Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 21:7

Judson Bible

စာ​ရာ​သည်​သား​ကို​နို့​တိုက်​လိမ့်​မည်​ဟု အာ​ဗြ​ဟံ​အား အ​ဘယ်​သူ​ပြော​နှင့်​ရ​သ​နည်း။ သူ​သည်​အ​သက်​ကြီး​သော​အ​ခါ၊ ငါ​သည်​သား​ကို​ဖွား​ပြီ​ဟူ၍​လည်း​ကောင်း ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​အာ​ဗြ​ဟံ​သည်​ပျပ်​ဝပ်​လျက်၊ အ​သက်​တစ်​ရာ​ရှိ​သော​သူ​သည် သား​ကို​ရ​လိမ့်​မည်​လော။ အ​သက်​ကိုး​ဆယ်​ရှိ​သော စာ​ရာ​သည်​သား​ကို​ဖွား​လိမ့်​မည်​လော​ဟု ရယ်​လျက်၊ စိတ်​နှ​လုံး​ထဲ​မှာ​အောက်​မေ့​ပြီး​လျှင်၊

သင်၏​မ​ယား​စာ​ရာ​က၊ အ​ကယ်၍ ငါ​သည်​အို​ပြီး​မှ၊ သား​ကို​ဖွား​လိမ့်​မည်​လော​ဟု​ဆို​လျက်၊ အ​ဘယ်​ကြောင့် ရယ်​သ​နည်း။

ထို​သူ​ငယ်​ဣ​ဇာက်​သည် ကြီး​ပွား၍ နို့​နှင့်​ကွာ​လေ၏။ နို့​ကွာ​သော​နေ့၌ အာ​ဗြ​ဟံ​သည် ပွဲ​ကြီး​လုပ်​လေ၏။

တာ​ပ​နက်၏​ညီ​မ​သည် သား​ဂေ​နု​ဗက်​ကို ဖွား​မြင်၍၊ တာ​ပ​နက်​သည် နန်း​တော်၌​နို့​ခွာ​သ​ဖြင့်၊ ဂေ​နု​ဗတ်​သည် နန်း​တော်၌ ဖာ​ရော​ဘု​ရင်၏ သား​များ​နှင့်​အ​တူ​နေ၏။

နံ​နက်​အ​ချိန်၌ ကျွန်​တော်​မ​သည် သား​ငယ်​ကို နို့​တိုက်​မည်​ထ​သော​အ​ခါ၊ သား​ငယ်​သည် သေ​လျက်​ရှိ​ပါ၏။ သို့​ရာ​တွင် ကျွန်​တော်​မ​သည် သေ​သော​သူ​ငယ်​ကို​စေ့​စေ့​ကြည့်​ရှု​သော​အ​ခါ၊ ကျွန်​တော်​မ ဖွား​မြင်​သော​သား​မ​ဟုတ်​ပါ​ဟု လျှောက်၏။

ကိုယ်​တော်​သည် ကြီး​မြတ်၍ အံ့​ဩ​ဖွယ်​တို့​ကို ပြု​တော်​မူ၏။ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင် ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ဘု​ရား​တို့​တွင် ကိုယ်​တော်​နှင့်​တူ​သော ဘု​ရား​မ​ရှိ​ပါ။ အ​မှု​တော်​နှင့်​တူ​သော အ​မှု​လည်း​မ​ရှိ​ပါ။

သင်​က​လည်း၊ ဤ​သူ​တို့​ကို ငါ့​အား အ​ဘယ်​သူ ဖြစ်​ဖွား​စေ​သ​နည်း။ ငါ​သည် သား​ဆုံး​သော​သူ၊ ဆိတ်​ညံ​လျက် နေ​ရ​သော​သူ၊ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သ​ဖြင့်၊ အ​ဝေး​သို့ လည်​ရ​သော​သူ​ဖြစ်၍၊ ဤ​သူ​တို့​ကို အ​ဘယ်​သူ မွေး​စား​သ​နည်း။ ငါ​သည် တစ်​ယောက်​တည်း နေ​ရ​သည်​ဖြစ်၍၊ ဤ​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း​ဟု အောက်​မေ့​လိမ့်​မည်။

ထို​သို့​သော​အ​မှု​ကို အ​ဘယ်​သူ​သည် ကြား​ဖူး​သ​နည်း။ ထို​သို့​သော​အ​မှု​တို့​ကို အ​ဘယ်​သူ​သည် မြင်​ဖူး​သ​နည်း။ တိုင်း​နိုင်​ငံ​ကို တစ်​နေ့​ချင်း​တွင် ဖွား​တတ်​သ​လော။ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို တစ်​ပြိုင်​နက် ဖွား​တတ်​သ​လော။ ဇိ​အုန်​သ​တို့​သ​မီး​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ခံ​အံ့​ဆဲ​ဆဲ​တွင်၊ သား​များ​ကို ဖွား​မြင်​ပါ​သည်​တ​ကား။

ငါ့​အ​ဘ​ထံ​သို့​သွား၍၊ ကိုယ်​တော်​သည် သား​ယောက်ျား​ကို ရ​ပါ​ပြီ​ဟု သ​တင်း​ပြော​လျက်၊ ငါ့​အ​ဘ​ကို အ​လွန်​ဝမ်း​မြောက်​စေ​သော သူ​သည် အ​မင်္ဂ​လာ​ရှိ​ပါ​စေ​သော။

အ​ကယ်​စင်​စစ် ယာ​ကုပ်​အ​မျိုး​ကို၊ ထူး​ဆန်း​သော​အ​တတ်​အား​ဖြင့် မ​နိုင်​ရာ။ ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ဘယ်​သူ​မျှ မ​ပြု​စား​ရာ။ ဘု​ရား​သ​ခင်​သည် အ​ဘယ်​သို့​ပြု​တော်​မူ​ပြီ​တ​ကား​ဟု ယ​ခု​ကာ​လ​ကို​ထောက်၍ ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ရည်​ဆောင်​လျက် ဆို​လေ့​ရှိ​လိမ့်​မည်။

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို အ​ကြောင်း​ပြု၍ ထာ​ဝ​ရ​အ​ကြံ​တော် ရှိ​သည်​နှင့်​အ​ညီ၊ ကောင်း​ကင်​အ​ရပ်​တို့၌ အ​ထွဋ်​အ​မြတ် အာ​ဏာ​စက်​တို့​သည်၊ ဘု​ရား​သ​ခင်၏ ထူး​ဆန်း​သော ပ​ညတ်​တော်​ကို အ​သင်း​တော်​အား​ဖြင့် ယ​ခု​သိ​ရ​ကြ​မည် အ​ကြောင်း​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ