Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 21:4

Judson Bible

ဘု​ရား​သ​ခင်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အာ​ဗြ​ဟံ​သည်​ရှစ်​ရက်​မြောက်​သော​နေ့၌၊ သား​ဣ​ဇာက်​ကို အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ပေး​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ထံ​မှာ​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပ​သ​ခါ​ပွဲ​ကို​ခံ​ခြင်း​ငှာ​အ​လို​ရှိ​လျှင်၊ သူ၌​ရှိ​သော​ယောက်ျား​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ကြ​စေ။ သို့​ပြီး​မှ​ထို​သူ​သည် ပြည်​သား​ကဲ့​သို့​ဖြစ်​သော​ကြောင့်၊ ချဉ်း၍​ထို​ပွဲ​သို့​ဝင်​စေ။ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​သော​သူ​မည်​သည်​ကား၊ ထို​ပွဲ၌​ဝင်၍ မ​စား​ရ။

အ​ဋ္ဌ​မ​နေ့၌ သား​ယောက်ျား​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို​ပြု​ရ​မည်။

ရှစ်​ရက်​မြောက်​သော​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို သူ​ငယ်​အား​ပေး​အံ့​သော​ငှာ လာ​ကြ၍၊ အ​ဘ၏​အ​မည်​ဖြစ်​သော ဇာ​ခ​ရိ​အ​မည်​ဖြင့် မှည့်​သော​အ​ခါ အ​မိ​က၊ ထို​သို့​မ​မှည့်​ရ။-

ထို​သူ​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​တော် အ​မျိုး​မျိုး​တို့​ကို ကျင့်​ဆောင်၍ အ​ပြစ်​တင်​ခွင့်​နှင့်​လွတ်​သ​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ ရှိ​ကြ၏။-

ထို​သူ​ငယ်​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို ပေး​ရ​သော​နေ့​တည်း​ဟူ​သော ရှစ်​ရက်​မြောက်​သော​နေ့ ရောက်​လျှင်၊ ပ​ဋိ​သ​န္ဓေ​စွဲ​တော်​မ​မူ​မီ ကောင်း​ကင်​တ​မန်​မှည့်​သော ယေ​ရှု​အ​မည်​ဖြင့် မှည့်​ကြ၏။-

ဘု​ရား​သ​ခင်​သည်​လည်း အ​ရေ​ဖျား​လှီး​ခြင်း​နှင့် ဆိုင်​သော ပ​ဋိ​ညာဉ်​တ​ရား​ကို အာ​ဗြ​ဟံ​အား ပေး​တော်​မူ၏။ ထို​သို့ ဣ​ဇာက်​ကို ဖွား​မြင်၍ ရှစ်​ရက်​မြောက်​သော​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို​ပေး​လေ၏။ ဣ​ဇာက်​သား ယာ​ကုပ်၊ ယာ​ကုပ်​သား​များ​ကား၊ အ​မျိုး၏ အ​ဘ တစ်​ကျိပ်​နှစ်​ပါး​တည်း။-

ငါ​မှာ​ထား​သ​မျှ​တို့​ကို ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​လော့။ ထပ်၍ မ​ပို​ရ၊ နုတ်၍ မ​လျော့​စေ​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ