Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 21:23

Judson Bible

သို့​ဖြစ်၍ သင်​သည်​ငါ့​ကို​လည်း​ကောင်း၊ ငါ့​သား​ကို​လည်း​ကောင်း၊ ငါ့​မြေး​ကို​လည်း​ကောင်း၊ မ​လှည့်​စား။ ငါ​သည်​သင်၌​ကျေး​ဇူး​ပြု​သ​ကဲ့​သို့ ငါ၌​လည်း​ကောင်း၊ သင်​တည်း​နေ​ရာ ငါ့​ပြည်၌​လည်း​ကောင်း၊ ကျေး​ဇူး​ပြု​မည်​ဟု ဘု​ရား​သ​ခင်​ကို​တိုင်​တည်၍ ငါ့​အား​ကျိန်​ဆို​ပါ​လော့​ဟု ပြော​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ အ​ဘိ​မ​လက်​သည်၊ သိုး၊ နွား၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​တို့​ကို​ယူ၍၊ အာ​ဗြ​ဟံ​အား​ပေး​လေ၏။ မ​ယား​စာ​ရာ​ကို​လည်း​ပြန်​ပေး​၏။

အာ​ဗြ​ဟံ​က​လည်း၊ ထို​အ​တိုင်း​ငါ​ကျိန်​ဆို​ပါ​မည်​ဟု ပြန်​ပြော​လေ၏။

သင်​သည်၊ ငါ​နေ​သော​ခါ​နာန်​အ​မျိုး​သ​မီး​တို့​တွင်၊ ငါ့​သား​ဖို့ မ​ယား​ကို​မ​ရွေး​မ​ယူ​ဘဲ၊

ထို​သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်​မှာ​ရှိ​တော်​မူ​ကြောင်း​ကို၊ ငါ​တို့​အ​မှန် သိ​မြင်​သည်​ဖြစ်၍၊

သို့​ဖြစ်၍၊ ယ​ခု​သင်​နှင့် ငါ​စပ်​ကြား၌​သက်​သေ​ဖြစ်​စေ၍၊ ငါ​တို့​နှစ်​ယောက်​သည် ပ​ဋိ​ညာဉ်​ပြု​ကြ​စို့​ဟု ယာ​ကုပ်​အား​ပြန်​ပြော၏။

အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်၊ နာ​ခေါ်၏​ဘု​ရား​သ​ခင်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​စပ်​ကြား၌ စီ​ရင်​တော်​မူ​စေ​သ​တည်း​ဟူ၍​လည်း​ကောင်း၊ ယာ​ကုပ်​အား​ဆို၏။ ယာ​ကုပ်​သည်​လည်း၊ မိ​မိ​အ​ဘ​ကြောက်​ရွံ့​ရာ ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​လေ၏။

သူ့​ဘက်၌ ထာ​ဝ​ရ​ဘု​ရား​သည်​ရှိ​တော်​မူ၍၊ သူ​ပြု​လေ​ရာ​ရာ၌ အောင်​စေ​တော်​မူ​ကြောင်း​ကို သ​ခင်​လည်း​သိ​မြင်၏။

ငါ့​အား​ကျိန်​ဆို​ခြင်း​ကို​ပြု​ပါ​ဟု ဆို​ပြန်​လျှင်၊ ကျိန်​ဆို​ခြင်း​ကို​ပြု၏။ ဣ​သ​ရေ​လ​သည်​လည်း ခု​တင်​ခေါင်း​ရင်း​ပေါ်​မှာ ကိုး​ကွယ်​လေ၏။

သင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​ဟု သ​စ္စာ​စောင့်​ခြင်း၊ တ​ရား​စီ​ရင်​ခြင်း၊ ဖြောင့်​မတ်​ခြင်း​အား​ဖြင့် ကျိန်​ဆို​လိမ့်​မည်။ လူ​အ​မျိုး​မျိုး​တို့​သည်​လည်း၊ ထို​ဘု​ရား​သ​ခင်​အား​ဖြင့် မိ​မိ​တို့​ကို​ကောင်း​ချီး​ပေး၍၊ ထို​ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​လျက် ဝါ​ကြွား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​သည် သင်​တို့​ကို သ​နား​သော​ကြောင့်​သာ ယ​ခု​တိုင်​အောင် ကော​ရိ​န္သု​မြို့​သို့​မ​လာ​ဟု ငါ့​စိတ်​ဝိ​ညာဉ်​ဘက်၌ ဘု​ရား​သ​ခင်​ကို ငါ​တိုင်​တည်၏။-

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည်။ နာ​မ​တော်​အား​ဖြင့်​လည်း ကျိန်​ဆို​ခြင်း​ကို​ပြု​ရ​မည်။

လူ​တို့​သည် မိ​မိ​ထက်​ကြီး​မြတ်​သော​သူ​ကို တိုင်​တည်၍ ကျိန်​ဆို​လေ့​ရှိ​ကြ၏။ မြဲ​မြံ​စေ​တတ်​သော အ​ကျိန်​သည် ငြင်း​ခုံ​ခြင်း​ရှိ​သ​မျှ​ကို ဖြေ​တတ်၏။-

သို့​ဖြစ်၍ သင်​တို့၌ ကျွန်​မ​သည်​ကျေး​ဇူး​ပြု​သော​ကြောင့် သင်​တို့​သည် ကျွန်​မ​ပေါက်​ဖော်​တို့၌ ကျေး​ဇူး​ပြု၍၊

သို့​မ​ဟုတ် ကျွန်ုပ်​အ​ဘ​သည် ဘေး​ပြု​ခြင်း​ငှာ အ​လို​ရှိ၍ သင်​သည် ငြိမ်​ဝပ်​စွာ​သွား​ရ​မည်​အ​ကြောင်း၊ ကျွန်ုပ် သ​တိ​မ​ပေး မ​လွှတ်​လိုက်​ဘဲ နေ​သော်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​မျှ​မ​က ယော​န​သန်​ကို ပြု​တော်​မူ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်ုပ်​အ​ဘ​နှင့် အ​တူ​ရှိ​ခဲ့​ပြီး​သ​ကဲ့​သို့ သင်​နှင့်​အ​တူ ရှိ​ပါ​စေ​သော။

ကိုယ်​ဝိ​ညာဉ်​ကို ချစ်​သ​ကဲ့​သို့ ဒါ​ဝိဒ်​ကို​ချစ်​သော​ကြောင့်၊ ချစ်​သော​စိတ်​အား​ကြီး၍ ဒါ​ဝိဒ်​အား အ​ထပ်​ထပ်​ကျိန်​ဆို၏။

ယော​န​သန်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​ကျွန်ုပ်​စပ်​ကြား၊ သင့်​အ​မျိုး​အ​နွယ်​နှင့် ကျွန်ုပ်​အ​မျိုး​အ​နွယ် စပ်​ကြား​မှာ အ​စဉ်​အ​မြဲ​ရှိ​တော်​မူ​စေ​သ​တည်း​ဟူ၍ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို တိုင်​တည်​သ​ဖြင့်၊ ငါ​တို့​နှစ်​ယောက်​သည် ကျိန်​ဆို​ကြ​သည်​ကို​ထောက်၍၊ ငြိမ်​ဝပ်​စွာ သွား​တော့​ဟု ဒါ​ဝိဒ်​အား​ဆို​လျှင်၊ ဒါ​ဝိဒ်​သည် ထ​သွား၍ ယော​န​သန်​လည်း မြို့​ထဲ​သို့ ဝင်​လေ၏။

ဒါ​ဝိဒ်​က​လည်း၊ ထို​အ​လုံး​အ​ရင်း​ရှိ​ရာ​သို့ လမ်း​ပြ​နိုင်​သ​လော​ဟု မေး​လျှင် သူ​က၊ ကိုယ်​တော်​သည် ကျွန်​တော်​ကို မ​သတ်၊ သ​ခင့်​လက်​သို့ မ​အပ်​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​ကို​တိုင်​တည်၍ ကျိန်​ဆို​ပါ​တော့။ သို့​ပြု​လျှင် ထို​အ​လုံး​အ​ရင်း​ရှိ​ရာ​သို့ လမ်း​ပြ​ပါ​မည်​ဟု ဆို​သည်​အ​တိုင်း၊ ဒါ​ဝိဒ်​သည် ကျိန်​ဆို​ခြင်း​ကို ပြု​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ