Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 20:9

Judson Bible

အာ​ဗြ​ဟံ​ကို​လည်း အ​ဘိ​မ​လက်​ခေါ်၍၊ သင်​သည်​ငါ​တို့၌ အ​ဘယ်​သို့​ပြု​သ​နည်း။ သင့်​ကို​ငါ​တို့​သည်​အ​ဘယ်​သို့​ပြစ်​မှား​သော​ကြောင့်၊ သင်​သည်​ငါ၌​လည်း​ကောင်း၊ ငါ့​နိုင်​ငံ၌​လည်း​ကောင်း၊ ကြီး​စွာ​သော​အ​ပြစ်​ကို ရောက်​စေ​သ​နည်း။ သင်​သည် မ​ပြု​အပ်​သော​အ​မှု​ကို ငါ၌​ပြု​ပါ​သည်​တ​ကား​ဟု ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ဖာ​ရော​ဘု​ရင်​သည်​လည်း​အာ​ဗြံ​ကို​ခေါ်၍၊ သင်​သည်​ငါ၌​ပြု​သော​အ​မှု​ကား အ​ဘယ်​သို့​နည်း။ သူ​သည်​သင်၏​မ​ယား​ဖြစ်​ကြောင်း​ကို၊ ငါ​အား​အ​ဘယ်​ကြောင့် မ​ပြော​သ​နည်း။

တစ်​ဖန်​အ​ဘိ​မ​လက်​က၊ သင်​သည် အ​ဘယ်​အ​မှု​ကို​မြင်၍ ဤ​သို့​ပြု​သ​နည်း​ဟု အာ​ဗြ​ဟံ​ကို​မေး​လျှင်၊

နံ​နက်​စော​စော​အ​ဘိ​မ​လက်​သည်​ထ၍၊ မိ​မိ​ကျွန်​အ​ပေါင်း​တို့​ကို​ခေါ်​ပြီး​မှ၊ အ​မူ​အ​ရာ​အ​လုံး​စုံ​ကို​ပြော​သ​ဖြင့်၊ ထို​သူ​တို့​သည် အ​လွန်​ကြောက်​ကြ၏။

အ​ဘိ​မ​လက်​မင်း​က​လည်း၊ ငါ​တို့၌ သင်​ပြု​သော​အ​မှု​ကား အ​ဘယ်​သို့​နည်း။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည်၊ သင်၏​မ​ယား​နှင့် အ​မှတ်​တ​မဲ့​သင့်​နေ​လျှင်၊ ငါ​တို့​ခေါင်း​ပေါ်​မှာ သင်​သည် အ​ပြစ်​ရောက်​စေ​လိမ့်​မည်​တ​ကား​ဟု ဆို​ပြီး​မှ၊

နံ​နက်​အ​ချိန်​ရောက်​မှ ယာ​ကုပ်​သည်​ကြည့်​ရှု​သော​အ​ခါ၊ လေ​အာ​ဖြစ်​ကြောင်း​ကို သိ​မြင်​လျှင်၊ လာ​ဗန်​ထံ​သို့​သွား၍ ကျွန်ုပ်၌​ပြု​သော​အ​မှု​ကား၊ အ​ဘယ်​သို့​နည်း။ ကျွန်ုပ်​သည်​ရာ​ခေ​လ​ကို​ရ​ခြင်း​ငှာ အ​စေ​ခံ​ရ​ပြီ မ​ဟုတ်​လော။ ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် လှည့်​စား​ရ​သ​နည်း​ဟု​ဆို​သော်၊

ယာ​ကုပ်၏​သား​တို့​လည်း သ​တင်း​ကြား​သော​အ​ခါ၊ တော​အ​ရပ်​မှ​ပြန်​ရောက်​ကြ၏။ ထို​မင်း​သား​သည် ယာ​ကုပ်၏​သ​မီး​နှင့်​အိပ်​မိ၍၊ ဣ​သ​ရေ​လ​အ​မျိုး၌​မိုက်​သော​အ​မှု၊ မ​ပြု​အပ်​သော​အ​ရာ​ကို ပြု​မိ​သော​ကြောင့်၊ သူ​တို့​သည်​စိတ်​နာ၍ အ​လွန်​အ​မျက်​ထွက်​ကြ​၏။

ထို​နောက်​သုံး​လ​ခန့်​လွန်​သည်​ရှိ​သော်၊ သူ​တစ်​ပါး​က၊ သင်၏​ချွေး​မ​တာ​မာ​သည် ပြည့်​တန်​ဆာ​လုပ်၍ မ​တ​ရား​သော​မေ​ထုန်​ပြု​သ​ဖြင့် ကိုယ်​ဝန်​ဆောင်​လျက်​နေ​ပြီ​တ​ကား​ဟု ယု​ဒ​အား​ပြော​ဆို​လျှင်၊ ယု​ဒ​က သူ့​ကို​ထုတ်၍​မီး​ရှို့​စေ​ဟု စီ​ရင်​လေ၏။

ဤ​အိမ်​တွင်​လည်း ကျွန်​တော်​ထက်​သာ၍ ကြီး​သော​သူ​မ​ရှိ​ပါ။ ကိုယ်​မ​ယား​ဖြစ်​သော သ​ခင်​မ​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ ကျွန်​တော်​အား​မ​မြစ်​တား​ပါ။ သို့​ဖြစ်​လျှင် အ​ပြစ်​ကြီး​သော​ဤ​အ​မှု​ကို ကျွန်​တော်​ပြု၍ ဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့​ပြစ်​မှား​နိုင်​သ​နည်း​ဟု သ​ခင်၏​မ​ယား​ကို​ငြင်း၍ ပြန်​ဆို၏။

ဒါ​ဝိဒ်​သည် ထို​သူ​ဌေး​ကို ပြင်း​စွာ​အ​မျက်​ထွက်၍၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ထို​သို့​ပြု​သော​သူ​သည် အ​မှန်​သေ​ရ​မည်။

တာ​မာ​က​လည်း မ​ပြု​ပါ​နှင့် ငါ့​မောင်။ ငါ့​ကို မ​ရှုတ်​ချ​ပါ​နှင့်။ ဣ​သ​ရေ​လ​အ​မျိုး၌ ဤ​သို့​သော​အ​မှု​ကို မ​ပြု​သင့်၊ ဤ​အ​မှု​ဆိုး​ကို မ​ပြု​ပါ​နှင့်။

အာ​ရုန်​ကို​လည်း​ခေါ်၍၊ သင်​သည်​သူ​တို့၌ ဤ​မျှ​လောက်​ကြီး​သော​အ​ပြစ်​ကို ရောက်​စေ​ခြင်း​ငှာ သူ​တို့​သည် သင်၌​အ​ဘယ်​သို့​ပြု​သ​နည်း​ဟု​မေး​လျှင်၊

အာ​ရုန်​နှင့် လူ​များ​တို့​သည် နွား​သ​ငယ်​ကို​လုပ်​ကြ​သော​ကြောင့် သူ​တို့​ကို​ဒဏ်​ခတ်​တော်​မူ၏။

ဖြောင့်​မတ်​သော​သူ​ကို လမ်း​လွှဲ၍၊ မ​ကောင်း​သော​လမ်း​ထဲ​သို့ သွေး​ဆောင်​သော​သူ​သည် မိ​မိ​တူး​သော​တွင်း​ထဲ​သို့ မိ​မိ​ကျ​လိမ့်​မည်။ သ​ဘော​ဖြောင့်​သော​သူ​မူ​ကား၊ ကောင်း​သော​အ​ရာ​တို့​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။

သူ့​မ​ယား​ကို​ပြစ်​မှား​သော​သူ​သည် မှား​ယွင်း​သော​မိန်း​မ​နှင့်​တ​ကွ အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်။

ဘု​ရား​သ​ခင်​သည် အ​ဘယ်​သူ၏​မျက်​နှာ​ကို​မျှ မှတ်​တော်​မ​မူ။

ထို​သူ​တို့၏​နှုတ်​ကို ပိတ်​ရ​မည်။ သူ​တို့​သည် မ​စင်​ကြယ်​သော စီး​ပွား​ကို​တပ်​မက်​လျက်၊ မ​ပေး​အပ်​သော ဩ​ဝါ​ဒ​ကို​ပေး၍၊ တစ်​အိမ်​ထောင်​လုံး​ကို မှောက်​လှန်​တတ်​ကြ၏။-

ခပ်​သိမ်း​သော သူ​တို့၌ မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​နှင့် သ​စ္စာ​သံ​ဝါ​သ​ပြု​ခြင်း​အ​မှု​သည် အ​သေ​ရေ ရှိ​စေ​လော့။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​သော​သူ​နှင့် သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​ကို ဘု​ရား​သ​ခင်​စစ်​ကြော စီ​ရင်​တော်​မူ​လိမ့်​မည်။-

ယော​ရှု​က၊ ငါ​တို့​ကို အ​ဘယ်​ကြောင့် နှောင့်​ယှက်​သ​နည်း။ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို နှောင့်​ယှက်​တော်​မူ​မည်​ဟု​ဆို​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကျောက်​ခဲ​နှင့်​ပစ်​ကြ၏။ ကျောက်​ခဲ​နှင့် ပစ်​ကြ​ပြီး​မှ၊ မီး​ရှို့​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ