ထိုသူငယ်ဣဇာက်သည် ကြီးပွား၍ နို့နှင့်ကွာလေ၏။ နို့ကွာသောနေ့၌ အာဗြဟံသည် ပွဲကြီးလုပ်လေ၏။
ကျပ်ကျပ်သွေးဆောင်သောကြောင့် တစ်ဖန်လောတနေရာသို့လှည့်၍၊ သူ၏အိမ်သို့ဝင်ကြ၏။ လောတလည်း၊ သူတို့အဖို့ပွဲလုပ်၍၊ တဆေးမပါသောမုန့်ကိုပေါင်းပြီးမှ၊ သူတို့သည်စားကြ၏။
စာရာသည်သားကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံအား အဘယ်သူပြောနှင့်ရသနည်း။ သူသည်အသက်ကြီးသောအခါ၊ ငါသည်သားကိုဖွားပြီဟူ၍လည်းကောင်း ဆိုလေ၏။
အဲဂုတ္တုအမျိုးသားဟာဂရတွင် အာဗြဟံရသောသားသည် ဆဲရေးသည်ကို စာရာသိမြင်လျှင်၊
ဣဇာက်သည်၊ သူတို့အဖို့ စားသောက်ပွဲကိုလုပ်၍၊ အတူစားသောက်ကြ၏။
လာဗန်သည် ထိုအရပ်၌နေသော သူအပေါင်းတို့ကိုစည်းဝေးစေ၍ ပွဲလုပ်လေ၏။
ထိုနောက်သုံးရက်လွန်သောအခါ၊ ဖာရောမင်းဖွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ ကျွန်တော်မျိုးအပေါင်းတို့ကို ကျွေးမွေးတော်မူစဉ်တွင်၊ ဖလားတော်ဝန်၏ဦးခေါင်းနှင့် စားတော်ဝန်၏ဦးခေါင်းကို ကျွန်တော်မျိုးတို့တွင်ဖော်တော်မူ၍၊
လူနှစ်ကျိပ်ပါလျက် ဒါဝိဒ်ရှိရာဟေဗြုန်မြို့သို့ရောက်သဖြင့်၊ ဒါဝိဒ်သည်ပွဲလုပ်၍ အာဗနာနှင့် သူ၏လူတို့ကို ကျွေး၏။
ရှောလမုန်သည် နိုး၍ အိပ်မက်ဖြစ်မှန်းကိုသိ၏။ တစ်ဖန် ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့မှာ ရပ်လျက်၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်၍ ကျွန်အပေါင်းတို့အဖို့ ပွဲကို စီရင်တော်မူ၏။
ပေရသိဗိုလ်၊ မေဒိဗိုလ်များ၊ အပြည်ပြည်သော မှူးမတ်ဝန်မင်းများတို့ကို ခေါ်၍၊ မှူးတော် မတ်တော် ကျွန်တော်အပေါင်းတို့အဖို့ ပွဲလုပ်တော်မူ၏။
အကယ်စင်စစ် အကျွန်ုပ်သည် အမိနို့နှင့် ကွာသော သူငယ်ကဲ့သို့၊ ကိုယ်စိတ်ကိုဖြေ၍ ငြိမ်းစေပါပြီ။ အကျွန်ုပ်စိတ်နှလုံးသည် နို့ကွာသောသူငယ်ကဲ့သို့ ဖြစ်ပါ၏။
လောရုဟာမာကို နို့ခွာသောအခါ၊ အမိသည် ပဋိသန္ဓေယူပြန်၍ သားယောက်ျားကို ဖွားမြင်လေ၏။
အဘသည်လည်း၊ မိန်းမနေရာအရပ်သို့ သွားပြန်၍ ရှံဆုန်သည် လူပျိုထုံးစံအတိုင်း ပွဲလုပ်လေ၏။
ရှံဆုန်ကလည်း၊ သင်တို့အား စကားဝှက်ကို ငါပြောမည်။ ပွဲခံရာခုနစ်ရက်တွင် ဖော်ပြနိုင်လျှင် ခြုံထည်သုံးဆယ်၊ အင်္ကျီသုံးဆယ်ကို ငါပေးမည်။
ဟန္နက၊ နို့နှင့်ကွာပြီးမှ သူငယ်ကို ဆောင်သွားပါမည်။ ထိုအခါ သူသည် ထာဝရဘုရားရှေ့တော်သို့ ရောက်၍ အမြဲနေရလိမ့်မည်ဟု ဆိုလျှင်၊
နို့ကွာပြီးမှ၊ အသက်သုံးနှစ်ရှိသော နွားတစ်ကောင်၊ မုန့်ညက် တစ်ဧဖာ၊ စပျစ်ရည်တစ်ဘူးနှင့်တကွ သူငယ်ကိုဆောင်သွား၍၊ ရှိလောမြို့၌ ထာဝရဘုရား၏ အိမ်တော်သို့ ရောက်လေ၏။ ထိုအခါ သူငယ်သည် အသက်နုသေး၏။
အဘိဂဲလသည်လည်း နာဗလထံသို့ ပြန်သွား၍၊ သူသည် ရှင်ဘုရင်၏ ပွဲကဲ့သို့သောပွဲကို မိမိအိမ်၌ခံသဖြင့်၊ ယစ်မူး၍ စိတ်ရွှင်လန်းလျက် နေသောကြောင့်၊ မိုးမလင်းမီ မယားသည် အလျှင်းမပြော။