Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 23:6

Judson Bible

ကိုယ်​တော်​သည်၊ အ​ကျွန်ုပ်​တို့​တွင်၊ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​မင်း​ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့၏​သင်္ချိုင်း​များ​တွင်​ရွေး၍၊ ကိုယ်​တော်၏​မ​ယား​အ​သေ​ကောင်ကို သင်္ဂြိုဟ်​ပါ​လော့။ ကိုယ်​တော်၏​မ​ယား​အ​သေ​ကောင်ကို မ​သင်္ဂြိုဟ်​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်​တို့​တွင် အ​ဘယ်​သူ​မျှ မိ​မိ​သင်္ချိုင်း​ကို​မ​ပေး​ဘဲ​မ​နေ​ပါ​ဟု၊ အာ​ဗြ​ဟံ​အား ပြန်​ပြော​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ အာ​ဗြံ​သည်၊ သိုး၊ နွား​စ​သည်​တို့​ကို​လည်း​ကောင်း၊ ရွှေ​ငွေ​ကို​လည်း​ကောင်း​အ​လွန်​ရ​တတ်​၏။

အာ​ဗြံ​သည် မိ​မိ​အစ်​ကို​သား​ကို ဖမ်း​သွား​ကြောင်း​ကို​ကြား​လျှင်၊ မိ​မိ​အိမ်၌​ဖွား၍ သွန်​သင်​သော​လူ​သုံး​ရာ​တစ်​ဆယ်​ရှစ်​ယောက်​တို့​ကို​စီ​ရင်၍၊ ဒန်​မြို့ တိုင်​အောင်​လိုက်​လေ​၏။

ထို​ကြောင့် စာ​ရာ​က၊ ငါ​လည်း​အို​ပြီ၊ ငါ့​သ​ခင်​လည်း​အို​ပြီ၊ သို့​ဖြစ်၍ ငါ​သည် ပျော်​မွေ့​ခြင်း​ရှိ​လိမ့်​မည်​လော​ဟု​ဆို​လျက်၊ တိတ်​ဆိတ်​စွာ​ရယ်​လေ၏။

ယ​ခု​မှာ၊ သူ၏​မ​ယား​ကို သူ့​အား​ပြန်​ပေး​လော့။ သူ​သည် ပ​ရော​ဖက်​ဖြစ်၏။ သင့်​အ​ဖို့​ဆု​တောင်း​လျှင်၊ သင်​သည် အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။ ပြန်၍​မ​ပေး​ဘဲ​နေ​လျှင်၊ သင်​မှ​စ၍၊ သင်​နှင့်​ဆိုင်​သော​သူ​အ​ပေါင်း​တို့​သည် ဧ​ကန်​အ​မှန်​သေ​မည်​ဟု မိန့်​တော်​မူ၏။

ထို​ရော​အ​ခါ၊ အ​ဘိ​မ​လက်​မင်း​နှင့် ဗိုလ်​ချုပ်​မင်း​ဖိ​ကော​လ​တို့​သည် အာ​ဗြ​ဟံ​ကို​ခေါ်၍၊ သင်​သည်​ပြု​လေ​ရာ​ရာ၌ သင့်​ဘက်​မှာ ဘု​ရား​သ​ခင်​ရှိ​တော်​မူ၏။

ဟေ​သ​အ​မျိုး​သား​တို့​က၊ အ​ကျွန်ုပ်​တို့​သ​ခင်၊ နား​ထောင်​ပါ။

အာ​ဗြ​ဟံ​သည်​ထ၍၊ ထို​ပြည်​သား​တည်း​ဟူ​သော ဟေ​သ​အ​မျိုး​သား​များ​ရှေ့​မှာ ဦး​ညွှတ်​ချ​လျက်၊

မိန်း​မ​က၊ သောက်​ပါ​လော့​အ​ရှင်​ဟု​ဆို​သ​ဖြင့်၊ မိ​မိ​လက်​ပေါ်​မှာ၊ အ​လျင်​အ​မြန်​ရေ​ဘူး​ကို​ချ၍၊ ရေ​ကို​ပေး​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်ုပ်၏​သ​ခင်​ကို အ​လွန်​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ သူ​သည်​ကြီး​မြတ်​ခြင်း​သို့ ရောက်​လေ​ပြီ။ သိုး​စု၊ နွား​စု၊ ရွှေ၊ ငွေ၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၊ ကု​လား​အုတ်​နှင့်​မြည်း​များ​တို့​ကို ပေး​တော်​မူ​ပြီ။

ရာ​ခေ​လ​က၊ သ​ခင်​ရှေ့​မှာ​ကျွန်​မ မ​ထ​နိုင်​သည်​ဖြစ်၍၊ စိတ်​ရှိ​တော်​မ​မူ​ပါ​နှင့်။ မိန်း​မ​တို့၌​ဖြစ်​မြဲ​ရှိ​သည်​အ​တိုင်း၊ ကျွန်​မ၌​ဖြစ်​ပါ​သည်​ဟု အ​ဘ​အား​ဆို​လေ၏။ ထို​သို့​လာ​ဗန်​သည်​ရှာ​ဖွေ၍ ရုပ်​တု​တို့​ကို​မ​တွေ့​ရ။

ကိုယ်​တော်​ကျွန်​ယာ​ကုပ်၏​ဥ​စ္စာ​ဖြစ်​ပါ၏။ သ​ခင်​ဧ​သော​အား ဆက်​သ​လိုက်​သော လက်​ဆောင်​ဖြစ်​ပါ၏။ သူ​သည်​လည်း နောက်​မှာ​ရှိ​ပါ၏​ဟု၊ လျှောက်​ရ​မည်​ဟု မှာ​ထား​လေ၏။

သူ​တို့​က၊ မ​ဟုတ်​ပါ​သ​ခင်။ ကိုယ်​တော်၏​ကျွန်​တို့​သည် အ​စာ​ကို ဝယ်​ခြင်း​ငှာ​သာ​လာ​ကြ​ပါ၏။

ငါ့​သ​ခင်​သောက်​သော​ဖ​လား​မ​ဟုတ်​လော။ ထူး​ဆန်း​သော​ဉာဏ်​ကို​ဖြစ်​စေ​တတ်​သော ဖ​လား​မ​ဟုတ်​လော။ သင်​တို့​ပြု​သော​ဤ​အ​မှု​သည် မ​ကောင်း​ပါ​တ​ကား​ဟု ပြော​ဆို​လော့​ဟု မှာ​သည်​အ​တိုင်း၊

ယ​မန်​က​အိတ်​ဝ​တွင် တွေ့​သော​ငွေ​ကို၊ ခါ​နာန်​ပြည်​မှ ကိုယ်​တော်​ထံ​သို့ တစ်​ဖန်​ဆောင်​ခဲ့​ပါ​ပြီ။ သို့​ဖြစ်​လျှင် ကိုယ်​တော်၏​သ​ခင်​အိမ်၌​ရွှေ​ငွေ​ကို အ​ဘယ်​ကြောင့် ခိုး​ရ​ပါ​အံ့​နည်း။

အာ​ရုန်​က၊ သ​ခင်၊ အ​မျက်​မ​ထွက်​ပါ​နှင့်။ ဤ​လူ​တို့​သည် မ​ကောင်း​သော အ​ကြံ​ရှိ​ကြောင်း​ကို ကိုယ်​တော်​သိ​ပါ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်၌ ဆည်း​ပူး​သော​ဥ​စ္စာ၊ ကု​ရှ​ပြည်​သား၊ အ​ရပ်​မြင့်​သော သေ​ဘ​အ​မျိုး​သား ပြု​စု​သော​ကုန်​သွယ်​ဥ​စ္စာ​သည် သင့်​ဘက်​သို့​ရောက်၍၊ သင်၏​ဥ​စ္စာ ဖြစ်​ရ​လိမ့်​မည်။ ထို​သူ​တို့​သည် သင့်​နောက်​သို့​လိုက်၍ သံ​ကြိုး​နှင့်​ချည်​နှောင်​လျက် လမ်း၌ လျှောက်​သွား​ကြ​လိမ့်​မည်။ သင့်​ရှေ့​မှာ ပျပ်​ဝပ်၍၊ အ​ကယ်​စင်​စစ် ကိုယ်​တော်၌ ဘု​ရား​သ​ခင်​ရှိ​တော်​မူ၏။ ထို​ဘု​ရား​မှ​တစ်​ပါး အ​ခြား​သာ​ဘု​ရား​သ​ခင် မည်​မျှ​မ​ရှိ​ပါ​ဟူ၍ တောင်း​ပန်​ကြ​လိမ့်​မည်။

ရု​သ​က​လည်း သ​ခင် ကျွန်​မ​သည် ရှေ့​တော်၌​မျက်​နှာ​ရ​ပါ​စေ။ ကျွန်​မ​သည် ကိုယ်​တော်​ကျွန်​မ​တို့​နှင့် မ​တူ​သော်​လည်း၊ ကိုယ်​တော်​သည် လော​က​ဝတ်​စ​ကား​ကို​ပြော၍ ကျွန်​မ​ကို​နှစ်​သိမ့်​စေ​ပါ​ပြီ​ဟု လျှောက်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ