Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 23:11

Judson Bible

အ​ကျွန်ုပ်​သ​ခင်၊ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​ပါ။ ထို​လယ်​ပြင်​ကို​လည်း​ကောင်း၊ လယ်​ပြင်၌​ရှိ​သော​မြေ​တွင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ပေး​ပါ၏။ အ​ကျွန်ုပ်​အ​မျိုး​သား​များ​ရှေ့၌၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ပေး​ပါ၏။ ကိုယ်​တော်၏​မ​ယား​အ​သေ​ကောင်ကို သင်္ဂြိုဟ်​ပါ​ဟု၊ အာ​ဗြ​ဟံ​အား ပြန်​ပြော​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည်​လည်း၊ ထို​ပြည်​သား​များ​ရှေ့​မှာ ဦး​ညွှတ်​ချ​လျက်၊ အ​ကယ်၍ ငါ့​စ​ကား​ကို​နား​ထောင်​ပါ။

ဟေ​သ​အ​မျိုး​သား​ပ​ရိ​သတ်၌၊ မြို့​တံ​ခါး​သို့​ဝင်​သော​သူ​အ​ပေါင်း​တို့​ရှေ့​မှာ၊ အာ​ဗြ​ဟံ​ဥ​စ္စာ​ဖို့ လုံ​ခြုံ​စွာ​အပ်​ပေး​လေ​၏။

ကိုယ်​တော်​သည်၊ အ​ကျွန်ုပ်​တို့​တွင်၊ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​မင်း​ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့၏​သင်္ချိုင်း​များ​တွင်​ရွေး၍၊ ကိုယ်​တော်၏​မ​ယား​အ​သေ​ကောင်ကို သင်္ဂြိုဟ်​ပါ​လော့။ ကိုယ်​တော်၏​မ​ယား​အ​သေ​ကောင်ကို မ​သင်္ဂြိုဟ်​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်​တို့​တွင် အ​ဘယ်​သူ​မျှ မိ​မိ​သင်္ချိုင်း​ကို​မ​ပေး​ဘဲ​မ​နေ​ပါ​ဟု၊ အာ​ဗြ​ဟံ​အား ပြန်​ပြော​ကြ၏။

စေ​တ​နာ​ရှိ​သော​သူ​မူ​ကား၊ စေ​တ​နာ​နှင့်​ဆိုင်​သော အ​ကြံ​တို့​ကို ကြံ​စည်​တတ်၏။ စေ​တ​နာ​နှင့်​ဆိုင်​သော အ​ရာ​အား​ဖြင့် တည်​ရ​လိမ့်​မည်။

လူ​အ​သက်​ကို​သတ်၍ လူ​သတ်​ဖြစ်​သော​သူ​မည်​သည်​ကား၊ သက်​သေ​ခံ​ချက် ရှိ​သည်​အ​တိုင်း အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ သို့​ရာ​တွင် သက်​သေ​တစ်​ယောက်​တည်း​သာ​ရှိ​လျှင် မ​သတ်​ရ။

အ​ခြွေ​အ​ရံ​တို့​အား၊ ငွေ​တစ်​ပိဿာ​ကို သူ့​လက်​မှ နုတ်​ကြ။ အ​ခွက်​တစ်​ဆယ်​ရှိ​သော​သူ​အား ပေး​ကြ​ဟု မိန့်​တော်​မူ၏။-

သက်​သေ​ခံ​နှစ်​ယောက် သုံး​ယောက်​ရှိ​လျှင် သေ​ထိုက်​သော​သူ​သည် အ​သေ​ခံ​ရ​မည်။ သက်​သေ​ခံ​တစ်​ယောက်​တည်း​ရှိ​လျှင် အ​သေ​မ​ခံ​ရ။

လူ​သည် ပြု​မိ​သော​ဒု​စ​ရိုက်၊ ပြစ်​မှား​မိ​သော​အ​ပြစ်​ကို စစ်​ကြော​သော​အ​ခါ၊ သက်​သေ​ခံ​တစ်​ဦး​တည်း​ရှိ​လျှင် သူ၏​စ​ကား​မ​တည်​ရ။ သက်​သေ​ခံ​နှစ်​ဦး၊ သုံး​ဦး​အား​ဖြင့် စ​ကား​ရှိ​သ​မျှ​တို့​သည် တည်​ရ​လိမ့်​မည်။

ထို​အ​ခါ ဗော​ဇ​သည် မြို့​တံ​ခါး​ဝ​သို့​သွား၍ ထိုင်​သ​ဖြင့်၊ မ​နေ့​က​ပြော​သော အ​မျိုး​သား​ချင်း လျှောက်​သွား​သည်​ကို​မြင်​လျှင်၊ အို​မည်​သူ၊ လှည့်၍​ထိုင်​ပါ​တော့​ဟု ခေါ်​သည်​အ​တိုင်း သူ​သည် လှည့်၍​ထိုင်​လေ၏။

တံ​ခါး​ဝ၌​ရှိ​သော အ​သက်​ကြီး​သူ​များ၊ လူ​များ​အ​ပေါင်း​တို့​က​လည်း၊ ငါ​တို့​သည် သက်​သေ​ဖြစ်​ကြ၏။ သင့်​အိမ်​သို့​ရောက်​သော ဤ​မိန်း​မ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို တည်​ထောင်​သော မိန်း​မ​နှစ်​ယောက်၊ ရာ​ခေ​လ​နှင့် လေ​အာ​ကဲ့​သို့ ဖြစ်​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​ပါ​စေ​သော။ သင်​သည်​လည်း ဧ​ဖ​ရတ်​အ​ရပ်၌ အ​စွမ်း​သ​တ္တိ​နှင့်​ပြည့်​စုံ၍ ဗက်​လင်​မြို့၌ အ​သ​ရေ​ကျော်​စော​ခြင်း ရှိ​ပါ​စေ​သော။

သင့်​ကို​ငါ​တိုင်​ကြား​လျက်၊ ပြည်​သား​များ၊ ငါ​တို့​အ​မျိုး၌ အ​သက်​ကြီး​သူ​များ​ရှေ့​မှာ ဝယ်​ပါ​တော့​ဟု ပြော​မည်​အ​ကြံ​ရှိ​ပါ၏။ သင်​သည် ရွေး​လို​လျှင်​ရွေး​ပါ​တော့၊ မ​ရွေး​လို​လျှင် ကျွန်ုပ်​အား​ကြား​ပြော​ပါ​တော့။ သင်​မှ​တစ်​ပါး ရွေး​ပိုင်​သော​သူ​မ​ရှိ။ သင့်​နောက်​မှာ ကျွန်ုပ်​နေ​ရာ​ကျ​သည်​ဟု ဆို​သော်၊ အ​မျိုး​သား​ချင်း​က၊ ကျွန်ုပ်​ရွေး​မည်​ဟု ပြန်​ပြော၏။

ဗော​ဇ​က​လည်း၊ ဧ​လိ​မ​လက်​ဥ​စ္စာ၊ ခိ​လျုန်​ဥ​စ္စာ၊ မ​ဟာ​လုန်​ဥ​စ္စာ ဟူ​သ​မျှ​ကို နော​မိ​လက်​မှ​ငါ​ဝယ်၍၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ