Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 22:3

Judson Bible

အာ​ဗြ​ဟံ​သည် နံ​နက်​စော​စော​ထ၍၊ မြည်း​ကို​ကုန်း​နှီး​တင်​ပြီး​လျှင်၊ မိ​မိ​သား​ဣ​ဇာက်​နှင့် ငယ်​သား​နှစ်​ယောက်​ကို​ခေါ်၍၊ ယဇ်​ရှို့​စ​ရာ​ထင်း​ကို​ခွဲ​ပြီး​မှ၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော​အ​ရပ်​သို့ ထ​သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည်​လည်း၊ သား​ဣ​ရှ​မေ​လ​မှ​စ၍၊ ကိုယ်​အိမ်၌ ဖွား​သော​သူ​အ​ပေါင်း၊ ကိုယ်​ငွေ​နှင့်​ဝယ်​သော​သူ​အ​ပေါင်း​တည်း​ဟူ​သော၊ အာ​ဗြ​ဟံ​အိမ်​နှင့်​ဆိုင်​သော ယောက်ျား​အ​ပေါင်း​တို့​ကို​ယူ၍၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​အ​တိုင်း၊ တစ်​နေ့​ချင်း​တွင် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ပေး​လေ​၏။

အာ​ဗြ​ဟံ​သည် နံ​နက်​စော​စော​ထ၍၊ မုန့်​နှင့် ရေ​ဘူး​ကို​ယူ​သ​ဖြင့်၊ ဟာ​ဂ​ရ​ပ​ခုံး၌​တင်​ပြီး​လျှင်၊ သူ​ငယ်​ကို​အပ်၍ ကျွန်​မ​ကို လွှတ်​လိုက်​လေ၏။ သူ​သည်​လည်း​သွား၍၊ ဗေ​ရ​ရှေ​ဘ​တော၌ လှည့်​လည်​လျက်​နေ၏။

သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့်၊ လူ​မျိုး​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု ငါ၏​စ​ကား​ကို​သင်​နား​ထောင်​သော​ကြောင့်၊ ငါ​သည်​ကိုယ်​ကို ကိုယ်​တိုင်​တည်၍​ကျိန်​ဆို၏​ဟု ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​လေ၏။

သင်​သည် အ​လွန်​ချစ်​သော​တစ်​ယောက်​တည်း​သော သား​ဣ​ဇာက်​ကို​ယူ၍၊ မော​ရိ​ပြည်​သို့​သွား​လော့။ ငါ​ပြ​လ​တ္တံ့​သော​တောင်​ပေါ်​မှာ၊ သူ့​ကို​မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​လော့​ဟု မိန့်​တော်​မူ၏။

သုံး​ရက်​မြောက်​သော​နေ့​၌ မျှော်​ကြည့်၍၊ ထို​အ​ရပ်​ကို​အ​ဝေး​က​မြင်​လျှင်၊

ပ​ညတ်​တော်​တို့​ကို​စောင့်​ခြင်း​ငှာ မ​ဖင့်​မ​နွှဲ အ​လျင်​အ​မြန် ပြု​ပါ​၏။

ဆောင်​ရွက်​စ​ရာ​အ​မှု​ရှိ​သ​မျှ​ကို ကြိုး​စား​အား​ထုတ်၍ ဆောင်​ရွက်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​ယ​ခု​သွား၍ ရောက်​ရ​လ​တ္တံ့​သော​အ​ရပ်​တည်း​ဟူ​သော မ​ရ​ဏ​နိုင်​ငံ၌ လုပ်​ဆောင်​ခြင်း​မ​ရှိ။ ကြံ​စည်​ခြင်း​မ​ရှိ။ သိ​ပ္ပံ​အ​တတ်​မ​ရှိ။ ပ​ညာ​မ​ရှိ​ပါ​တ​ကား။

အ​ကြင်​သူ​သည် ငါ့​ကို​ချစ်​သည်​ထက် မိ​ဘ​ကို သာ၍​ချစ်၏။ ထို​သူ​သည် ငါ​နှင့်​မ​ထိုက်​မ​တန်။ အ​ကြင်​သူ​သည် ငါ့​ကို ချစ်​သည်​ထက် သား​သ​မီး​ကို သာ၍​ချစ်၏။ ထို​သူ​သည် ငါ​နှင့် မ​ထိုက်​မ​တန်။-

အ​ကြင်​သူ​သည် ငါ့​ထံ​သို့​လာ၍ မိ​ဘ၊ သား​မ​ယား၊ ညီ​အစ်​ကို၊ နှ​မ​တို့​ကို​လည်း​ကောင်း၊ ထို​မျှ​မ​က မိ​မိ​အ​သက်​ကို​လည်း​ကောင်း မ​မုန်း၊ ထို​သူ​သည် ငါ့​တ​ပည့်​မ​ဖြစ်​နိုင်​ရာ။-

သား​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့၌ ဟော​ပြော​စေ​မည်​အ​ကြောင်း၊ မိ​မိ​အ​လို​တော် နှင့်​အ​ညီ သား​တော်​ကို ငါ့​အား ပြ​တော်​မူ​သော​အ​ခါ၊ ငါ​သည်​အ​သွေး​အ​သား​နှင့် တိုင်​ပင်​ခြင်း​ကို​မ​ပြု။-

အာ​ဗြ​ဟံ​သည် အ​မွေ​ခံ​ရ​လ​တ္တံ့​သော​ပြည်​သို့ ထွက်​သွား​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​ခေါ်​တော်​မူ​သော​အ​ခါ၊ သူ​သည် အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို ကိုယ်​တိုင်​မ​သိ​ဘဲ​လျက်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် နား​ထောင်၍ ထွက်​သွား​လေ၏။-

ယော​ရှု​သည် နံ​နက်​စော​စော​ထ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ ရှိ​တ္တိမ်​မြို့​မှ​ပြောင်း၍ ယော်​ဒန်​မြစ်​ကို​မ​ကူး​မီ မြစ်​နား​တွင် စ​ခန်း​ချ​ကြ၏။

နံ​နက်​စော​စော​ထ၍ လူ​များ​တို့​ကို ရေ​တွက်​ပြီး​မှ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​နှင့်​အ​တူ အာ​ဣ​မြို့​သို့ အ​ဦး​ချီ​သွား​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ