အာဗြဟံသည်လည်း၊ မိမိရသောသားတည်းဟူသော၊ စာရာဖွားသောသားကို ဣဇာက်အမည်ဖြင့် မှည့်လေ၏။
ဘုရားသခင်က၊ သင်၏မယားစာရာသည် သင်အားသားကိုဖွားလိမ့်မည်။ ထိုသားကိုလည်း ဣဇာက်အမည်ဖြင့်မှည့်ရမည်။ သူ၌လည်းကောင်း၊ သူ့နောက်မှ သူ၏အမျိုးအနွယ်၌လည်းကောင်း ငါ၏ပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်။
သို့သော်လည်း၊ နောင်နှစ်၊ ချိန်းချက်သောအချိန်တွင်၊ စာရာသည် သင်အားဖွားလတ္တံ့သောသားဣဇာက်၌၊ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင်၊
သို့ရာတွင် ဘုရားသခင်က၊ ထိုသူငယ်နှင့် သင်၏ကျွန်မကြောင့်၊ ဤအမှုခက်သည်ဟု မထင်နှင့်။ စာရာပြောလေရာရာ၌ သူ၏စကားကို နားထောင်လော့။ အကြောင်းမူကား၊ ဣဇာက်၌သာ သင်၏အမျိုးတည်လိမ့်မည်။
စာရာကလည်း၊ ငါရယ်ရသောအခွင့်ကို ဘုရားသခင်ပေးတော်မူပြီ။ ဤသတင်းကို ကြားသောသူအပေါင်းတို့သည်လည်း၊ ငါနှင့်အတူ ရယ်ကြလိမ့်မည်ဟူ၍လည်းကောင်း၊
သင်သည် အလွန်ချစ်သောတစ်ယောက်တည်းသော သားဣဇာက်ကိုယူ၍၊ မောရိပြည်သို့သွားလော့။ ငါပြလတ္တံ့သောတောင်ပေါ်မှာ၊ သူ့ကိုမီးရှို့ရာယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။
အာဗြဟံသားဣဇာက်၏အဆက်အနွယ်ဟူမူကား၊ အာဗြဟံသားကား ဣဇာက်တည်း။
အာဗြဟံသား ဣဇာက်။ ဣဇာက်သား ယာကုပ်။ ယာကုပ်သား ယုဒမှစ၍ ညီနောင်တစ်စု။-
ဘုရားသခင်သည်လည်း အရေဖျားလှီးခြင်းနှင့် ဆိုင်သော ပဋိညာဉ်တရားကို အာဗြဟံအား ပေးတော်မူ၏။ ထိုသို့ ဣဇာက်ကို ဖွားမြင်၍ ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းကိုပေးလေ၏။ ဣဇာက်သား ယာကုပ်၊ ယာကုပ်သားများကား၊ အမျိုး၏ အဘ တစ်ကျိပ်နှစ်ပါးတည်း။-
ထိုနည်းတူ အာဗြဟံ၏ အမျိုးအနွယ်ဖြစ်သော သူအပေါင်းတို့သည် အာဗြဟံ၏သားမှန် မဟုတ်။ ဣဇာက်၌သာ သင်၏အမျိုး တည်လိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။-
ဣဇာက်၌သာ သင်၏အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော်မှစ၍ ကတိတော်များကို ခံရသောသူသည်၊ မိမိ၌ တစ်ယောက်တည်းသော ထိုသားကို ပူဇော်၏။-
သင်တို့အဘအာဗြဟံကို မြစ်ကြီးတစ်ဖက်မှ ငါခေါ်ပြီးလျှင်၊ ခါနာန်ပြည်အရပ်ရပ်သို့ ပို့ဆောင်၍ သူ၏အမျိုးအနွယ်ကို များပြားစေလျက်၊ ဣဇာက်ကိုပေး၏။