ထိုနောက်မှ၊ အာဗြဟံကြားသောသတင်းစကားဟူမူကား၊ သင်၏အစ်ကိုနာခေါ်မယားမိလခါသည် သားကိုဖွားမြင်လေပြီ။
တေရသည် အသက်ခုနစ်ဆယ်ရှိသော်၊ သားအာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။
တေရ၏သားစဉ်မြေးဆက်ဟူမူကား၊ တေရသည် အာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။
အာဗြံနှင့်နာခေါ်သည် မယားကိုယူ၍၊ အာဗြံ၏ မယားကား၊ စာရဲအမည်ရှိ၏။ နာခေါ်၏မယားကား၊ ခါရန်၏သမီးမိလခါ အမည်ရှိ၏။ ခါရန်သည် မိလခါနှင့် ဣသခ၏အဘဖြစ်သတည်း။
ထိုနောက်မှ ဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍၊ အချင်းအာဗြံ၊ မစိုးရိမ်နှင့်။ ငါသည် သင်၏အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည်အလွန်ကြီးလှ၏ဟု မိန့်တော်မူလျှင်၊
သားအကြီးဟုဇ၊ သူ့ညီဗုဇ၊ အာရံအဘကေမွေလ၊
ထိုကျွန်သည်လည်း၊ မိမိသခင်၏ဥစ္စာရှိသမျှကို စီရင်သောသူဖြစ်၍၊ သခင်၏ကုလားအုတ်စုထဲက၊ ကုလားအုတ်ဆယ်စီးကိုယူ၍ထသွားသဖြင့်၊ မေသောပေါတာမိတိုင်း၊ နာခေါ်မြို့သို့ ရောက်လေ၏။
ထိုသို့လျှောက်ဆို၍မပြီးမီ၊ အာဗြဟံအစ်ကိုနာခေါ်မယား၊ မိလခါသား၊ ဗေသွေလ၏သမီးရေဗက္ကသည်၊ ရေဘူးကိုထမ်းလျက် ထွက်လာသည်ကိုမြင်၏။
မိန်းမက၊ ကျွန်ုပ်သည် နာခေါ်၏မယားမိလခါဖွားမြင်သော၊ ဗေသွေလ၏သမီးဖြစ်သည်ဟူ၍လည်းကောင်း၊
အာဗြဟံ၏ဘုရားသခင်၊ နာခေါ်၏ဘုရားသခင်၊ သင့်အဘ၏ဘုရားသခင်သည် ငါတို့စပ်ကြား၌ စီရင်တော်မူစေသတည်းဟူ၍လည်းကောင်း၊ ယာကုပ်အားဆို၏။ ယာကုပ်သည်လည်း၊ မိမိအဘကြောက်ရွံ့ရာ ဘုရားကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလေ၏။
ဝေးသောပြည်မှရောက်လာသော ဝမ်းမြောက်စရာသတင်းစကားသည် ရေငတ်သောသူ၌ ချမ်းဧသောရေကဲ့သို့ ဖြစ်၏။