Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 20:5

Judson Bible

သူ​သည် ငါ​နှ​မ​ဖြစ်၏​ဟု အ​ကျွန်ုပ်​အား ယောက်ျား​ဆို​သည်​မ​ဟုတ်​ပါ​လော။ အ​ကျွန်ုပ်​အား​သူ​သည်​ငါ့​မောင်​ဖြစ်၏​ဟု၊ မိန်း​မ​လည်း​ဆို​သည် မ​ဟုတ်​ပါ​လော။ ဖြောင့်​မတ်​သော​သ​ဘော​ရှိ၍၊ သန့်​ရှင်း​သော​လက်​နှင့် ဤ​အ​မှု​ကို​အ​ကျွန်ုပ်​ပြု​ပါ​ပြီ​ဟု လျှောက်​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍ သင်​သည် ငါ့​နှ​မ​ဖြစ်​ကြောင်း​ကို​ပြော​ပါ​လော့။ သို့​ပြော​လျှင် သင့်​အ​တွက် ငါ​ကောင်း​စား​လိမ့်​မည်။ သင်၏​ကျေး​ဇူး​အား​ဖြင့် ငါ​အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်​ဟု ဆို၏။

ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​ကို​အ​ဘ၏ အိမ်​မှ​ခေါ်၍ လည်​စေ​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်​က၊ သင်​သည်​ငါ၌​ပြု​ရ​သော​ကျေး​ဇူး​ဟူ​မူ​ကား၊ ငါ​သည်​သင်၏​မောင်​ဖြစ်​ကြောင်း​ကို ရောက်​လေ​ရာ​ရာ၌​ပြော​ရ​မည်​ဟု၊ မ​ယား​ကို​မှာ​ထား​ပါ​သည်​ဟု ပြန်​ပြော​လေ​၏။

စာ​ရာ​ကို​လည်း၊ သင်​နှင့် သင့်​အ​ပေါင်း​အ​ဖော်​တို့​အ​ဖို့၊ မျက်​နှာ​ဖုံး​များ​ကို ဝယ်​စ​ရာ​ဖို့၊ သင်၏​မောင်​အား ငွေ​တစ်​ထောင်​ကို​ငါ​ပေး​ပြီ​ဟု အ​မိန့်​ရှိ​သ​ဖြင့်၊ သူ​သည်​လည်း အ​ရာ​ရာ၌​အ​ဆုံး​အ​မ​ခံ​ရ​၏။

သင်​သည် ငါ​မှာ​ထား​သ​မျှ​ကို​ပြု၍၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ၊ သင့်​အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့ ဖြောင့်​မတ်​စုံ​လင်​သော စိတ်​သ​ဘော​နှင့် ငါ့​ရှေ့​မှာ​ကျင့်​နေ​လျှင်၊

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌​သ​စ္စာ​စောင့်​လျက်၊ စုံ​လင်​သော​စိတ်​နှ​လုံး​နှင့်​ကျင့်၍ နှစ်​သက်​တော်​မူ​သည်​အ​တိုင်း ပြု​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု အ​လွန်​ငို​ကြွေး​လျက် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လေ၏။

အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် စိတ်​နှ​လုံး​ကို​စစ်၍ ဖြောင့်​မတ်​ခြင်း​သ​ဘော​ကို နှစ်​သက်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား ဖြောင့်​မတ်​ခြင်း​သ​ဘော၊ ကြည်​ညို​သော​စိတ်​ရှိ​သည်​နှင့် ဤ​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို ပူ​ဇော်​ပါ၏။ စည်း​ဝေး​လျက်​ရှိ​သော ကိုယ်​တော်၏​လူ​တို့​သည် ကြည်​ညို​သော​စိတ်​နှင့် ပူ​ဇော်​ကြ​သည်​ကို​မြင်၍ ဝမ်း​မြောက်​ပါ၏။

ငါ​သည် စင်​ကြယ်​သော​သ​ဘော​ရှိ၏။ ပြစ်​မှား​ခြင်း​ကို မ​ပြု​တတ်။ ငါ၌ အ​ပြစ်​မ​ရှိ။ သန့်​ရှင်း​ခြင်း​ရှိ၏။

သန့်​ရှင်း​သော​လက်​နှင့် ဖြူ​စင်​သော​နှ​လုံး​ရှိ​သော​သူ၊ မု​သား​ကို​မ​မှီ​ဝဲ မ​ဆည်း​ကပ်၊ မ​မှန်​သော​ကျိန်​ဆို​ခြင်း​ကို မ​ပြု​သော​သူ​သည်၊

ကိုယ်​တော်​ကို​မျှော်​လင့်​လျက်​နေ​ပါ​သည်​ဖြစ်၍၊ အ​ပြစ်​ကင်း​ခြင်း​နှင့် သ​ဘော​ဖြောင့်​ခြင်း​သည် အ​ကျွန်ုပ်​ကို စောင့်​ရှောက်​ပါ​စေ​သော။

ကျေး​ဇူး​တော်​ကို ချီး​မြှောက်​သော​အ​သံ​နှင့် မြွက်​ဆို၍၊

ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တို့​ကို တ​ရား​စီ​ရင်​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် ဖြောင့်​မတ်​ခြင်း​ကို​လည်း​ကောင်း၊ စုံ​လင်​ခြင်း​ကို​လည်း​ကောင်း​ထောက်၍ အ​ကျွန်ုပ်​အ​မှု​ကို စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ပါ။

မ​တ​ရား​သော​သူ​တို့၏ အ​ဓ​မ္မ​အ​မှု​ကို​ဆုံး​ရှုံး၍၊ တ​ရား​သော​သူ​တို့​ကို မြဲ​မြံ​စေ​တော်​မူ​ပါ။ တ​ရား​သ​ဖြင့် ပြု​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​သည် နှ​လုံး​နှင့် ကျောက်​ကပ်​ကို စစ်​တော်​မူ​တတ်​ပါ၏။

အ​ကယ်​စင်​စစ် ငါ့​နှ​လုံး​ကို ငါ​သန့်​ရှင်း​စေ​သော်​လည်း အ​ကျိုး​မ​ရှိ။ အ​ပြစ်​ကင်း​ခြင်း​နှင့် ငါ့​လက်​ကို ဆေး​ကြော​သော်​လည်း အ​ကျိုး​မ​ရှိ။

ထို​သူ​သည် ဖြောင့်​သော​သ​ဘော​ရှိ​သည်​အ​တိုင်း ကျွေး​မွေး၍၊ လိ​မ္မာ​သော​လက်​နှင့် ပို့​ဆောင်​လေ၏။

ဖြောင့်​သော​သ​ဘော​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ပဲ့​ပြင်​တတ်၏။ ကောက်​သော​သ​ဘော​မူ​ကား၊ လွန်​ကျူး​သော​သူ​တို့​ကို ဖျက်​ဆီး​တတ်၏။

ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​လမ်း​သို့​လိုက်၍၊ သူ၏​သား​စဉ်​မြေး​ဆက်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍ ခြင်္သေ့​နှုတ်​ကို ပိတ်​ထား​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ခြင်္သေ့​ဘေး​နှင့် လွတ်​ပါ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့်​ရှေ့၌ အ​ကျွန်ုပ်​သည် အ​ပြစ်​ကင်း​ပါ၏။ ကိုယ်​တော်​မြတ်​ကို​လည်း အ​လျှင်း​မ​ပြစ်​မှား​ပါ​ဟု ပြန်​လျှောက်​လေ၏။

ငါ​တို့​ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ဟူ​မူ​ကား၊ လော​ကီ​ပ​ညာ​ကို အ​မှီ​မ​ပြု၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​မှီ​ပြု၍ လျစ်​လျူ​သော​စိတ်​နှင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော ကြည်​ဖြူ​ခြင်း​နှင့်​လည်း​ကောင်း၊ ငါ​တို့​သည် ဤ​လော​က၌ ကျင့်​ကြံ​ပြု​မူ၍ သင်​တို့​ဆီ​မှာ​လည်း ထို​သို့​အ​ထူး​သ​ဖြင့် ကျင့်​ကြံ​ပြု​မူ​သည်​ဟု ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​သည် သက်​သေ​ခံ​သ​တည်း။-

မိ​မိ​နိုင်​ငံ​တော်​နှင့် ဘုန်း​တော်​ထဲ​သို့၊ သင်​တို့​ကို ခေါ်​သွင်း​တော်​မူ​သော ဘု​ရား​သ​ခင်​နှင့် အ​ထိုက်​အ​လျောက် သင်​တို့​သည် ကျင့်​ဆောင်​စေ​ခြင်း​ငှာ၊ အ​ဘ​သည် မိ​မိ​သား​တို့​ကို ပြု​သ​ကဲ့​သို့ ငါ​တို့​သည် သင်​တို့​ရှိ​သ​မျှ​ကို အ​ဘယ်​သို့ တိုက်​တွန်း​သွေး​ဆောင်၍ မှာ​ထား​သည်​ကို သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ယုံ​ကြည်​ခြင်း​သို့​ရောက်​သော သင်​တို့​တွင် ငါ​တို့​သည် အ​ဘယ်​သို့ သန့်​ရှင်း​ဖြောင့်​မတ်​လျက်၊ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​လျက်​နေ​ကြ​သည်​ကို သင်​တို့​သည် သက်​သေ​ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည်​လည်း သက်​သေ​ဖြစ်​တော်​မူ၏။

ငါ​သည် ကဲ့​ရဲ့​သော​သူ၊ ညှဉ်း​ဆဲ​သော​သူ၊ ကြမ်း​ကြုတ်​သော​သူ ဖြစ်​ဖူး​သော်​လည်း၊ သ​စ္စာ​ရှိ​သော​သူ​ဟု ထို​သ​ခင်​သည် မှတ်၍၊ ဓ​မ္မ​ဆ​ရာ​အ​ရာ၌ ခန့်​ထား​တော်​မူ၏။ ထို​သို့​ငါ​ပြု​သော​အ​ခါ ယုံ​ခြင်း​မ​ရှိ၊ အ​မှန်​မ​သိ​ဘဲ ပြု​သော​ကြောင့်၊ က​ရု​ဏာ​တော်​ကို ငါ​ခံ​ရ​ပြီ။-

မြတ်​စွာ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ မြတ်​စွာ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် သိ​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​လည်း ကိုယ်​တိုင်​သိ​ရ​လိမ့်​မည်။ ပုန်​ကန်​မည်​အ​ကြံ၊ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​မည်​အ​ကြံ​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ မ​လိုက်​ဘဲ လွှဲ​သွား​ခြင်း​ငှာ ငါ​တို့​သည် ယဇ်​ပ​လ္လင်​ကို တည်​သည်​မှန်​လျှင်၊ ယ​နေ့ ဘေး​မ​လွတ်​ပါ​စေ​နှင့်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ