သားရှစ်ယောက်တို့ကို၊ အာဗြဟံအစ်ကို နာခေါ်၏မယားမိလခါ ဖွားမြင်လေ၏။ ဗေသွေလကား၊ ရေဗက္ကအဘတည်း။
အာဗြံနှင့်နာခေါ်သည် မယားကိုယူ၍၊ အာဗြံ၏ မယားကား၊ စာရဲအမည်ရှိ၏။ နာခေါ်၏မယားကား၊ ခါရန်၏သမီးမိလခါ အမည်ရှိ၏။ ခါရန်သည် မိလခါနှင့် ဣသခ၏အဘဖြစ်သတည်း။
ခေသက်၊ ဟာဇော၊ ပိလဒါရှ၊ ယိဒလပ်၊ ဗေသွေလတည်းဟူသော၊
ရုမာအမည်ရှိသော နာခေါ်၏မယားငယ်သည်လည်း တေဘ၊ ဂါဟံ၊ သဟာရှ၊ မာခါတို့ကို ဖွားမြင်လေ၏။
ထိုသို့လျှောက်ဆို၍မပြီးမီ၊ အာဗြဟံအစ်ကိုနာခေါ်မယား၊ မိလခါသား၊ ဗေသွေလ၏သမီးရေဗက္ကသည်၊ ရေဘူးကိုထမ်းလျက် ထွက်လာသည်ကိုမြင်၏။
မိန်းမက၊ ကျွန်ုပ်သည် နာခေါ်၏မယားမိလခါဖွားမြင်သော၊ ဗေသွေလ၏သမီးဖြစ်သည်ဟူ၍လည်းကောင်း၊
ကျွန်ုပ်ကလည်း၊ သင်သည် အဘယ်သူ၏သမီးဖြစ်သနည်းဟုမေးသော်၊ သူက၊ ကျွန်ုပ်သည် မိလခါဖွားမြင်သော နာခေါ်သားဗေသွေလ၏သမီးဖြစ်သည် ဟုပြောဆို၏။ ကျွန်ုပ်သည်လည်း၊ သူ၏မျက်နှာ၌ နှာဆွဲကိုလည်းကောင်း၊ သူ၏လက်၌ လက်ကောက်တို့ကိုလည်းကောင်းထည့်ပြီးလျှင်၊
ရေဗက္ကသည် သင့်ရှေ့၌ရှိပါ၏။ ယူသွားပါလော့။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သင်၏သခင်သား၏မယားဖြစ်စေဟု ပြန်ဆို၏။
ရေဗက္ကကိုလည်း၊ သင်သည်ကျွန်ုပ်တို့၏နှမဖြစ်၏။ အသောင်းအသိန်းတို့၏အမိ ဖြစ်ပါစေသော။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ တံခါးများကိုအစိုးရပါစေသောဟု ကောင်းချီးပေးကြ၏။
ဣဇာက်သည် မိမိအမိစာရာ၏တဲသို့ ရေဗက္ကကိုဆောင်ယူ၍ စုံဖက်လေ၏။ ရေဗက္ကကိုချစ်နှစ်မြို့သဖြင့်၊ အမိသေသောအမှု၌ သက်သာခြင်းသို့ရောက်လေ၏။
ဣဇာက်သည်၊ အသက်လေးဆယ်ရှိသောအခါ၊ ပါဒနာရံအရပ်သူ၊ ရှုရိအမျိုးဗေသွေလ၏သမီး၊ ရှုရိလူလာဗန်၏နှမရေဗက္ကနှင့် အိမ်ထောင်လေ၏။
အမိ၏အဘ ဗေသွေလအမျိုးသားနေရာ ပါဒနာရံအရပ်သို့ ထ၍သွားလော့။ သင့်ဦးရီးလာဗန်၏သမီးတစ်စုံတစ်ယောက်နှင့် အိမ်ထောင်ဖက်ပြုလော့။
ထိုသို့ယာကုပ်နှင့် ဧသော၏အမိ၊ ရေဗက္က၏မောင်၊ ရှုရိလူဗေသွေလသား လာဗန်နေရာ ပါဒနာရံပြည်သို့ ယာကုပ်သွားလေ၏။
ထိုမျှမက၊ ရေဗက္ကသည် ငါတို့အဘဣဇာက်နှင့် စုံဖက်၍ ပဋိသန္ဓေစွဲယူသောအခါ၊-