အာဗြဟံသည်လည်း သိုး၊ နွားတို့ကိုယူပြီးလျှင်၊ အဘိမလက်အားပေး၍ ထိုနှစ်ပါးတို့သည် ပဋိညာဉ်ပြုကြ၏။
ထိုဘေးမှ လွတ်၍ပြေးသောသူတစ်ယောက်သည်၊ ဟေဗြဲလူအာဗြံနှင့် မိတ်သဟာယဖွဲ့သောသူ၊ ဧရှကောလနှင့် အာနေရ၏အစ်ကို အာမောရိလူ မံရေ၏သပိတ်တောနားမှာနေသော အာဗြံထံသို့ရောက်၍၊ သတင်းကြားပြောလေ၏။
အဘိမလက်မင်းကလည်း၊ ဤအမှုကို အဘယ်သူပြုသည်ကို ငါမသိ။ သင်သည်ငါ့ကိုမပြော။ ငါလည်းယနေ့တိုင်အောင် မကြားရဟုဆို၏။
အာဗြဟံသည်လည်း သိုးသငယ်မခုနစ်ကောင်တို့ကို သိုးစုနှင့်ခွဲထားလေ၏။
သို့ဖြစ်၍၊ ယခုသင်နှင့် ငါစပ်ကြား၌သက်သေဖြစ်စေ၍၊ ငါတို့နှစ်ယောက်သည် ပဋိညာဉ်ပြုကြစို့ဟု ယာကုပ်အားပြန်ပြော၏။
လက်ဆောင်သည် ခံသောသူအထင်အတိုင်း ကျောက်မြတ်ကဲ့သို့ ဖြစ်၍၊ မျက်နှာပြုလေရာရာ၌ အောင်တတ်၏။
လူ၌ပါသော လက်ဆောင်အားဖြင့်၊ လမ်းရှင်းလင်း၍၊ လူကြီးထံသို့ ဝင်ရသောအခွင့် ရှိတတ်၏။
အပေါင်းအဖော်များသောသူသည် အကျိုးနည်းရှိတတ်၏။ မိတ်ဆွေမူကား၊ ညီအစ်ကိုစွဲကပ်သည်ထက် သာ၍ စွဲကပ်တတ်၏။
တိတ်ဆိတ်စွာပေးသောလက်ဆောင်သည် သူ့စိတ်ကိုလည်းကောင်း၊ ရင်ခွင်၌ချထားသော လက်ဆောင်ပဏ္ဏာသည် ပြင်းစွာသော အမျက်ကိုလည်းကောင်း ဖြေတတ်၏။
စေတနာရှိသောသူမူကား၊ စေတနာနှင့်ဆိုင်သော အကြံတို့ကို ကြံစည်တတ်၏။ စေတနာနှင့်ဆိုင်သော အရာအားဖြင့် တည်ရလိမ့်မည်။
ဆွေတော်မျိုးတော်ထဲက တစ်ယောက်ကိုယူ၍ ပဋိညာဉ်ဖွဲ့လျက် သစ္စာတိုက်လေပြီ။
မိဘ သားမယားစသည်တို့ကို မချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနားခြင်း ကရုဏာစိတ်မရှိသောသူ ဖြစ်ကြ၏။-
ညီအစ်ကိုတို့၊ လောကီဝေါဟာရအားဖြင့် ငါပြောမည်။ လူသော်လည်း ဝန်ခံစာကိုချုပ်ပြီးမှ အဘယ် သူမျှမပယ်ရ။ ထပ်ဆင့်၍စကားကို မသွင်းရ။-
ယောနသန်သည်လည်း၊ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်သောကြောင့် သူနှင့်အတူ မိတ်သဟာယဖွဲ့ပြီးလျှင်၊