ကမ္ဘာဦး 24:13Judson Bibleအကျွန်ုပ်သည်၊ ဤရေတွင်းနားမှာရပ်နေ၍၊ ထိုမြို့သူသတို့သမီးတို့သည်၊ ရေခပ်ခြင်းငှာလာကြသည်တွင်၊ အခန်းကိုကြည့်ပါ။ |
အကြင်သတို့သမီးကို၊ ကျွန်ုပ်သောက်ခြင်းငှာ သင်၏ရေဘူးကိုချပါဟုဆိုသော်၊ သောက်ပါ၊ သင်၏ကုလားအုတ်တို့ကိုလည်းရေတိုက်ပါမည်ဟု၊ ပြန်ဆိုသောသတို့သမီးသည်၊ ကိုယ်တော်၏ကျွန်ဣဇာက်ဖို့ ခန့်ထားတော်မူသောသူဖြစ်ပါစေသော။ ထိုသို့အားဖြင့်၊ အကျွန်ုပ်၏သခင်၌ကျေးဇူးပြုတော်မူကြောင်းကို၊ အကျွန်ုပ်သိရပါမည်ဟု လျှောက်ဆို၏။
ရေကျင်းများအနားမှာ လက်ရဥစ္စာကို ဝေမျှသောသူတို့၏အသံကို ကြားသောအခါ သီချင်းဆိုကြလော့။ ထာဝရဘုရား၏ တရားသောအမှု၊ ဣသရေလမြို့ရွာတို့၌ တရားသဖြင့် ပြုတော်မူသောအမှုတို့ကို ထိုအရပ်တို့တွင် ချီးမွမ်းကြလိမ့်မည်။ ထိုအခါ ထာဝရဘုရား၏လူတို့သည် မိမိတို့နေသောမြို့သို့ ပြန်သွားကြလိမ့်မည်။