Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 22:4

Judson Bible

သုံး​ရက်​မြောက်​သော​နေ့​၌ မျှော်​ကြည့်၍၊ ထို​အ​ရပ်​ကို​အ​ဝေး​က​မြင်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည် နံ​နက်​စော​စော​ထ၍၊ မြည်း​ကို​ကုန်း​နှီး​တင်​ပြီး​လျှင်၊ မိ​မိ​သား​ဣ​ဇာက်​နှင့် ငယ်​သား​နှစ်​ယောက်​ကို​ခေါ်၍၊ ယဇ်​ရှို့​စ​ရာ​ထင်း​ကို​ခွဲ​ပြီး​မှ၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော​အ​ရပ်​သို့ ထ​သွား​လေ၏။

ငယ်​သား​နှစ်​ယောက်​တို့​အား၊ သင်​တို့​သည် ဤ​အ​ရပ်၌​မြည်း​နှင့် အ​တူ​နေ​ရစ်​ကြ​လော့။ ငါ​သည်​သား​နှင့်​အ​တူ ထို​အ​ရပ်​သို့​သွား၍၊ ကိုး​ကွယ်​ခြင်း​ကို​ပြု​အံ့။ ထို​အ​မှု​ပြီး​မှ၊ သင်​တို့​ဆီ​သို့​ပြန်​လာ​ဦး​မည်​ဟု ဆို​လေ​၏။

သင်​သည် ငါ့​လူ​တို့၏ ဗိုလ်​ချုပ်​ဟေ​ဇ​ကိ​မင်း​ထံ​သို့ တစ်​ဖန်​သွား​ပြီး​လျှင်၊ သင့်​အ​ဘ​ဒါ​ဝိဒ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏​ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ပြီ။ သင်၏​မျက်​ရည်​ကို​လည်း ငါ​မြင်​ပြီ။ သင်၏​အ​နာ​ကို ငါ​ပျောက်​စေ​သ​ဖြင့်၊ သင်​သည် သုံး​ရက်​လွန်​လျှင် ဗိ​မာန်​တော်​သို့​တက်​ရ​လိမ့်​မည်။

သုံး​ရက်​မြောက်​သော​နေ့၌၊ ဧ​သ​တာ​သည် မိ​ဖု​ရား​အ​ဝတ်​တန်​ဆာ​ကို ဝတ်​ဆင်၍၊ နန်း​တော် အ​ဆောင်​မ တစ်​ဖက်​တစ်​ချက်၊ နန်း​တော်​အ​တွင်း တံ​တိုင်း​ထဲ​မှာ ရပ်​နေ၏။ ရှင်​ဘု​ရင်​သည် နန်း​တော်​တံ​ခါး တစ်​ဖက်​တစ်​ချက်၊ နန်း​တော်​ထဲ၊ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ၏။

ထို​နောက် မော​ရှေ​သည် ဣ​သ​ရေ​လ​လူ​တို့​ကို၊ ဧ​ဒုံ​ပင်​လယ်​မှ​ဆောင်​သွား၍၊ သူ​တို့​သည် ရှု​ရ​တော​သို့​ရောက်​ကြ၏။ ထို​တော​၌ သုံး​ရက်​ခ​ရီး​သွား၍ ရေ​ကို​မ​တွေ့​မ​ရ​ကြ။

သုံး​ရက်​မြောက်​သော​နေ့​၌ အ​သင့်​ရှိ​နေ​စေ​လော့။ အ​ကြောင်း​မူ​ကား၊ သုံး​ရက်​မြောက်​သော​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​အ​ပေါင်း​တို့​ရှေ့၊ သိ​နာ​တောင်​ပေါ်​သို့ ဆင်း​သက်​တော်​မူ​မည်။

မော​ရှေ​က​လည်း၊ သုံး​ရက်​မြောက်​သော​နေ့၌ အ​သင့်​ရှိ​စေ​ကြ​လော့။ မ​ယား​ကို မ​ချဉ်း​ကြ​နှင့်​ဟု လူ​တို့​အား​ဆို​လေ​၏။

သူ​တို့​က​လည်း၊ ဟေ​ဗြဲ​လူ​တို့၏​ဘု​ရား​သ​ခင်​သည် ကျွန်​တော်​တို့​နှင့် တွေ့​တော်​မူ​ပြီ။ တော​သို့​သုံး​ရက်​ခ​ရီး​သွား၍၊ ကျွန်​တော်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ။ သို့​မ​ဟုတ် ကာ​လ​နာ​ဘေး၊ ဓား​ဘေး​တစ်​စုံ​တစ်​ခု​ဖြင့် ကျွန်​တော်​တို့​ကို ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို၏။

နှစ်​ရက်​လွန်​ပြီး​မှ ငါ​တို့​ကို အ​သက်​ရှင်​စေ၍၊ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​စေ​တော်​မူ​သ​ဖြင့်၊ အ​ထံ​တော်၌ ငါ​တို့​သည် အ​သက်​ရှင်​ကြ​လိမ့်​မည်။

ကြွင်း​သေး​သော​အ​သား​ကို​လည်း သန်​ဘက်​နေ့၌​မီး​ရှို့​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ တောင်​တော်​မှ​ထွက်၍၊ သုံး​ရက်​ကွာ​သော​ခ​ရီး​ကို သွား​ကြ၏။ ထို​သုံး​ရက်​ကွာ​သော​ခ​ရီး​ကို သွား​ကြ​စဉ်၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​သည် သူ​တို့​အ​ဖို့ စ​ခန်း​ချ​ရာ​အ​ရပ်​ကို​ရှာ၍ သူ​တို့​ရှေ့​က​သွား​လေ၏။

သုံး​ရက်​မြောက်​သော​နေ့၌ ထို​ပြာ​နှင့် ကိုယ်​ကို​သန့်​ရှင်း​စေ၍၊ ခု​နစ်​ရက်​မြောက်​သော​နေ့၌ စင်​ကြယ်​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ကိုယ်​ကို​မ​သန့်​ရှင်း​စေ​လျှင်၊ ခု​နစ်​ရက်​မြောက်​သော​နေ့​တိုင်​အောင် မ​စင်​ကြယ်​ရ။

စင်​ကြယ်​သော​သူ​သည် မ​စင်​ကြယ်​သော​သူ​ကို သုံး​ရက်​မြောက်​သော​နေ့၊ ခု​နစ်​ရက်​မြောက်​သော​နေ့၌ ဖျန်း​ရ​မည်။ ခု​နစ်​ရက်​မြောက်​သော​နေ့၌ ကိုယ်​ကို​သန့်​ရှင်း​စေ​လျက်၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ရေ​ချိုး​လျှင်၊ ညဉ့်​ဦး​အ​ချိန်​တွင် စင်​ကြယ်​လိမ့်​မည်။

သင်​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး တပ်​ပြင်​မှာ​နေ​ရ​ကြ​မည်။ လူ​ကို​သတ်​သော​သူ၊ အ​သေ​ကောင်​ကို​ထိ​သော​သူ အ​ပေါင်း​တို့​ကိုယ်​ကို​လည်း​ကောင်း၊ သိမ်း​ယူ​သော​သူ​တို့​ကို​လည်း​ကောင်း တ​တိ​ယ​နေ့၊ သ​တ္တ​မ​နေ့၌ စင်​ကြယ်​စေ​ကြ​လော့။

သူ​တို့​သည် သတ်​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။ သူ​တို့​သည်​လည်း အ​လွန်​ဝမ်း​နည်း​ခြင်း​ရှိ​ကြ၏။

ယ​ခု​နေ့​နှင့် နက်​ဖြန်​နေ့၌ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်၍ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ၏။ သုံး​ရက်​မြောက်​သော​နေ့၌ စုံ​လင်​ခြင်း​သို့ ရောက်​မည်​အ​ရာ​ကို ထို​မြေ​ခွေး​အား ပြော​ကြ​လော့။-

သင်္ဂြိုဟ်​ပြီး​မှ၊ ကျမ်း​စာ​လာ​သည်​အ​တိုင်း သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​တော်​မူ၏။-

တပ်​တစ်​လျှောက်​လုံး​သို့ သွား​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​ပိုင်​ပေး​တော်​မူ​သော​ပြည်​ကို ဝင်​စား​ခြင်း​ငှာ၊ သုံး​ရက်​အ​တွင်း​တွင် ဤ​ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​ရ​သော​ကြောင့် ရိ​က္ခာ​ကို ပြင်​ဆင်​ရ​ကြ​မည်​အ​ကြောင်း၊ လူ​များ​တို့​အား ဆင့်​ဆို​ကြ​လော့​ဟု မှာ​ထား​လေ၏။

ထို​အ​ခါ​ဒါ​ဝိဒ်​သည် ကျယ်​သော​ချိုင့် တစ်​ဖက်​သို့​ကူး၍၊ ဝေး​သော တောင်​ထိပ်​အ​ပေါ်​မှာ​ရပ်​လျက်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ