Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 21:10

Judson Bible

ဤကျွန်​မနှင့်သူ၏သားကို နှင်ထုတ်ပါလော့။ ဤ​ကျွန်​မ၏​သား​သည် အ​ကျွန်ုပ်၏​သား​ဣ​ဇာက်​နှင့်​အ​တူ အ​မွေ​မ​ခံ​ရ​ဟု အာ​ဗြ​ဟံ​အား ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​က၊ သင်၏​မ​ယား​စာ​ရာ​သည် သင်​အား​သား​ကို​ဖွား​လိမ့်​မည်။ ထို​သား​ကို​လည်း ဣ​ဇာက်​အ​မည်​ဖြင့်​မှည့်​ရ​မည်။ သူ၌​လည်း​ကောင်း၊ သူ့​နောက်​မှ သူ၏​အ​မျိုး​အ​နွယ်၌​လည်း​ကောင်း ငါ၏​ပ​ဋိ​ညာဉ်​ကို ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။

သို့​သော်​လည်း၊ နောင်​နှစ်၊ ချိန်း​ချက်​သော​အ​ချိန်​တွင်၊ စာ​ရာ​သည် သင်​အား​ဖွား​လ​တ္တံ့​သော​သား​ဣ​ဇာက်၌၊ ငါ၏​ပ​ဋိ​ညာဉ်​ကို ငါ​တည်​စေ​မည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊

အာ​ဗြ​ဟံ​က၊ ဤ​အ​ရပ်​သား​တို့​သည် ဘု​ရား​သ​ခင်​ကို​မ​ကြောက်၊ အ​ကျွန်ုပ်၏​မ​ယား​အ​တွက် အ​ကျွန်ုပ်​ကို​သတ်​ကြ​လိမ့်​မည်​ဟု အ​ကျွန်ုပ်​ထင်​သော​ကြောင့်၊ ထို​သို့​ပြု​မိ​ပါ​ပြီ။

မိ​မိ​လက်​ကို​ဆန့်၍၊ သား​ကို​သတ်​ခြင်း​ငှာ၊ ဓား​ကို​ကိုင်​ယူ​လေ၏။

အာ​ဗြ​ဟံ​သား​ဣ​ဇာက်၏​အ​ဆက်​အ​နွယ်​ဟူ​မူ​ကား၊ အာ​ဗြ​ဟံ​သား​ကား ဣ​ဇာက်​တည်း။

မ​ယား​ငယ်​တို့၌​ရ​သော​သား​တို့​အား​လည်း၊ မိ​မိ​အ​သက်​ရှင်​စဉ်​တွင် ဆု​လာဘ်​များ​ကို​ဝေ​ပေး၍၊ သား​ဣ​ဇာက်​ထံ​မှ အ​ရှေ့​ပြည်​သို့ လွှတ်​လိုက်​လေ​၏။

မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ကို​နှင်​ထုတ်​လော့။ သို့​ပြု​လျှင် ရန်​မာန်​လည်း ထွက်​သွား​လိမ့်​မည်။ ရန်​တွေ့​ခြင်း​နှင့် ကဲ့​ရဲ့​ခြင်း​လည်း ငြိမ်း​လိမ့်​မည်။

ထို​အ​ခါ မင်း​ကြီး​သည် အ​ခြံ​အ​ရံ​တို့​အား ထို​သူ၏​လက်​ခြေ​ကို တုပ်​နှောင်​လော့။ ငို​ကြွေး​ခြင်း အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ၊ ပြင်​အ​ရပ် မှောင်​မိုက်​ထဲ​သို့ ယူ​သွား​ချ​လိုက်​ကြ​ဟု အ​မိန့်​တော်​ရှိ၏။-

ကျွန်​သည်​ကား အိမ်၌ အ​စဉ်​အ​မြဲ​နေ​သည်​မ​ဟုတ်။ သား​မူ​ကား အ​စဉ်​အ​မြဲ​နေ၏။-

ထို​မှ​တစ်​ပါး၊ အ​မွေ​တော်​သည် ပ​ညတ်​တ​ရား​နှင့် စပ်​ဆိုင်​လျှင် က​တိ​တော်​နှင့်​မ​စပ်​ဆိုင်။ ဘု​ရား​သ​ခင်​သည် က​တိ​တော်​အား​ဖြင့် အာ​ဗြ​ဟံ​အား ထို​အ​မွေ​တော်​ကို သ​နား​တော်​မူ၏။-

သို့​ဖြစ်၍ သင်​တို့​သည် နောက်​တစ်​ဖန် အ​စေ​အ​ပါ​ကျွန် မ​ဖြစ်၊ သား​ပင် ဖြစ်​ကြ၏။ သား​ဖြစ်​လျှင် ခ​ရစ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင်၏ အ​မွေ​ခံ​လည်း ဖြစ်​ကြ၏။

ထို​အ​မွေ​တော်​သည်​ကား၊ နောက်​ဆုံး​သော​ကာ​လ၌ ထင်​ရှား​စေ​ခြင်း​ငှာ ပြင်​ဆင်​သော ကယ်​တင်​ခြင်း​သို့ ရောက်​စေ​မည်​အ​ကြောင်း၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​သည် စောင့်​ရှောက်​တော်​မူ​သော သင်​တို့​အ​ဖို့ ကောင်း​ကင်​ဘုံ၌ သို​ထား​လျက်​ရှိ​သော အ​မွေ​တည်း။-

ထို​သူ​တို့​သည် ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။ သို့​သော်​လည်း အ​ထက်​က ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြ။ ငါ​တို့​နှင့်​စပ်​ဆိုင်​လျှင် ငါ​တို့​နှင့်​အ​တူ နေ​ကြ​လိမ့်​မည်။ ထို​သူ​အ​ပေါင်း​တို့​သည် ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြောင်း​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။-

ဂိ​လဒ်၏​မ​ယား ဖွား​မြင်​သော​သား​တို့​သည် ကြီး​သော​အ​ခါ၊ သင်​သည် အ​ခြား​တစ်​ပါး​သော မိန်း​မ၏ သား​ဖြစ်​သော​ကြောင့်၊ ငါ​တို့ အ​ဆွေ​အ​မျိုး​နှင့်​အ​တူ အ​မွေ​မ​ခံ​ရ​ဟု ယေ​ဖ​သ​ကို​ဆို၍ နှင်​ထုတ်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ