ထိုအခါ အဘိမလက်သည်၊ သိုး၊ နွား၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကိုယူ၍၊ အာဗြဟံအားပေးလေ၏။ မယားစာရာကိုလည်းပြန်ပေး၏။
ဖာရောဘုရင်သည် ထိုမိန်းမအတွက် အာဗြံ၌ကျေးဇူးပြုသဖြင့်၊ သူသည် သိုး၊ နွား၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်များနှင့်ကြွယ်ဝ၏။
အာဗြဟံက၊ ဤအရပ်သားတို့သည် ဘုရားသခင်ကိုမကြောက်၊ အကျွန်ုပ်၏မယားအတွက် အကျွန်ုပ်ကိုသတ်ကြလိမ့်မည်ဟု အကျွန်ုပ်ထင်သောကြောင့်၊ ထိုသို့ပြုမိပါပြီ။
ထိုအခါ မိမိမယားစာရာသည် မိမိနှမဖြစ်သည်ဟု၊ သူတစ်ပါးတို့အား အာဗြဟံဆိုသောကြောင့်၊ ဂေရာမင်းကြီးအဘိမလက်သည် မိမိလူကိုစေလွှတ်၍၊ စာရာကိုယူစေ၏။
ယခုမှာ၊ သူ၏မယားကို သူ့အားပြန်ပေးလော့။ သူသည် ပရောဖက်ဖြစ်၏။ သင့်အဖို့ဆုတောင်းလျှင်၊ သင်သည် အသက်ချမ်းသာရလိမ့်မည်။ ပြန်၍မပေးဘဲနေလျှင်၊ သင်မှစ၍၊ သင်နှင့်ဆိုင်သောသူအပေါင်းတို့သည် ဧကန်အမှန်သေမည်ဟု မိန့်တော်မူ၏။
ထိုရောအခါ၊ အဘိမလက်မင်းနှင့် ဗိုလ်ချုပ်မင်းဖိကောလတို့သည် အာဗြဟံကိုခေါ်၍၊ သင်သည်ပြုလေရာရာ၌ သင့်ဘက်မှာ ဘုရားသခင်ရှိတော်မူ၏။
သို့မဟုတ်မူကား၊ အကြင်ကျွန်က၊ ငါ့အရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သည်နှင့် ကျွန်ချင်း ယောက်ျားမိန်းမတို့ကို ရိုက်ပုတ်လျက်၊ စားသောက်ယစ်မူးလျက် နေ၏။-