ​လိမ့်​မည်။ သင်​သည် သင်၏​အ​ထဲ​က ထမ်း​ပိုး​ကို​လည်း​ကောင်း၊ လက်​ညှိုး​ထိုး​ခြင်း​ကို​လည်း​ကောင်း၊ ကဲ့​ရဲ့​သော​စ​ကား​ကို​လည်း​ကောင်း ပယ်​ရှား၍၊

ငါ​သည် သူ​တို့​မ​ခေါ်​မီ​က​ပင် ထူး​မည်။ လျှောက်​စဉ်​တွင်​ပင် ငါ​နား​ထောင်​မည်။

ရု​သ​သည် ထို​လယ်၌ ညဉ့်​ဦး​တိုင်​အောင် စ​ပါး​ကျန်​ကို​ကောက်၍ ရ​သော​စ​ပါး​ကို​နယ်​ပြီး​လျှင် မု​ယော​ဆန်​တစ်​ဧ​ဖာ​ခန့်​မျှ ရှိ၏။

မော​ဘ​ပြည်​သူ​ရု​သ​က၊ ကျွန်​မ​သည် လယ်​ပြင်​သို့​သွား၍ စိတ်​နှင့်​တွေ့​သော​သူ​နောက်​မှာ စ​ပါး​ကျန်​ကို ကောက်​ပါ​ရ​စေ​ဟု နော​မိ၌​အ​ခွင့်​ပန်​လျှင်၊ နော​မိ​က၊ သွား​တော့​ငါ့​သ​မီး​ဟု ဆို၏။

မြို့​ပြင်​ကုန်း​ပေါ်​သို့ ရောက်​သော​အ​ခါ၊ ရေ​ခပ်​လာ​သော မိန်း​မ​ပျို​တို့​ကို​တွေ့၍၊ ဤ​အ​ရပ်၌ မြင်​သော​သူ​ရှိ​သ​လော​ဟု မေး​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ