Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 22:2

Judson Bible

သင်​သည် အ​လွန်​ချစ်​သော​တစ်​ယောက်​တည်း​သော သား​ဣ​ဇာက်​ကို​ယူ၍၊ မော​ရိ​ပြည်​သို့​သွား​လော့။ ငါ​ပြ​လ​တ္တံ့​သော​တောင်​ပေါ်​မှာ၊ သူ့​ကို​မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​လော့​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​က၊ သင်၏​မ​ယား​စာ​ရာ​သည် သင်​အား​သား​ကို​ဖွား​လိမ့်​မည်။ ထို​သား​ကို​လည်း ဣ​ဇာက်​အ​မည်​ဖြင့်​မှည့်​ရ​မည်။ သူ၌​လည်း​ကောင်း၊ သူ့​နောက်​မှ သူ၏​အ​မျိုး​အ​နွယ်၌​လည်း​ကောင်း ငါ၏​ပ​ဋိ​ညာဉ်​ကို ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။

သို့​ရာ​တွင် ဘု​ရား​သ​ခင်​က၊ ထို​သူ​ငယ်​နှင့် သင်၏​ကျွန်​မ​ကြောင့်၊ ဤ​အ​မှု​ခက်​သည်​ဟု မ​ထင်​နှင့်။ စာ​ရာ​ပြော​လေ​ရာ​ရာ၌ သူ၏​စ​ကား​ကို နား​ထောင်​လော့။ အ​ကြောင်း​မူ​ကား၊ ဣ​ဇာက်၌​သာ သင်၏​အ​မျိုး​တည်​လိမ့်​မည်။

အာ​ဗြ​ဟံ​သည်​လည်း၊ မိ​မိ​ရ​သော​သား​တည်း​ဟူ​သော၊ စာ​ရာ​ဖွား​သော​သား​ကို ဣ​ဇာက်​အ​မည်​ဖြင့် မှည့်​လေ၏။

ထို​လု​လင်​ကို မ​ထိ​မ​ခိုက်​နှင့်။ အ​လျှင်း​မ​ပြု​နှင့်။ သင်​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သည်​ဟု ယ​ခု​ငါ​သိ၏။ အ​ကြောင်း​မူ​ကား၊ သင်၏​သား၊ သင်၌​တစ်​ယောက်​တည်း​သော​သား​ကို​ငါ​တောင်း၍၊ သင်​သည်​ငါ့​ကို​မ​ငြင်း​ဟု မိန့်​တော်​မူ၏။

သင်​သည် ဤ​အ​မှု​ကို​ပြု၍၊ သင်၏​သား၊ သင်၌​တစ်​ယောက်​တည်း​သော​သား​ကို၊ ငါ့​အား​မ​ငြင်း​သော​ကြောင့်၊

အာ​ဗြ​ဟံ​သည် နံ​နက်​စော​စော​ထ၍၊ မြည်း​ကို​ကုန်း​နှီး​တင်​ပြီး​လျှင်၊ မိ​မိ​သား​ဣ​ဇာက်​နှင့် ငယ်​သား​နှစ်​ယောက်​ကို​ခေါ်၍၊ ယဇ်​ရှို့​စ​ရာ​ထင်း​ကို​ခွဲ​ပြီး​မှ၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော​အ​ရပ်​သို့ ထ​သွား​လေ၏။

ထို​သို့​နှစ်​ယောက်​အ​တူ​သွား၍၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော​အ​ရပ်​သို့ ရောက်​ကြ​သော​အ​ခါ၊ အာ​ဗြ​ဟံ​သည် ယဇ်​ပ​လ္လင်​ကို​တည်၍ ထင်း​ကို​ခင်း​ပြီး​လျှင်၊ သား​ဣ​ဇာက်​ကို​ချည်​နှောင်၍၊ ယဇ်​ပ​လ္လင်၌ ထင်း​ပေါ်​မှာ​တင်​ထား၏။

နော​ဧ​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​မှ စင်​ကြယ်​သော​သား၊ စင်​ကြယ်​သော​ငှက်​အ​မျိုး​မျိုး​ထဲ​က​ယူ၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​လေ၏။

နောက်​မှ​မိ​မိ​ကိုယ်​စား နန်း​ထိုင်​ထိုက်​သော​သား​ဦး​ကို​ယူ၍ မြို့​ရိုး​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​ပြု​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ​တစ်​ပါး​အ​မျက်​ထွက်​ခြင်း​ကို ခံ​ရ​သော​ကြောင့်၊ ထို​ပြည်​ကို​ထား၍ ကိုယ်​ပြည်​သို့ ပြန်​သွား​ကြ၏။

ယေ​ရု​ရှ​လင်​မြို့​တွင်၊ မော​ရိ​တောင်​ပေါ်​မှာ ခ​မည်း​တော်​ဒါ​ဝိဒ်​အား ထာ​ဝ​ရ​ဘု​ရား ထင်​ရှား​တော်​မူ​ရာ​အ​ရပ်၊ ယေ​ဗု​သိ​လူ​အ​ရော​န၏​ကောက်​နယ်​တ​လင်း​ကို ဒါ​ဝိဒ်​ပြင်​ဆင်​ခဲ့​ပြီး​သော​အ​ရပ်၌ ရှော​လ​မုန်​သည် နန်း​စံ​လေး​နှစ်၊ ဒု​တိ​ယ​လ၊ နှစ်​ရက်​နေ့​တွင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို တည်​စ​ပြု​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သိုး​ထီး​တစ်​ထောင်၊ ဆီ​မြစ်​တစ်​သောင်း​ကို အား​ရ​နှစ်​သက် တော်​မူ​မည်​လော။ ငါ့​လွန်​ကျူး​ခြင်း​အ​တွက် ငါ၏​သား​ဦး​ကို​လည်း​ကောင်း၊ ငါ့​စိတ်​ဝိ​ညာဉ်၏ အ​ပြစ်​အ​တွက် ငါ၏​ရင်​သွေး​ကို​လည်း​ကောင်း ပူ​ဇော်​ရ​မည်​လော၊

ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။-

ငါ​တို့​သည် အ​ပြစ်​ရှိ​စဉ်​ပင်၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ငါ​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မူ၏။-

မိ​မိ​သား​တော်​ရင်း​ကို မ​နှ​မြော​ဘဲ၊ ငါ​တို့​ရှိ​သ​မျှ အ​ဖို့​အ​လို​ငှာ စွန့်​တော်​မူ​သော​သူ​သည်၊ သား​တော်​နှင့်​တ​ကွ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ​တို့​အား​မ​ပေး​ဘဲ အ​ဘယ်​သို့ နေ​တော်​မူ​မည်​နည်း။-

အာ​ဗြ​ဟံ​သည် စုံ​စမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​သော​အ​ခါ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဣ​ဇာက်​ကို​ပူ​ဇော်၏။-

အ​ကျွန်ုပ်​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ရှိ​ရာ​မှ ငြိမ်​ဝပ်​စွာ ပြန်​လာ​သော​အ​ခါ၊ အ​ကျွန်ုပ်​ကို ခ​ရီး​ဦး​ကြို ပြု​အံ့​သော​ငှာ အ​ကျွန်ုပ်​အိမ်​တံ​ခါး​ဝ​မှ ထွက်​လာ​သော​သူ မည်​သည်​ကို ထာ​ဝ​ရ​ဘု​ရား​အား အ​မှန်​ဆက်​သ၍ မီး​ရှို့​ရာ​ယဇ် ပူ​ဇော်​ပါ​မည်​ဟု သ​စ္စာ​က​တိ​ထား​ပြီး​မှ၊

နှစ်​လ​စေ့​သော​အ​ခါ အ​ဘ​ထံ​သို့ ပြန်​လာ၍၊ အ​ဘ​သည် သ​စ္စာ​က​တိ​ရှိ​သည်​အ​တိုင်း​ပြု​လေ၏။ ထို​မိန်း​မ​သည် ယောက်ျား​နှင့် မ​ဆက်​ဆံ​သော​သူ​ဖြစ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ