ကမ္ဘာဦး 21:16Judson Bibleငါသည်သူငယ်သေသည်ကို မမြင်လိုဟုဆိုလျက်၊ ခပ်ဝေးဝေး၊ လေးတစ်ပစ်ခန့်လောက်သွားပြီးလျှင်၊ သူငယ်ရှေ့မှာ ထိုင်၍နေလေ၏။ ထိုသို့ထိုင်၍နေစဉ်၊ သူသည်အသံကိုလွှင့်၍ ငိုကြွေးလေ၏။ အခန်းကိုကြည့်ပါ။ |
မိန်းမက၊ သင်၏ဘုရားသခင် ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ မုန့်ပြားတစ်ပြားမျှမရှိ။ အိုးထဲမှာ မုန့်ညက်တစ်လက်ဆုပ်၊ ဘူး၌ ဆီအနည်းငယ်သာရှိ၏။ ကျွန်မနှင့်သားငယ်အဖို့ဖုတ်၍ စားလိုသောငှာလည်းကောင်း၊ စားပြီးမှ သေလိုသောငှာလည်းကောင်း၊ ထင်းစနှစ်ခုကို ယခုခွေပါ၏ဟု ပြန်ပြော၏။
သင်တို့ပွဲခံခြင်းကို ညည်းတွားခြင်း ဖြစ်စေမည်။ သီချင်းဆိုခြင်းရှိသမျှကို ငိုကြွေးခြင်းဖြစ်စေမည်။ လူအပေါင်းတို့သည် လျှော်တေအဝတ်နှင့် ခါးကိုစည်းစေခြင်းငှာလည်းကောင်း၊ ဆံပင်ကို ရိတ်စေခြင်းငှာလည်းကောင်း ငါစီရင်မည်။ တစ်ယောက်တည်းသောသား သေသည်အတွက် မြည်တမ်းခြင်းကဲ့သို့လည်းကောင်း၊ အဆုံး၌ ခါးစွာသော နေ့ကဲ့သို့လည်းကောင်း ငါဖြစ်စေမည်။
ကျေးဇူးတော်ကို ခံသောသဘော၊ ဆုတောင်းပတ္ထနာပြုသောသဘောကို ဒါဝိဒ်မင်းမျိုး၊ ယေရုရှလင်မြို့သားတို့အပေါ်သို့ ငါသွန်းလောင်းသဖြင့်၊ သူတို့သည် မိမိတို့ ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည်။ တစ်ယောက်တည်းသောသားအတွက် အဘသည် ငိုကြွေးမြည်တမ်းသကဲ့သို့၊ ထိုသူအတွက် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ သားဦးအတွက် အဘသည် နာကြည်းရကြလိမ့်မည်။