ငါသည် ငါ၏မယားအသေကောင်ကို မျက်ကွယ်မြှုပ်စေခြင်းငှာ သင်တို့အလိုရှိလျှင်၊ ငါ့စကားကို နားထောင်ကြပါလော့။
အာဗြဟံသည်ထ၍၊ ထိုပြည်သားတည်းဟူသော ဟေသအမျိုးသားများရှေ့မှာ ဦးညွှတ်ချလျက်၊
သင်တို့တွင် ငါပိုင်ထိုက်သောသင်္ချိုင်းရှိစေခြင်းငှာ၊ ဇောဟာသားဧဖရုန်သည်၊ မိမိလယ်ပြင်အစွန်း၌ရှိသော မပ္ပေလမြေတွင်းကို၊ အဖိုးထိုက်သမျှငွေနှင့် ငါ့အားရောင်းစေခြင်းငှာ၊ ငါ့အတွက်သူ့ကိုတောင်းပန်ကြပါလော့ဟု နှုတ်ဆက်၍ပြောဆို၏။
သားဣဇာက်နှင့် ဣရှမေလတို့သည်၊ မံရေမြို့ရှေ့မှာ၊ ဟိတ္တိအမျိုးသား၊ ဇောရသားဧဖရုန်၏လယ်ပြင်တွင်၊ မပ္ပေလမြေတွင်း၌ အဘကိုသင်္ဂြိုဟ်ကြ၏။
သူကလည်း ရှောလမုန်မင်းကြီးသည် ရှုနင်မြို့သူအဘိရှက်ကို ကျွန်ုပ်အားပေးစားတော်မူမည်အကြောင်း လျှောက်ပါတော့။ မင်းကြီးသည် မယ်တော်ကိုငြင်းတော်မမူနိုင်ဟု ဆိုလေသော်၊
ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့် ကင်းလွတ်လျက် အပြစ်ရှိသောသူတို့နှင့် မဆက်ဆံ၊ ကောင်းကင်သားအပေါင်းတို့ထက် မြင့်မြတ်သောသူဖြစ်၍၊ ငါတို့နှင့် တော်သင့်တော်မူ၏။-