Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 21:15

Judson Bible

ဘူး၌​ရေ​ကုန်​သော​အ​ခါ၊ သူ​ငယ်​ကို ချုံ​ပုတ်​အောက်၌​ထား၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည် နံ​နက်​စော​စော​ထ၍၊ မုန့်​နှင့် ရေ​ဘူး​ကို​ယူ​သ​ဖြင့်၊ ဟာ​ဂ​ရ​ပ​ခုံး၌​တင်​ပြီး​လျှင်၊ သူ​ငယ်​ကို​အပ်၍ ကျွန်​မ​ကို လွှတ်​လိုက်​လေ၏။ သူ​သည်​လည်း​သွား၍၊ ဗေ​ရ​ရှေ​ဘ​တော၌ လှည့်​လည်​လျက်​နေ၏။

ငါ​သည်​သူ​ငယ်​သေ​သည်​ကို မ​မြင်​လို​ဟု​ဆို​လျက်၊ ခပ်​ဝေး​ဝေး၊ လေး​တစ်​ပစ်​ခန့်​လောက်​သွား​ပြီး​လျှင်၊ သူ​ငယ်​ရှေ့​မှာ ထိုင်၍​နေ​လေ၏။ ထို​သို့​ထိုင်၍​နေ​စဉ်၊ သူ​သည်​အ​သံ​ကို​လွှင့်၍ ငို​ကြွေး​လေ၏။

မိန်း​မ​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ မုန့်​ပြား​တစ်​ပြား​မျှ​မ​ရှိ။ အိုး​ထဲ​မှာ မုန့်​ညက်​တစ်​လက်​ဆုပ်၊ ဘူး၌ ဆီ​အ​နည်း​ငယ်​သာ​ရှိ၏။ ကျွန်​မ​နှင့်​သား​ငယ်​အ​ဖို့​ဖုတ်၍ စား​လို​သော​ငှာ​လည်း​ကောင်း၊ စား​ပြီး​မှ သေ​လို​သော​ငှာ​လည်း​ကောင်း၊ ထင်း​စ​နှစ်​ခု​ကို ယ​ခု​ခွေ​ပါ၏​ဟု ပြန်​ပြော၏။

ထို​သို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်၊ ယု​ဒ​ရှင်​ဘု​ရင်၊ ဧ​ဒုံ​ရှင်​ဘု​ရင်​တို့​သည် ဝိုင်း၍ ခု​နစ်​ရက်​ခ​ရီး​သွား​ကြ၏။ ဗိုလ်​ခြေ​များ သောက်​စ​ရာ၊ ပါ​သော​တိ​ရ​စ္ဆာန်​များ သောက်​စ​ရာ​ရေ​မ​ရှိ။

အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို ကြိုး​စား၍ ရှာ​ပါ၏။ ရေ​မ​ရှိ သွေ့​ခြောက်​သော​လွင်​ပြင်၌ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို ငတ်​ပါ၏။ အ​ကျွန်ုပ်၏ ကိုယ်​ခ​န္ဓာ​သည်​လည်း ကိုယ်​တော်​ကို လွမ်း​ဆွတ်​ပါ၏။

ပန်း​ပဲ​သ​မား​သည် ပု​ဆိန်​ကို​လုပ်​ခြင်း​ငှာ မီး​ခဲ၌​ဖုတ်၍၊ လက်​ရုံး​အား​ထုတ်​လျက် သံ​တူ​နှင့်​ထု​တတ်၏။ အ​ကယ်၍ မွတ်​သိပ်​သော​အ​ခါ အား​လျော့​တတ်၏။ ရေ​မ​သောက်​ရ​သော​အ​ခါ မော​တတ်၏။

မှူး​မတ်​တို့​သည် မိ​မိ​သူ​ငယ်​တို့​ကို ရေ​ခပ်​စေ​လွှတ်၍၊ သူ​ငယ်​တို့​သည် ရေ​ကျင်း​သို့​ရောက်​သော​အ​ခါ၊ ရေ​ကို​မ​တွေ့။ အိုး​သက်​သက်​ကို​သာ​ဆောင်​ခဲ့​လျက် ပြန်​လာ​ကြ၏။ ဦး​ခေါင်း​ကို ခြုံ​လျက် ရှက်​ကြောက်​မှိုင်​တွေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ