Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 24:14

Judson Bible

အ​ကြင်​သ​တို့​သ​မီး​ကို၊ ကျွန်ုပ်​သောက်​ခြင်း​ငှာ သင်၏​ရေ​ဘူး​ကို​ချ​ပါ​ဟု​ဆို​သော်၊ သောက်​ပါ၊ သင်၏​ကု​လား​အုတ်​တို့​ကို​လည်း​ရေ​တိုက်​ပါ​မည်​ဟု၊ ပြန်​ဆို​သော​သ​တို့​သ​မီး​သည်၊ ကိုယ်​တော်၏​ကျွန်​ဣ​ဇာက်​ဖို့ ခန့်​ထား​တော်​မူ​သော​သူ​ဖြစ်​ပါ​စေ​သော။ ထို​သို့​အား​ဖြင့်၊ အ​ကျွန်ုပ်၏​သ​ခင်၌​ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကို၊ အ​ကျွန်ုပ်​သိ​ရ​ပါ​မည်​ဟု လျှောက်​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ​ပြည်​ကို အ​ကျွန်ုပ်​အ​မွေ​ခံ​ရ​မည်​ကို အ​ဘယ်​သို့​သိ​ရ​ပါ​အံ့​နည်း​ဟု မေး​လျှောက်​လေ၏။

အ​ကျွန်ုပ်​သည်၊ ဤ​ရေ​တွင်း​နား​မှာ​ရပ်​နေ၍၊ ထို​မြို့​သူ​သ​တို့​သ​မီး​တို့​သည်၊ ရေ​ခပ်​ခြင်း​ငှာ​လာ​ကြ​သည်​တွင်၊

ထို​သို့​လျှောက်​ဆို၍​မ​ပြီး​မီ၊ အာ​ဗြ​ဟံ​အစ်​ကို​နာ​ခေါ်​မ​ယား၊ မိ​လ​ခါ​သား၊ ဗေ​သွေ​လ၏​သ​မီး​ရေ​ဗ​က္က​သည်၊ ရေ​ဘူး​ကို​ထမ်း​လျက် ထွက်​လာ​သည်​ကို​မြင်၏။

မိန်း​မ​က၊ သောက်​ပါ​လော့​အ​ရှင်​ဟု​ဆို​သ​ဖြင့်၊ မိ​မိ​လက်​ပေါ်​မှာ၊ အ​လျင်​အ​မြန်​ရေ​ဘူး​ကို​ချ၍၊ ရေ​ကို​ပေး​လေ၏။

ရေ​ကို​ပေး​ပြီး​လျှင်၊ သင်၏​ကု​လား​အုတ်​တို့​သည်​လည်း၊ ဝ​စွာ သောက်​စ​ရာ​ဖို့​ရေ​ခပ်​ပါ​မည်​ဟု ဆို​သည်​အ​တိုင်း၊

အ​ကျွန်ုပ်​သည် ရေ​တွင်း​နား​မှာ​ရပ်​နေ၍၊ ရေ​ခပ်​ခြင်း​ငှာ​လာ​သော အ​ကြင်​သ​မီး​က​ညာ​ကို၊ ကျွန်ုပ်​သောက်​ဖို့ သင်၏​ရေ​ဘူး၌​ရေ​အ​နည်း​ငယ်​ကို ပေး​ပါ​ဟု​တောင်း​သော်၊

သောက်​ပါ။ သင်၏​ကု​လား​အုတ်​တို့​ဖို့​လည်း ရေ​ခပ်​ပါ​မည်​ဟု ပြန်​ဆို​သော​သ​မီး​က​ညာ​သည်၊ ကိုယ်​တော်​ကျွန်၏​သား​ဖို့၊ ခန့်​ထား​တော်​မူ​သော မိန်း​မ​ဖြစ်​ပါ​စေ​သော​ဟု​လျှောက်​ဆို၏။

ယွာ​ဘ​က​လည်း၊ မာ၏​လား​ငါ့​ညီ​ဟု အာ​မ​သ​ကို​မေး၍ နမ်း​ဟန်​ဆောင်​လျက် လက်​ယာ​လက်​နှင့် အာ​မ​သ၏​မုတ်​ဆိတ်​ကို ကိုင်၏။

ပိုး​စာ​ပင်​ဖျား၌ စစ်​ချီ​သံ​ကို​ကြား​သော​အ​ခါ ကြိုး​စား​လော့။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဖိ​လိ​တ္တိ​တပ်​ကို လုပ်​ကြံ​ခြင်း​ငှာ သင့်​ရှေ့​မှာ ကြွ​သွား​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

အိမ်​နှင့်​စည်း​စိမ်​သည် မိ​ဘ​အ​မွေ​ဥ​စ္စာ ဖြစ်၏။ သ​မ္မာ​သ​တိ​ရှိ​သော မ​ယား​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​ရာ​ဖြစ်၏။

နက်​သော​အ​ရပ်၌ ဖြစ်​စေ၊ မြင့်​သော​အ​ထက်​အ​ရပ်၌ ဖြစ်​စေ၊ တောင်း​ပန်​လော့​ဟု အာ​ခတ်​မင်း​ကို မိန့်​တော်​မူ​လျှင်၊

မ​ကြာ​မ​မြင့်​မီ ဘု​ရား​သ​ခင်​အ​လို​တော်​အား​ဖြင့် အ​ဆင်​သင့်၍၊ သင်​တို့​ရှိ​ရာ​သို့ ငါ​လာ​ရ​သော​အ​ခွင့် တစ်​စုံ​တစ်​ခု​ရှိ​ပါ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။-

သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ယ​ခု​ခ​ရီး​သွား​ရာ​တွင် အ​ကြံ​မြောက်​မည် မ​မြောက်​မည်​ကို သိ​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​ကို မေး​မြန်း​ပါ​လော့​ဟု တောင်း​ပန်​သည်​အ​တိုင်း၊

ဂိ​ဒေါင်​က​လည်း၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ မျက်​နှာ​ရ​ပါ​လျှင် အ​ကျွန်ုပ်​နှင့် ယ​ခု​နှုတ်​ဆက်​တော်​မူ​ကြောင်း ထင်​ရှား​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​ပါ။

အ​ကျွန်ုပ်​သည် သိုး​တစ်​ကောင်၏​အ​မွေး​ကို တ​လင်း၌ ထား​ပါ​မည်။ သိုး​မွေး​သည် နှင်း​စို၍၊ မြေ​တစ်​ပြင်​လုံး သွေ့​ခြောက်​လျှင်၊ မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ကျွန်ုပ်​အား​ဖြင့် ကယ်​တင်​တော်​မူ​မည်​ကို အ​ကျွန်ုပ်​သိ​ပါ​မည်​ဟု တောင်း​လျှောက်​သည်​အ​တိုင်း ဖြစ်​လေ၏။

အ​ဘ​က ကောင်း​ပြီ​ဟု​ဆို​လျှင်၊ ကိုယ်​တော်​ကျွန်​သည် ချမ်း​သာ​ရ​ပြီ။ သို့​မ​ဟုတ် အ​လွန်​စိတ်​ဆိုး​လျှင်၊ ဘေး​ပြု​မည် အ​ကြံ​ရှိ​သည်​ကို သ​ဘော​ကျ​ပါ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ